• Create an account
    *
    *
    *
    *
    *
    Fields marked with an asterisk (*) are required.
You are here: Home

Welcome to Rainbow Colors Gay & Lesbian Magazine

Headline
  • Pause
  • Previous
  • Next
1/3
LGBT တွေနဲ့ပတ်သက်တဲ့ အကောင်းဆုံး ရုပ်မြင်သံကြားဆုကို MTV ဆွတ်ခူး

သက်တံ့အယ်ဒီတာအဖွဲ့။ July/28/2010

Vogue Evolution အဖွဲ့

အမေရိကန်အခြေစိုက် လိင်တူချစ်သူများ အခွင့်အရေးကို လုပ်ဆောင်နေတဲ့ GLAAD အဖွဲ့က နှစ်စဉ်နှစ်တိုင်း ချီးမြှင့်လျှက်ရှိတဲ့ လိင်တူချစ်သူများအပေါ် ခင်မင်ရင်းနှီးမှုအရှိဆုံး အမေရိကန် ရုပ်မြင်သံကြားဆုကို MTV က ဆွတ်ခူးရရှိသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ဆုပေးဖို့အတွက် ရွေးချယ်သတ်မှတ်တဲ့ စည်းကမ်းချက်တွေထဲမှာ ရုပ်မြင်သံကြားဌာနဟာ လိင်တူချစ်သူ (LGBT) တွေအပေါ် အကောင်းမြင်တဲ့ ရှုထောင့်ကနေပြီး ဘယ်လောက်အထိ အကောင်းဆုံး တင်ပြနိုင်သလဲဆိုတဲ့ အချက်တစ်ခုလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဆုပေးတဲ့အဖွဲ့က ရွေးချယ်တဲ့ စကာတင် ရုပ်သံဌာန ၁၀ခုထဲမှာ ၅ခုကတော့ နာမည်ကြီး ရုပ်သံဌာနတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ၅ခုထဲကမှ MTV က လိင်တူချစ်သူတွေအတွက် အကောင်းဆုံး အရည်အချင်း ပြည့်မှီတဲ့ ဖျော်ဖြေတင်ဆက်မှုများကို လုပ်ဆောင်ပေးနိုင်တဲ့ ရုပ်သံဌာနဖြင့် ရွေးချယ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

MTV ဟာ လိင်တူချစ်သူတွေရဲ့ ပုံရိပ်ကို အကောင်းမြင်တဲ့ ပုံရိပ်တွေအဖြစ် တင်ပြနိုင်ရုံသာမကပဲ လူနည်းစုတွေနဲ့ မတူကွဲပြားခြားနားတဲ့ လူမှုအသိုင်းအ၀ိုင်းရဲ့ ပုံရိပ်တွေကိုပါ အသားပေး တင်ပြနိုင်ခဲ့တဲ့ ရုပ်သံဌာနတစ်ခုဖြစ်တယ်လို့လည်း GLAAD အဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

GLAAD အဖွဲ့ရဲ့ ဥက္ကဌ ဒရက်ပါရီယိုက “GLAAD အနေနဲ့ အခုလို MTV ကို ဂုဏ်ပြုရတဲ့အတွက် အရမ်းကို ဂုဏ်ယူကျေနပ် မိပါတယ်။ MTV ရဲ့ လိင်တူချစ်သူတွေအပေါ်မှာ တရားမျှတစွာနဲ့ လိင်တူချစ်သူတွေရဲ့ ပုံရိပ်အမှန်ကို ဖော်ထုတ်တင်ပြပေးသွားနိုင်ခဲ့တဲ့ သူတို့ရဲ့ ခံယူချက် အပေါ်မှာလည်း ကျနော်တို့ အရမ်းလေးစားပါတယ်။ အထူးသဖြင့် The Real World နဲ့ America’s Best Dance Crew တို့လို ပရိဂရမ် မျိုးတွေဆိုလို့ရှိရင် လိင်တူချစ်သူတွေရဲ့ ပုံရိပ်အမှန်ကို အမေရိကန်ပြည်သူတွေ ပိုမိုနားလည် လက်ခံလာအောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်”လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

MTV အပြင် လိင်တူချစ်သူတွေအပေါ်မှာ ရင်းနှီးဖော်ရွေတဲ့ တခြားရုပ်သံဌာနတွေကတော့ The CW (Gossip Girl ကိုတင်ပြခဲ့တဲ့ ရုပ်သံဌာန), Fox ရုပ်သံဌာန , ABC ရုပ်သံဌာနတို့ပဲဖြစ်ပါတယ်။

ဒီနှစ် ၂၀၁၀ခုနှစ် MTV ကနေ ထုတ်လွှင့်တဲ့ Best Dance Crew ပရိကရမ်မှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ Vogue Evolution အဖွဲ့မှာဆိုလို့ရှိရင် ကနွဲ့ကလျှ လိင်တူချစ်သူ အမျိုးသား ၄ယောက်နဲ့ ဆန့်ကျင်ဖက်လိင်လို ခွဲစိတ်ပြီးတဲ့ အမျိုးသားတယောက်တို့က ပါဝင်ဖွဲ့စည်းထားတဲ့ ပြိုင်ပွဲဝင် အကဖွဲ့ဟာ ဆိုလို့ရှိရင် အခုချိန်မှာ အတော်လေးကို ရေပန်းစားလူကြိုက်များနေတဲ့ အကဖွဲ့ တစ်ဖွဲ့ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

တကယ်လို့ သူတို့တွေရဲ့ အကအလှတွေကို ရှုစားချင်တယ်ဆိုရင်တော့ youtube.com မှာ ရှုစားနိုင်ပါတယ်။

Source: http://www.pinknews.co.uk

Read more
 
 
General Knowledge
မြန်မာနိုင်ငံနှင့် လိင်တူချစ်သူ လူဦးရေ မြန်မာနိုင်ငံနှင့် လိင်တူချစ်သူ လူဦးရေ ဘယ်နိုင်ငံမှာမဆို လူဦးရေ ကိန်းဂဏန်း အတိအကျသိရဖို့ အရေးကြီးပါတယ်။ လူအများစုနဲ့ သက်ဆိုင်တဲ့ စီမံကိန်းတွေ၊ ...
 
Entertainment
Jihad for Love Jihad for Love ဇာတ်လမ်းနာမည် - Jihad for Love ဒါရိုက်တာ - Parvez Sharma ထုတ်လုပ်သူ - Sandi Simcha DuBowski, Parvez Sharma ထုတ်လုပ်သည့်နိုင်ငံ - (U.S.) ကြာမြင့်ချိန် - 81 min ဘာ...
 
Editorial
အယ်ဒီတာထံသို့ ပေးစာ (၁) အယ်ဒီတာထံသို့ ပေးစာ (၁) ဒီဆောင်းပါးလေးကို လွန်ခဲ့တဲ့နှစ်က အွန်လိုင်းပေါ်ကနေသိခဲ့ရတဲ့ မြန်မာနိုင်ငံက လူငယ်လေးတယောက် ပေးပို့ထားခဲ...
   

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More

Polls

ဘယ်လိုသဘောရပါသလဲ?