
“ငယ်”လို့ ရင်ထဲမှာ တိုးတိုးတိတ်တိတ်ခေါ်ရင်း ကျတော် ရင်မောခဲ့ရတာ အခါခါပေါ့။ ကလေးတစ်ယောက်လို ပေါ့ပါး ဖျက်လတ်စွာ ကစားတတ်တဲ့ သူမကိုကျတော် စတွေ့ချိန်မှာ အလွန်ရိုးစင်းလှတဲ့ မျက်နှာလေးရယ်၊ ဖြူစင်တဲ့အပြုံးတွေကြောင့် ကျတော်မိန်းမောခဲ့ရပါတယ်။ ကျတော်အချိန်ပေါင်းများစွာ လမ်းခု လပ်မှာတွေဝေခဲ့ရတာလည်း သူမကြောင့်ပေါ့။ တိုးတိုးတိတ်တိတ် ရင်ခုန်ခဲ့ရပေမယ့် ကျတော်ဟာ ယောကျာင်္းစင်စစ်တစ်ယောက် မဟုတ်မှန်း သူမ သိခဲ့ရင် ကျတော့ကို ကြည်ဖြူစွာ လက်ခံနိုင်ပါ့မလား။
ကျတော့်အိမ်မက်တွေကို အစပျိုးတဲ့အချိန်မှာ ကဗျာမဆန် မဟာမဆန်လှပေမဲ့ ရင်ခုန်စရာတော့ကောင်းသား။ အမှန်တကယ် သူမဟာ ရိုးစင်းသလောက် ဂျစ်တစ်တစ် ဂျစ်ကန်ကန်နိုင်လွန်း လှတယ်။ အတ္တကြီးတယ်။ သူမနဲ့မတွေ့ခင် ကောင်မလေးတစ်ယောက်နဲ့ ကျတော်ရင်ခုန်ခဲ့မိပါရဲ့။ ဒါပေမယ့် ဘာကြောင့်မှန်းတော့မသိဘူး။ အဲ့ဒီရင်ခုန်သံဟာ ရိုးစင်းတဲ့သူမရဲ့မျက်နှာကို ဘယ်လိုမှ အနိုင်မယူနိုင်ခဲ့ဘူး။ ကျတော်သူမကို စွဲစွဲလမ်းလမ်း ချစ်နေခဲ့မိပါပြီ။ ဒါကိုသူမ သိမှသိပါလေစ။
အရာရာအားလုံးကို အနိုင်ရချင်တဲ့ သူမရှေ့မှာ ကျတော်အရှုံး တွေနဲ့ သူမဘ၀ထဲကို မိုက်ရူးရဲဆန်စွာဝင်ခဲ့မိတယ်။ ကျတော်သူမကို ချစ်လို့ပါ။ သူမအကြောင်းကို ရေရေရာရာ ဂဂနနမသိဘဲနဲ့ သူမကိုကျတော်ချစ်ခွင့်ပန်ခဲ့တယ်။ သူမဟာကျတော်ထင်ထားတာ ထက်ကို ရဲတင်းမှန်း ကျတော်ကြောက်လန့်စွာနဲ့ အစဦးမှာဘဲ တုန် လှုပ်အံ့သြမှင်တက်ခဲ့မိပါရဲ့။ သူမဟာအပျိုမဟုတ်မှန်း ကျတော်သိခဲ့ ရတဲ့အချိန်မှာ ကျတော်နောက်ဆုတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့အချဉ်းးအနှီးပါဘဲ။ မင်းကိုယ့်ကိုချစ်ရင် တချက်လောက် “နမ်း”စမ်းပါလို့ ကျတော်တောင်းဆိုတဲ့အချိန် နွေးထွေးမှု မပါတဲ့ ပထမဆုံး သူမရဲ့အနမ်းကို ကျတော်ရခဲ့ပါတယ်။ အဲ့ဒီအနမ်းတွေဟာ ကျန်စစ်မင်းကျောက်တိုင်ထက်၊ အလောင်းတရားမှတ်ကျောက်ထက် ကျတော့်ရင်ထဲက မှတ်ကျောက်ဟာ ပိုပြီးခိုင်ခံ့လိမ့်မယ်လို့ ကျတော် ယုံကြည်ပါတယ်။
သူမဟာ သူမရဲ့ရိုးစင်းလှတဲ့မျက်နှာနဲ့ မလိုက်ဖက်အောင် အရမ်းကိုဆိုးသွမ်းခဲ့ဘူးတဲ့သူပေါ့။ ကျတော့ကိုလည်း အလိမ်အညာ တွေ ပလိပလာတွေနဲ့ ချစ်ခဲ့တယ်။ မိန်းကလေးအချင်းချင်းဘဲဆိုပြီး ကျတော့ရဲ့အချစ်တွေကို မျက်ကွယ်ပြုခဲ့တယ်။ ဒါပေမယ့် ကျတော် ခွင့်လွှတ်နိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက ကိုယ် ခြေထောက်ပေါ်ကိုယ်ရပ် ကိုယ့်ဘ၀ကိုကျောင်းခဲ့ရတဲ့ မိန်းကလေး တစ်ယောက်ဖြစ်ခဲ့ဘူးသလို အမိအဖ ညီအကိုမောင်နှမတွေရဲ့ မေတ္တာတရားတွေနဲ့ လုံးဝမနီးစပ်ခဲ့တဲ့ဘ၀မှာ ခုလိုလူ့လောက အလယ်ထဲ ခေါင်းမော့ရင်ကော့ပြီး သူမဆက်လက် ရှင်သန်နေနိုင် သေးလို့ပေါ့။ သူမဟာ ဘ၀မှာအရုံးတွေကိုအပြုံးနဲ့ဖြေပြီး ဘာဆို ဘာမှ အစွန်းအမြတ်ရခဲ့သူမဟုတ်ပေမဲ့ အပြုံးမပြက်ဘူး။ သူမက အဲ လောက်အထိတောင် ပေါ့ပျတ်ပျတ် နေနိုင်လွန်းတဲ့သူဖြစ်ပေမဲ့ ကျတော်သူမကိုလုံးဝ ခွဲမရခဲ့ဘူး။

တယောက်ပေါ်တယောက် ယုံကြည်မှုတွေတည်ဆောက်ဖို့ ကြိုးစားနေချိန်မှာ ကျတော်သူမကိုလုံးဝခွဲမရလောက်အောင် ချစ်ခဲ့ ပါပြီ။ မိုးရေထဲသွားရတာကို နှစ်သက်တဲ့သူမကြောင့် မိုးမိပြီးအဖျား ၀င်ခဲ့ရတဲ့ နေ့ရက်တွေလည်း မရေမတွက်နိုင်အောင်ပါဘဲ။ မိုးဖွဲဖွဲလေးတွေ ညနေဆည်းဆာတွေအောက်မှာ ဆိုင်ကယ်လေး ဖြေးညင်းစွာမောင်းပြီး သူမကို အလိုလိုက်ခဲ့ရတာလည်း မမောနိုင်မပန်းနိုင်ပါဘဲ။ သည်းထန်စွာရွာတဲ့ မိုးတွေအောက်မှာလည်း သူမလက်ကိုဆွဲပြီး မိုးရေလေးထဲ ပြေးလွှားဆော့ကစားခဲ့ရတာလည်း သူမအကြိုက်တွေပေါ့။ အနာဂတ်ဆိုတာကိုလည်း မစဉ်းစား အတိတ်ဆိုတာကိုလည်းမတွေး ပစ္စုပ္ပန်မှာဘဲ ရှင်သန်နေတဲ့သူမကို ကျတော်ဘယ်လိုမှဖြောင်းဖျလို့ မရ။
သူမကတော့ ကျတော်ကို "မောင်" လို့ခေါ်ခဲ့တယ်။ ရည်းစား တွေ ပရပွထားခဲ့ဘူးတဲ့သူမ၊ ယောကျာင်္းလေးတွေနဲ့ မကင်းတဲ့သူမ အရာရာကိုဘာဆိုဘာမှ မစဉ်းစားတဲ့သူမကို ကျတော်ချစ်ခဲ့ ပိုင်ဆိုင် ခဲ့ရတဲ့ ရလဒ်ကတော့ အပေါင်းအသင်းတွေကြား၊ လုပ်ဖော်ကိုင်ဖက် တွေကြားမှာ မျက်နှာငြိုးငယ်စွာနဲ့ ရှင်သန်နေခဲ့ရသူ၊ မိတ်ဟောင်း ဆွေဟောင်းတွေနဲ့ လဲခဲ့ရတာပေါ့။ ဘာလို့လည်းဆိုတော့ ကျတော် သူမကိုမှ မပြတ်နိုင်ခဲ့တာလေ။
ခုတော့လည်း မိန်းကလေးခြင်းဆိုပေမယ့် ကျတော်သူမလက်ကို ရဲရဲတွဲပြီး တမိုးအောက်မှာ အတူရှင်သန်နိုင်အောင်ကြိုးစားနေမိတယ်။ အလိမ်အညာတွေ ပလိပလာတွေနဲ့ သူမကျတော်ကိုချစ်ခဲ့ပေမယ့် ကျတော် သူမအချစ်ကို ယုံကြည်လိုက်ပါပြီ။ ကျတော်ရင်နာစွာနဲ့ ဆက်ကြည့်နေတဲ့သူကတော့ "မင်းဟာဘ၀မှန်ကိုမှ လက်မခံဘဲလို့” ပစ်ပစ်ခါခါ ရှုံ့ချခဲ့သူပေါ့။ ဒါပေမဲ့ ကျတော်ကိုရဲဝံ့စွာချစ်ရဲတဲ့ သတ္တိရှိ ခဲ့တဲ့သူမကို ကျတော်ကျေးဇူးတင်မိတယ်။ ကျတော်သူမနဲ့ ကျတော့်ကို နားလည်မှုမပေးနိုင်တဲ့ အပေါင်းအသင်းတွေကို လဲလိုက်မိတာ မှားများနေပြီလား။ ဒါမှမဟုတ်…….
အရိုင်းပန်း
1, 11, 2009
| Comments |
|
|
||||||||
|
||||||||
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.