ယောက်ျားဝတ် ဘောင်းဘီရှည်ဝတ်ချင်ဝတ်ထားမယ်၊ ဒါမှမဟုတ်လည်း ပုဆိုးကိုဝတ်ချင်ဝတ်ထားမယ်၊ မျက်နှာက တကယ့်ယောက်ျားလေးလိုပါပဲ့၊ ကျားကျားလျားလျား ကြမ်းကြမ်း တမ်းတမ်းပဲ၊
ဒါဆိုရင်ကျွန်မတို့ ဒီအမျိုးသမီးကို ‘ယောက်ျားလျာ’ လို့သတ်မှတ်လိုက်တာများပါတယ်၊ သူ့ရဲ့ယောက်ျားဆန်တဲ့ သွင်ပြင်က ဘာကို ဖော်ပြနေသလဲဆိုရင် သူ့ရဲ့ခန္ဓာကိုယ်မှာ ယောက်ျားဟိုမုန်းဓာတ်တွေလွန်ကဲ ကြီးထွား နေတယ်ဆိုတာကိုပြနေတာပါ၊ သူ့ရဲ့သဘောက သူမရဲ့ခန္ဓာကိုယ်ကတော့ မိန်းမခန္ဓာကိုယ်ပါပဲ၊ ဒါပေမယ့် သူမရဲ့ခန္ဓာကိုယ်အတွင်းပိုင်းက ဟိုမုန်းဓာတ်တွေက နောက်ထပ်မိန်းမတစ်ဦးကိုသာ စိတ်ဝင်စားလာစေဖို့ လှုံ့ဆော်ပေးနေပါတယ်၊
ဒီနေရာမှာ သူမဟာယောက်ျားတစ်ဦးဖြစ်ချင် လာတယ်လို့တော့ ကျွန်မ မပြောချင်ပါဘူး၊ ယောက်ျားဆန်တာတွေဟာ အများအားဖြင့် သူ့ဘာသာသူ ဖြစ်ပေါ်လာတဲ့အရာတွေ မဟုတ်ပါဘူး၊ သဘောက ယောက်ျားဖြစ်မှ ယောက်ျားရဲ့ခန္ဓာကိုယ် ဖွဲဏ္ဍစည်းပုံသဏ္ဍာန်ရှိတဲ့အတွက် သူ့ ကိုယောက်ျားလို့ ပထမသတ်မှတ်ခေါ်ဝေါ်ကြပါတယ်၊
နောက်တော့ ယောက်ျားမှန်ရင် ဘယ်လို ပြုမူနေထိုင်ရမယ်။ ဘာလုပ်ရမလဲဆိုတာတွေက လူ့အဖွဲ့အစည်းထဲမှာ ကြိုတင်ရှိနေပြီးသားပါ၊ ဒီတော့ ယောက်ျားတစ်ယောက်ဟာ မွေးလာပြီးချင်း အဲဒီလိုကြိုတည်ရှိနေတဲ့ ယောက်ျားဆန်မှု။ ယောက်ျားသဘာဝတွေအတိုင်း လေ့ကျင့်ပျိုးထောင်ခံရသလို။ သူကိုယ်တိုင်လည်း သင်ယူတော့တယ်၊ ဒီတော့ နောက်ထပ်မိန်းမတစ်ဦးကို ချစ်ချင်တဲ့ဟိုမုန်းဓာတ်တွေ ဒါမှမဟုတ်လည်း စိတ်သဘာဝရှိတဲ့ မိန်းမတစ်ဦးက ဘာလုပ်ရမလဲ၊ ကျိန်းသေပါတယ်၊ သူမဟာ ယောက်ျားဆန်မ့တွေကို မသိမသာ သင်ယူလာရတာပဲ၊
ဒီအမျိုးသမီးတွေက သူတို့ရဲ့လိင်တူ စိတ်ဝင်စားမ့ သဘာဝကြောင့် ယောက်ျားကို တုပလာခြင်းမျိုးသာဖြစ်တယ်၊ လူ့အဖွဲ့အစည်းထဲမှာက ပြဌာန်းချက်တွေကလည်း ကြိုရှိနေပြီကိုး၊ ဥပမာ ယောက်ျားမှ မိန်းမကိုချစ်ရမယ်ဆိုတဲ့ သဘောမျိုးတွေပေါ့လေ၊ ဒီတော့ သူတို့ဟာ ယောက်ျားဆန်မှုက်ု သင်ယူရင်း တဖြည်းဖြည်းယောက်ျားဆန်လာတာပါပဲ၊ သူတို့ကိုတော့ ယောက်ျားလျာ လို့ခေါ်ပါတယ်၊ ဒီတော့ ယေဘူယျစကားတစ်ခွန်းကို သုံရရင်တော့ မိန်းမဖြစ်ပေမယ့်လည်း မိန်းမကိုသာ သဘောကျနှစ်ခြိုက်တဲ့သဘော အပြည့်ရှိနေတဲ့အတွက် ယောက်ျားစိတ်ဝင်နေတယ်လို့သုံးလိုက်ကြတာ မျိုးလို့ ပဲဆိုရပါမယ်၊ ဆေးပညာရှင်တွေ။ ခခန္ဓာဗေဒ ပညာရှင်တွေရဲ့ အထောက်အပံ့ကြောင့် သူတို့ကိုဘယ်သူကမှ စံလွဲပုဂ္ဂိုလ်တွေလို့ ယနေ့ခေတ်မှာ မထင်ကြတော့ပါဘူး၊ တစ်နည်းအားဖြင့် ယခင်ကစိတ်နဲ့ပက်သက်တဲ့ပညာရှင်အမျိုးမျိုးတို့ရဲ့အဆိုတွေဟာ ပိုပြီးသိပ္ပံနည်းကျတဲ့ ဇီဝဗေဒပညာရှင်တွေ။ ဆေးပညာရှင်တွေရဲ့ တင်ပြဖော်ထုတ်မှုကြောင့် ပြိုကွဲသွားရပါပြီ၊ စံလွဲပုဂ္ဂိုလ်တွေလို့ အတင်းသတ်မှတ်ပြဌာန်းမှုတွေဟာ မမှန်ကန်တော့ဘူးလို့ဆိုရပါမယ်၊
တချို့ယောက်ျားတွေဟာ မိန်းမဆန်တဲ့လက္ခဏာနဲ့ နွဲ့နွဲ့ပြောင်းပြောင်းဖြစ်နေကြတယ်၊ သဘောက သူတို့ရဲ့ယောက်ျားဖြစ်မှု (maleness) ဟာနှောင့်နှေးနေတဲ့အတွက် ဖြစ်တယ်၊ ဒီလိုပဲ တချို့မိန်းကလေးတွေဟာလည်း မိန်းမတစ်ယောက်လို ပျော့ပျော့ပြောင်းပြောင်း မရှိတာကိုတွေ့ရမယ်၊ အထူးသဖြင့် အပျိုဖော်မ၀င်ခင်။ မ-သဘာဝဖွံ့ဖြိုးတိုးတက်မှု မရှိခင်မှာ အားကစားလိုက်စားသူ မိန်းကလေးတွေထဲမှာ တွေ့ရမှာဖြစ်တယ်၊ သူတို့ရဲ့ပုံသဏ္ဍာန်တွေဟာ အနည်းငယ်တုတ်ခိုင်ပြီး မာကျောနေမှာပါ၊ အဲဒီမှာ ကျမတို့သတိထားမိတာက ယောက်ျားဆန်မှု။ မိန်းမဆန်မှုဆိုတာ ယောက်ျားတစ်ယောက်အတွက် သက်သက်။ မိန်းမအတွက်သက်သက်စီဖြစ်နေ ကြတာမျိုးမဟုတ်ဘူးဆိုတာပါ၊ ယောက်ျား။ မိန်းမ နှစ်မျိုးစလုံးမှာ ဘယ်သူ့ထံမှာမဆို ယောက်ျားဆန်မှု။ မိန်းမဆန်မှု နှစ်ခုစလုံးရှိနေနိုင်ပါသေးတယ်၊ အဓိက သူတို့ရဲ့လိင်အရ ယောက်ျားတစ်ယောက်ရဲ့အပြုအမူ။ မိန်းမ တစ်ယောက်ရဲ့အပြုအမူ ဆိုတာ ဖြစ်လာတာမျိုးမဟုတ်ဘူး ဆိုတာပါပဲ၊ တစ်နည်းအားဖြင့် ယောက်ျားဆန်မှု။ မိန်းမဆန်မှု ဆိုတာတွေဟာ သူတို့ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ကနေ ဘယ်လိုနေ။ ဘယ်လိုထိုင်ရမယ်ဆိုတာကို သတ်မှတ်ထားကြရင်းကနေ ဖြစ်လာတာဆိုတဲ့ သဘောဟာ ပိုပြီးပေါ်လွင်လာပါတယ်၊
ဥပမာအားဖြင့် ယောက်ျားဆိုရင် ဖျတ်ဖျတ်လတ်လတ် ကြမ်းကြမ်းတမ်းတမ်းရှိရမယ်ဆိုတဲ့သဘောကြောင့် ယောက်ျားကလေးများဟာ အဲဒီအတိုင်းနေထိုင်ခွင့်ရပြီး အဲဒီလိုဘဲ့ဖြစ်ပါတယ်၊ ဒါပေမယ့် မ-ဖြစ်မှု မဖွံဏ္ဍဖြိုးခင် မိန်းကလေးဟာ ယောက်ျားအားကစားတွေလုပ်တဲ့အခါမှာ ကျားကျားလျားလျားနဲ့ ယောက်ျားဆန်လာခဲ့ပါတယ်၊ ဒါမှမဟုတ်ရင် မိဘတွေက သင်ကြားလေ့ကျင့်မှုထဲက အတိုင်းလိုက်နေရပြီး သွဲ့သွဲ့ပြောင်းပြောင်းဖြစ်လာပါမယ်၊ ယောက်ျားဆန်တယ်တို့။ ယောက်ျားပီသတယ်လို့။ ယောက်ျားဆိုတာဘယ်လို။ ဘယ်ဝါပဲ ဆိုတာတွေဟာ သူ့သဘာဝအားဖြင့်ကို အလိုလို ဖြစ်နေတာတွေ မဟုတ်ပါဘူး၊ အဲဒီလိုထင်မြင်မှုတွေ အားလုံးမှားတယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး၊ အဲဒီလို ယောက်ျားဆန်မှု အဖြစ်သတ်မှတ် ထားတာတွေထဲက အများစုဟာ လူ့မှုအဖွဲ့အစည်းက သူတို့ရဲ့အမြင်အရ ပြဌာန်းလေ့ကျင့်ပေးထားတာသာဖြစ်ပါတယ်၊
ယောက်ျားဖြစ်တယ်ဆိုတာ ကျားလိင်အင်္ဂါပါဝင်တာမျိုးဖြစ်တဲ့ ကျားဖြစ်မှု။ မိန်းမဖြစ်တယ်ဆိုတာလည်း မ-အင်္ဂါ ရှိတာပဲဆိုတဲ့ မ-ဖြစ်မှု ဆိုတဲ့ အသေသတ်မှတ်ချက်ကို ဆုတ်ကိုင်ထားလို့ မရတော့ပါဘူး၊ သက်ဆိုင်ရာလိင်အင်္ဂါနဲ့ နောက်ဆုံးခန္ဓာ ကိုယ်အချိုးအဆစ် လောက်ကိုသာကြည့်ပြီး ပြောလို့မရနိုင်တော့တဲ့ ခေတ်အခြေအနေကိုရောက်လာလို့ပါပဲ၊ ခေတ်အခြေအနေလို့ ကျွန်မသုံးစွဲလိုက်ပါတယ်။ ဟုတ်ပါတယ်၊ ကျွန်မတို့ရဲ့ခေတ်က နည်းပညာတိုးတက်ပြီး ပြောင်းလဲနေတဲ့ခေတ်ပါ၊ ဆေးပညာတိုးတက်ဖွံ့ဖြိုးမှုက အဲဒီလို လိင်အသေခွဲခြားသတ်မှတ်တဲ့ အနေအထားကို ပယ်ဖျက်ပေးလိုက်တဲ့အခါ အဓိကအကျဆုံး ဆိုရင်မမှားနိုင်ပါဘူး၊
အမျိုးသမီးတစ်ယောက်အကြောင်းပြောပါမယ်၊ ထားပါတော့။ အဆိုပါအမျိုးသမီးတစ်ဦးဟာ အခြားအမျိုးသမီးတစ်ယောက်ကို ချစ်ကြိုက်သွားမိပါတယ်၊ ထူးတော့ထူးဆန်းတဲ့ကိစ္စပါဘဲ့၊ မ ဖြစ်သင့်ဘူးလို့လည်း လူတချို့ကပြောကြမှာပါ၊ တချို့က မဖြစ်နိုင်ဘူးလို့ သံသယရှိကြပါလိမ့်မယ်၊ ဒီတော့ အဆိုပါအမျိုးသမီးဟာ သူ့ချစ်တဲ့အမျိုးသမီးနဲ့ အတူနေနိုင်ဖို့ အပြင်းအထန်ကြိုးစားပါတယ်၊ အဲ့ဒီအမျိုးသမီးသူမကို ပြန်ချစ်လာဖို့။ နောက်တော့လက်ထပ်ပြီးတရား ၀င်အတူနေနိုင်ဖို့ပေါ့၊ ဒါပေမယ့် သူမရဲ့အားထုတ်မှု မအောင်မြင်ခဲ့ပါဘူး၊ ဘာကြောင့်မအောင်မြင်ခဲ့ပါသလဲဆိုတော့ တရားဥပဒေကြောင့်ပါလို့ ဆိုရပါမယ်၊ အကြောင်းကတော့ သူမနေထိုင်တဲ့ လူ့အဖွဲ့အစည်းက ဒါကိုတရားဝင်ခွင့်မပြုလို့ပဲဆိုပါစို့၊ ဥပမာအားဖြင့် ၁၉ ရာစုနှောင်းနဲ့ ၂၀ ရာစုအစောပိုင်း ကာလလောက်က အမေရိကန်အမျိုးသမီးတစ်ဦးပေါ့လေ၊ သူမကလည်း အထက်ပါအမျိုးသမီးတစ်ဦးလိုပဲ အခြားမိန်းမတစ်ဦးကို ချစ်မိသွားပြီဆိုပါစို့၊ ဘာလုပ်မလဲ တရားဝင်အတူနေထိုင်ခွင့်ရအောင်။ နောက်သူတို့အဖွဲ့အစည်းထဲက သက်ဆိုင်ရာလူအများစုကလည်း ဒီလိုနေထိုင်မှုအပေါ်မှာ လက်ခံလာအောင် ဘာလုပ်မလဲ၊ သေချာတာကတော့ ၂၀ ရာစုအစောပိုင်းက ၄င်း အမေရိကန်အမျိုးသမီးလည်း ဘာမှလုပ်လို့မရဘူးဆိုတာပဲ၊ လက်လျော့လိုက်ရုံကလွဲပြီး သူမဟာ သူ့ရဲ့အဖွဲ့အစည်းကိုရော။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ တရားဥပဒေကိုရော ရင်ဆိုင်ဖို့ မရတာသေချာပါတယ်၊ ၄င်းလူ့အဖွဲ့အစည်းကြီးရဲ့ ရပ်တည်ဆဲအနေအထားများအရ သူမကိုပစ်ပယ်မခံရဖို့ငှာ ရှေ့ဆက်မတိုးသင့်ဘူးလို့ ကျွန်မအကြံအဥာဏ်ပေးလိုက်မှာပါ။ ဒါပေမယ့် ဟင်လင်ဒူး(စ်) ဆိုတဲ့ အမျိုးသမီးကတော့ နှစ်အနည်းအငယ်ကြာမှာ အဲဒီလိုလုပ်နိုင်ခဲ့တယ်ဆိုပါတော့၊ ဘာကြောင့်ပါလဲ၊ ဘာကြောင့်လို့ကျွန်မတို့သုံးသပ်ရမလဲ၊ ဥပဒေအရ တရားဝင်နေခွင့်ပြုလိုက်တဲ့အတွက်လား၊ မဟုတ်သေးပါဘူး၊ အဲဒီအချိန်ကာလက အခုလိုမျိုးတော့ မဟုတ်သေးဘူး၊ နဲနဲစောနေသေးတယ်၊ အခုအချိန်မှာသာ တစ်ချို့နိုင်ငံတွေ။ တချို့နိုင်ငံတွေထဲက ပြည်နယ်တွေမှာ ကန့်သတ်ချက်နဲ့ ခွင့်ပြုတာမျိုးတွေရှိတာပါ၊ ဟင်လင်ဒူး(စ်) တို့ခေတ်က ကျွန်မအထင် နဲနဲစောပါဦးမယ်၊ ဒါကိုတခြားဘာအကြောင်း များပါလိမ့်လို့မေးရပါလိမ့်မယ်၊ တစ်နည်းအားဖြင့် ယခင်က လုပ်ခဲ့တဲ့အလုပ်ကို အမှားကနေ။ ချက်ချင်းအမှန်လို ဖြစ်သွားအောင်လုပ်ပေးလိုက်တဲ့ အရာကဘာလဲ၊ လူတစ်ယောက်ရဲ့ လုပ်ချင်စိတ်နဲ့ လုပ်ပိုင်ခွင့်ကို မူလရှိရင်းစွဲထက် ချဲ့ထွင်လာတာဟာဘာလဲ ၊ လို့မေးရမှာပါ၊
အဓိကအကြောင်းကတော့ ‘အသိပညာ’ လို့ကျွန်မဆိုချင်ပါတယ်၊ ဆေးပညာရပ် ဖွံ့ဖြိုးတိုးတက်လာတဲ့အတွက် ဟင်လင်ဒူးတစ်ယောက် အဲဒီလိုလုပ်နိုင်ခဲ့တာပါ၊ တစ်နည်းအားဖြင့် အသိပညာနယ်ပယ်ဟာ ပိုမိုတိုးတက်ကျယ်ဝန်းလာတဲ့ အတွက်ပေါ့လို့ဆိုရမှာပါပဲ၊ တရားဥပဒေတွေ။ လူတွေရဲ့အသိအမြင်တွေဟာ အဲဒီလိုအသိပညာနယ်ပယ် ပညာရပ်နယ်ပယ်တွေကို အခြေခံတည်ဆောက်ထားတာပါ၊ မိန်းမချင်း ချစ်ကြိုက်တဲ့သူကို ၁၉ ရာစုအစမှာ ဖွ့ဖြိုးတိုးတက်ခဲ့တဲ့ စိတ်ပညာက ‘စံလွဲ’ ကိစ္စအဖြစ် ဖော်ပြလိုက်ပြီးတဲ့နောက်မှာ လူတွေ။ ဥပဒေတွေရဲ့ အဲဒီလို ဖြစ်ရပ်ပေါ်သတ်မှတ်ပြဠာန်းပုံပြောင်းသွားပါတယ်၊ မကောင်းမှု မဖြစ်သင့်တဲ့ကိစ္စလို့ မြင်လာကြတာမျိုးပါ၊ တကယ်တော့ ဟင်လင်ဒူး(စ်)ဟာ ‘hermaphrodite’ လို့ခေါ်တဲ့ ယောက်ျားလိင်အင်္ဂါရော။ မိန်းမလိင်အင်္ဂါ နှစ်ခုစလုံးပါတဲ့ သူဖြစ်တယ်ဆိုတာရှိလာလို့ပါပဲ၊ လိင်အင်္ဂါနှစ်ခုစလုံးပါတယ်ဆိုတာ ပုံသဏ္ဍာန်အမျိုးမျိုးရှိပါတယ်၊ ယေဘာယျအားဖြင့် တစ်ခုကထင်သာပြီး တစ်ခုကခန္ဓာကိုယ်အတွင်းပိုင်း စနစ်ထဲမှာ သာရှိနေတာများပါတယ်၊ ဒီအခါမှာတော့ ဟင်လင်ဒူး(စ်)ကို ခွဲစိတ်ပြုပြင်လိုက်ကြပါတော့တယ်၊ ဟင်လင်ဒူး(စ်)ဟာ ယောက်ျားဖြစ်သွားပြီပေါ့လေ၊ တကယ်တမ်းသာဆိုရမယ်ဆိုရင် သူကနဂိုကတည်းက ယောက်ျားပါပဲ၊
ယောက်ျားဆိုတဲ့ပညတ်ချက် သက်သက်တွေကို မကြည့်တတ်ရင်တော့ သူ့ကိုနဂိုကတည်းက ကျွန်မတို့က ယောက်ျားလို့မြင်နိုင်ပါတယ်၊ ယောက်ျားအဖြစ် ပြောင်းလဲသွားပြီး သူချစ်ကြိုက်ခဲ့တဲ့ အမျိုးသမီးနဲ့ပေါင်းပြီး ပျော်ရွှင်စွာနေသွားလေသတည်း လို့ပဲဆိုရပါမယ်၊ ကျွန်မတို့ လူ့အဖွဲ့အစည်းထဲမှာရော ဟယ်လင်ဒူး(စ်)လို အမျိုးသမီးမျိုး ဘယ်လောက်များများ ရှိနေပါသလဲ၊ ဒါမှမဟုတ် ဇီဝပိုင်းအရ မရှိခဲ့ရင် စိတ်ပိုင်းအရပဲ ဒူးစ်လို အမျိုးသမီးတွေရော ဘယ်လောက်များများရှိပါသလဲ၊ သူတို့တစ်တွေ ပြုမူလုပ်ကိုင် ကြတဲ့အခါ ဖြစ်ပေါ်နေတဲ့ အမှန်။ အမှားတွေ။ အထင်သေးခံရခြင်း။ အထင်ကြီးခံရခြင်းတွေကိုရော ဘယ်အရာတွေကများ အဓိကပံ့ပိုးနေပါသလဲ၊ ကျွန်မတို့အတွက်တော့ မိန်းမလျာ။ ယောက်ျားလျာများနဲ့ ပက်သက်တဲ့ မေးခွန်းတွေက မဆုံးနိုင်အောင်ရှိပါတယ်၊ ဒါပေမယ့် အရေးကြီးတာက သူတို့နဲ့ပက်သက်တဲ့ မေးခွန်းတွေဟာ လူ့အဖွဲ့အစည်းရဲ့ ပင်လယ်သမုဒ္ဒရာအထက်ကို တက်လာဖို့တော့ အရေးကြီးလှပါတယ်၊
အိအိခင် (နည်းပညာတက္ကသိုလ်)idea. SEPTEMBER. 2006
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.