You are here: Home သတင်းဆောင်းပါး Feature နောင်ဘဝဆိုတာ ရှိခဲ့ရင်

နောင်ဘဝဆိုတာ ရှိခဲ့ရင်

E-mail Print PDF

လူပေါင်းများစွာသွားလာနေတဲ့ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းက လမ်းမကြီးပေါ်မှာ အဖြူရောင် အင်္ကျီနဲ့ ဂါဝန်ရှည် ၀တ်ဆင်ထားပြီး မျက်နှာတခုလုံး မိတ်ကပ်တွေခြယ်သထားတဲ့ အမျိုးသမီး တဦးက သူ့ရဲ့ နို့နှစ်ရောင် စလင်းဘက်အိတ်ထဲက အနက်ရောင်ခြောက်လုံးပြူးသေနတ်ကို ဖြည်းညင်းစွာ ထုတ်လိုက်တယ်။ သေနတ်ကို ကိုင်ပြီး ပတ်ဝန်းကျင်ကို ဝေ့၀ဲကြည့်လိုက်တယ်။ ပြီးတော့ သေနတ်ကို သူ့ရင်ခွင်ဆီချိန်လိုက်ပြီး မျက်နှာမှာ ကြေကွဲမှုအပြည့်နဲ့ နှုတ်ခမ်းဆီကတုန်ရီအက်ကွဲတဲ့ စကားသံတွေ ထွက်ပေါ်လာတယ်။

ကိုကို၊ တို့နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ပြီးသွားပြီလား။ ကိုကို တို့ကို ဆက်မချစ်နိုင်ရင် တို့ဘ၀ကို သတ်သေလိုက်မယ်။ တို့ကိုခွင့်လွှတ်ပါ ကိုကိုရယ်ဆိုတဲ့ စကားသံ ထွက်ပေါ်လာပြီးနောက်မှာ သေနတ်မောင်း ကိုကိုင်ထားတဲ့ သူ့ရဲ့ လက်ညှိုးကို ဖြေးညှင်းစွာ ဖိချလိုက်ပါတော့တယ်။

သေနတ်သံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခြင်းမရှိပေမယ့် သူမဟာ  ရင်ဘတ်ကိုလက်နဲ့ဖိပြီး မြေကြီးပေါ် ကို လဲကျသွားတယ်။ လဲကျနေတဲ့ သူ့ရဲ့ဘေးမှာ ဟောင်းနွမ်းနေတဲ့ အစိမ်းရောင်ထီးတလက်နဲ့ အစိမ်းရောင် ကော်ယပ်တောင်တခုက ပြန့်ကျဲနေတယ်။

ဒီမြင်ကွင်းက အတော်ကို ကြေကွဲစရာကောင်းတဲ့ မြင်ကွင်းဖြစ်ပေမယ့် အမျိုးသမီး လဲကျသွားချိန်မှာ ရယ်သံတွေ သောသောညံသွားတယ်။ လူတွေဘာကြောင့်များ အကြင်နာတရားကင်းမဲ့စွာ ရယ်မော နေကြတာပါလဲ။ အကြောင်းကတော့ လဲကျသွားတဲ့ အမျိုးသမီးဟာ တကယ့်အမျိုးသမီးအစစ် မဟုတ်ဘဲ အမျိုးသမီး အ၀တ်အစား တွေဝတ်ဆင်လို့ လူတွေကိုဖျော်ဖြေရင်း ၀မ်းရေးအတွက် ရှောက်သီးဆေးပြားလိုက်လံ ရောင်းချနေရတဲ့ မိန်းမလျာလို့ အများခေါ်ကြတဲ့ လိင်တူချစ်သူ တဦးဖြစ်နေလို့ပါပဲ။

သူ့နာမည်က မောင်မောင်ဦးဖြစ်ပြီး မိန်းမလျာအဖြစ် မှည့်ခေါ်တဲ့ အမည်ကတော့ မစန္ဒာလွင် ဖြစ်ပါတယ်။

ကလေး၊ လူကြီး မကျန် မောင်မောင်ဦး(ခေါ်) မစန္ဒာလွင် ရဲ့သရုပ်ဆောင်မှုကို သဘောကျ ရယ်မောနေချိန်မှာ သူဟာ မြေကြီးပေါ်က လူးလဲထလာတယ်။ သူရဲ့ ပလတ်စတစ် ခြောက်လုံးပြူး သေနတ်ကို စလင်းဘက်ထဲ ပြန်ထည့်ပြီး အဆိုတော်ကော်နီရဲ့ ကျော်ကြားလှတဲ့ တေးသီချင်းတပုဒ်ကို ကိုယ်ဟန်အမူအရာနဲ့ လှုပ်လှုပ်ရှားရှား ကခုန် သီဆိုလိုက်ချိန်မှာတော့ သူ့ကို ကြည့်နေတဲ့ လူတွေအားလုံးဆီက ရယ်သံတွေ တသောသော ထွက်ပေါ် လာပါတော့တယ်။

ကိုကိုချစ်ရေ ဒီလိုပဲ တို့ကတော့ ခေါ်မှာပဲလေ။ ကိုကိုချစ်ရေ၊ ကိုကို့ ချစ်ရေ။ ကိုကိုချစ်ရေဆိုတဲ့ သီချင်းကို သူရဲ့တင်တု၊ ရင်တုတွေ လှုပ်ခါ သီဆိုတော့ ငယ်ရွယ်တဲ့ ကလေးတွေကပါ သူနဲ့အတူ လိုက်လံကကြတယ်။

သီချင်းပြီးဆုံးသွားချိန် သူရဲ့နဖူးပြင်မှာ ချွေးတွေက ရေတွေအလား ဒလဟော စီးကျလာပြီး ပရိသတ်ထဲက လူတဦးက သူ့ကို ဖြေဖျော်ခအဖြစ် ငွေ သုံးရာလာပေးတယ်။ အဲဒီ ငွေလာပေးတဲ့သူကို သူက ရှောက်သီးဆေးပြား
တထုပ်ပြန်ပေးရင်း နှုတ်က ကျေးဇူး ကိုကိုလို့ မခို့တရို့ ကိုယ်ဟန်အမူအရာနဲ့ လှမ်းနှုတ်ဆက်တယ်။

ရှောက်သီးဆေးပြား လိုက်လံရောင်းချရင်း အသက်မွေး ၀မ်းကြောင်းကြတဲ့ ရန်ကုန်က လိင်တူချစ်သူ တွေထဲမှာ မောင်မောင်ဦး(ခေါ်) မစန္ဒာလွင်လည်း တဦးအပါအ၀င်ဖြစ်ပါတယ်။

မောင်မောင်ဦး ဆိုတဲ့ သူက အသက် ၁၄ နှစ်အရွယ်ကတည်း ရှောက်သီးဆေးပြား ရောင်းရင်းလမ်းတကာ လှည့်လည်ဖျော်ဖြေခဲ့တာ အခုဆိုရင် ၄၁ နှစ်တောင် ရှိလာပါပြီ။ သူ ရှောက်သီးဆေးပြားစတင် ရောင်းတဲ့ အချိန်က သီချင်းတပုဒ်ကို ငွေတမတ်နဲ့ ဖျော်ဖြေခဲ့တာဖြစ်ပေမယ့် တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် အခုအခါ သူက သီချင်းတပုဒ်ကို ငွေ ၁၅၀ ကျပ် ယူပြီး ဖျော်ဖြေပါတယ်။ သီချင်းအပြင် ဇာတ်လမ်းတို ပုံစံလေးတွေပါ သရုပ်ဆောင် ခိုင်းရင်တော့ ဇာတ်လမ်းတိုတခုကို ငွေ ၂၅၀ ကျပ် တောင်းယူ သရုပ်ဆောင် ပေးတယ်။

သီချင်းကတော့ အများဆုံးဆိုရတယ်။ တခါတလေ ဇာတ်လမ်းတိုလေးတွေလည်း သရုပ်ဆောင် ပေးရတယ်။ ကြော်ငြာနဲ့ ကိုရီးယား ဇာတ်လမ်းတွေထဲက ပုံစံအတိုင်း လုပ်ပြပါဆိုရင်လည်း လုပ်ပြရတယ်လို့ သူက ပြောတယ်။

သူနေတဲ့ နေရာကတော့ ရန်ကုန်မြို့ထဲနဲ့ အလွန်ဝေးကွာတဲ့ မြို့ဆင်ခြေဖုံး တခုမှာနေထိုင်တာဖြစ်ပြီး မိုင်ပေါင်း များစွာ ဝေးကွာတဲ့ မြို့ထဲကို နေ့စဉ်လမ်းလျှောက်လာရတာပါ။ သူ့မှာ အသက် ၇၀ ကျော်အမေအိုနဲ့ ညီအစ်ကိုမောင်နှမ ခြောက်ဦးရှိပါတယ်။ဒါပေမယ့် သူ့အမေကို သူကသာ လုပ်ကိုင်ကျွေးမွေး နေရတာပါ။

သူ ၇ နှစ်အရွယ်မှာ သူရဲ့ဖခင်က အပြင်းဖျားနာရာကနေ ဆေးခန်းသွားဖို့ ငွေကြေးမတတ်နိုင်တဲ့ အတွက် နောက်ဆုံး ရှစ်ရက်လောက် ဖျားနာပြီးချိန်မှာ ကွယ်လွန်ဆုံးပါး သွားခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမ များပြားလွန်းတဲ့ သူ့မိသားစုမှာ အမေမုဆိုးမရဲ့လုပ်စာကိုသာ မှီခိုခဲ့ရတဲ့အတွက် ငတ်တလှည့် ပြတ်တလှည့် ဖြစ်ရင်း ပညာမသင်ကြားခဲ့ရပါဘူး။

ငယ်ငယ်လေးကတည်းက အမြဲအားငယ်တယ်။ထမင်းအနပ်ပေါင်းများစွာ ငတ်ခဲ့ရတော့ထမင်းငတ်မှာ အရမ်းကြောက်တယ်လို့ သူရဲ့ငယ်စဉ်အတိတ်ဘ၀ကို မျက်ရည်ဝဲစွာ ပြန်ပြောပြတယ်။

လမ်းမပေါ်တွေမှာ သီချင်းဆိုရင်း ရှောက်သီးဆေးပြား စရောင်းတဲ့ အချိန်ကစလို့ ထမင်းငတ်ခဲ့ရတဲ့ ဖြစ်ရပ်အဆုံး သူက ပြောပြပါတယ်။ လက်ဖက်ရည်တခွက် ငွေငါးမူးသာ ရှိချိန်မှာ သူက တနေ့ကို ငွေသုံးကျပ်၊ လေးကျပ်
ရှာနိုင်နေပါပြီ။ အခုဆိုရင် သူ့ရဲ့ဝင်ငွေက နေ့စဉ်အနည်းဆုံး ငါးထောင်ရှိပါတယ်။

ဒါပေမယ့် သူရှာလို့ရတဲ့ ငွေတွေအားလုံးကို သုံးပစ်တာတော့ မဟုတ်ပါဘူး။ သူရှာလို့ရတဲ့ ငွေတွေထဲက တောင်ပြုံးပွဲလို့ခေါ်တဲ့ ကိုယ်တော်ကြီး ကိုယ်တော်လေး နတ်နှစ်ပါးပွဲ အတွက်နေ့စဉ် ငွေငါးရာ စုပါတယ်။
ဒီလို စုတာဟာ သူတယောက်တည်း မဟုတ်ဘဲ သူရဲ့သူငယ်ချင်း လိင်တူချစ်သူတွေ အားလုံးပဲလို့ ဆိုပါတယ်။

အရင်းနှီးဆုံးသူငယ်ချင်း အားလုံး ၁၃ ယောက်ရှိတာ။ သေတဲ့လူလည်း သေကုန်ပြီ။ အခုတော့ ၅ ယောက်ပဲ ကျန်တယ်။တခြား လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေလည်း အများကြီးရှိတယ်။ အားလုံးက တောင်ပြုံးပွဲမှာ ပြန်ဆုံကြတယ်လို့ သူက ပြောတယ်။

တခါတလေ နတ်ကန္နားပွဲတွေမှာ ပုံမှန်ကကြတဲ့ သူငယ်ချင်းတွေက ခေါ်ရင်လည်း နတ်လိုက်ကသေးတယ်။ အဲဒီလိုနတ်ကတဲ့ ရက်ဆိုရင် တနေ့ ကျပ် ၅ ထောင် နတ်ပွဲပေးတဲ့သူဆီက လုပ်အားခအဖြစ် ရပါတယ်။ ဒါပေမယ့် နတ်ကလို့ရတဲ့ လုပ်အားခကိုတော့ အနည်းငယ်သာသုံးစွဲပြီး ကိုယ်တော်ကြီး ကိုယ်တော်လေးအတွက် ပြန်လှူ ပါတယ်။

ဒါဟာ သူ့လို နတ်ကိုးကွယ်တဲ့ လိင်တူချစ်သူတိုင်း လုပ်လေ့လုပ်ထရှိတဲ့ လုပ်ရိုးလုပ်စဉ် အစဉ်အလာတရပ်လို့ သူက ဆိုတယ်။ သူ့ရဲ့နေ့စဉ်ဘ၀က လမ်းပေါ်မှာနေ၊ လမ်းပေါ်မှာစား၊ လမ်းပေါ်မှာပိုက်ဆံရှာရင်း ကုန်ဆုံး နေတာပါ။ ဒါပေမယ့် လူတွေဆီက ရယ်သံကြားတိုင်း သူခံစားနေရတဲ့ အမောတွေပြေသွားတဲ့ အတွက် ဒီအလုပ်ကို မစွန့်လွှတ်နိုင်သေးတာပါလို့ ပြောပြတယ်။

သေတဲ့အထိ ဒီအလုပ်ကို လုပ်သွားမယ်။ ဒီအလုပ်လုပ်ရင်း သေမယ်။ လူတွေပျော်ရင် ရယ်ရင်ကျေနပ်တယ်။ အခြောက်လို့ခေါ်ပြီး အနှိမ်ခံရပေမယ့်လည်း ဒီအလုပ်ကို မစွန့်လွှတ်ပါဘူးလို့ သူက ပြတ်သားတဲ့ လေသံနဲ့ ပြောတယ်။

အခုအချိန် သူ့အတွက် အလိုချင်ဆုံးဆုကို တောင်းပါဆိုရင် ပညာတတ် အမျိုးသမီးချောတဦး ဖြစ်ချင်ပါတယ်တဲ့။

ဘုရားရောက်တိုင်း ဆုတောင်းတယ်။ နောင်ဘ၀ဆိုတာ ရှိခဲ့ရင် ဥစ္စာပေါ၊ ရုပ်ချော၊ ပညာတတ် မိန်းမချောတဦး ဖြစ်ပါရစေလို့

 

အောင်သက်ဝိုင်း

Friday, 06 March 2009

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=803:2009-03-06-07-42-14&catid=2:article&Itemid=30

ဧရာဝတီအင်တာနက်စာမျက်နှာ မှပြန်လည်းကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

www.coloursrainbow.com

 

Comments
Add New Search
ENO  - သနားလိုက်တာဗျာ   |203.81.166.xxx |2009-07-04 02:05:52
သနားပါတယ်..စိတ်မကောင်းပါဘူးကြားရတာ
ဝမ်းနည်းလိုက်တာ ဗျာ...
ratio  - so sad about that   |203.81.166.xxx |2009-09-06 22:24:14
တကယ်စိတ်မကောင်းစရာပဲ။
သူဖြစ်ချင်တယ့်အတိုင်းဖြစ်ပါ စေလို့ ဆုတောင်းတယ်။
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More