You are here: Home သတင်းဆောင်းပါး Feature ဝေခွဲမရဖြစ်နေပါသလား

ဝေခွဲမရဖြစ်နေပါသလား

E-mail Print PDF
Normal 0 false false false MicrosoftInternetExplorer4

ကိုယ့် ကိုယ်ကို လိင်စိတ်သဘောထား ဘယ်လိုရှိတယ် ဆိုတဲ့အချက်ကို ဆုံးဖြတ်သတ်မှတ်ဖို့ဟာ တကယ်တော့ ခက်ခဲပြီး ပူပန်စရာ ကောင်းလှတဲ့ လုပ်ငန်းစဉ်တခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လိင်စိတ်ကို ကိုယ် ကိုယ်တိုင် ဆန်းစစ်ဝေဖန်တဲ့အခါ ကိုယ့်ရဲ့ခင်မင်ရင်းနှီးလှတဲ့ သူငယ်ချင်းတွေကိုလည်း ဖွင့်ဟ မတိုင်ပင် ရဲပဲနဲ့ ကိုယ့်ကိုယ်ကို သိုသိုသိပ်သိပ် စဉ်းစားရတဲ့ ကာလ အဖြစ်မျိုးမှာဆိုရင် ပိုလို့တောင် အထီးကျန်ဆန်သလို ခံစားရပြီး စိတ်ပျက်လက်ပျက်လည်း ဖြစ်မိတတ်ကြမှာပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ လိင်ကွဲချင်း ချစ်သူတွေ စုံတွဲ တွေပဲ အများဆုံး ရှိနေတာကို ကြည့်ရင်း ငါကတော့ သူတို့လို အံမ၀င်ဂွင်မကျ ဖြစ်နေရပါလား ဆိုပြီးတော့လည်း ခံစားမိကောင်း ခံစားမိမှာပါ။

သုတေသန လုပ်ထားတဲ့ အချက်အလက်တွေအရ လူဦးရေရဲ့ (၁၀) ရာခိုင်နှုန်းဟာ လိင်တူချင်း ဆက်ဆံသူတွေဖြစ်တယ်လို့ ခန့်မှန်းခဲ့ပေမယ့် ဒီအရေအတွက်ထက်လည်း ပိုကောင်း ပိုနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစာရင်းထဲမှာ လိင်တူလိင်ကွဲနှစ်မျိုးစလုံး ချစ်သူတွေကိုပါ ထည့်သွင်းရေတွက်ထားလို့ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ပြုလုပ်ထားတဲ့ ဒေါက်တာကင်ဆေး ရဲ့ သုတေသန စာတမ်းတွေ့ရှိချက်အရ အနည်းဆုံး အမေရိကန် အမျိုးသမီး (၁၃) ရာခိုင်နှုန်းနဲ့ အမျိုးသား (၆၀) ရာခိုင်နှုန်းဟာ လိင်တူချင်းဆက်ဆံမှုနဲ့ လိင်စိတ်အာသာ ပြီးပြည့်ခဲ့တယ်လို့ သိရှိရပါတယ်။

မိမိကိုယ်မိမိ အမျိုးသားချင်းချစ်သူ၊ အမျိုးသမီးချင်း ချစ်သူ၊ လိင်တူ လိင်ကွဲ နှစ်မျိုးစလုံးကို ချစ်သူ အဖြစ် သဘောပေါက်ခြင်းဟာ လိင်စိတ် ကွဲပြားမှု အကြောင်းကို ပိုမိုနားလည်ဖို့ အဆင့်တဆင့်ဘဲ ဖြစ်ပါတယ်။ ဒီ့ထက် ပိုပြီး ကိုယ့်စိတ်ကို ကိုယ်နားလည် အဘောပေါက်ဖို့ အဆင့်တွေ လိုအပ်နေသေးသလို ဒါကိုလက်ခံဖို့ကို ကာလများစွာ ဆက်လက်ဖြတ်သန်းရအုံးမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို အမျိုးသားချင်း ချစ်သူ၊ အမျိုးသမီးချင်း ချစ်သူ၊ လိင်တူ လိင်ကွဲ နှစ်မျိုးစလုံးချစ်သူ ဆိုတာ သတိထား အဘောပေါက်မိတဲ့ အချိန်ကာလ၊ အသက် အရွယ်ဟာလည်း တယောက်နဲ့ တယောက် မတူနိုင်ပါဘူး။ တချို့က အသက်ငယ်ငယ် ကတည်းက အဘောပေါက်ခဲ့ပေမယ့် တချို့ကတော့ အချိန်တော်တော်ကြာ အသက်အရွယ်ရလာတော့မှ သတိထား သဘောပေါက် မိတာမျိုးလည်း ရှိပါတယ်။

အတော်များများကတော့ မိမိနဲ့ လိင်တူ သူငယ်ချင်းတွေအပေါ် ထူးထူးခြားခြား စွဲစွဲလမ်းလမ်း တပ်မက် သံယောဇဉ် တွယ်မိရာကနေ ကိုယ့်ကိုယ်ကို ပထမဦးဆုံးသတိပြုမိ လာခဲ့တယ်လို့ သိရပါတယ်။ တချို့ကတော့ ကိုယ်ဟာ အခြားသူတွေနဲ့မတူ ကွဲပြားနေတယ်ဆိုတဲ့ အသိစိတ်မျိုးပေါက်ဖွားလာပြီးမှ ကိုယ့်ကိုယ်ကို သတိပြုမိတယ်လို့ ဆိုပါတယ်။ အခြားသူတွေက ဆန့်ကျင်ဖက်လိင်ကို စိတ်ဝင်စားကြတဲ့အချိန်မှာ ကိုယ်ကတော့ လိင်တူချင်းကို စိတ်ဝင်စား၊ စိတ်ကူးယဉ်မိ၊ စိတ်ကစားမိနေတာဟာ အခြားသူတွေနဲ့မတူ ကွဲပြားတဲ့အချက် ဖြစ်နေပါလားလို့ သတိပြုမိလာခဲ့တယ်လို့ သူတို့က ပြောပြပါတယ်။ ကိုယ်စိတ်ကူးယဉ်တဲ့ သူက ကိုယ်နဲ့ လိင်ချင်းတူတဲ့သူတွေ ဖြစ်နေတတ်တာကြောင့်လည်း သတိပြုလာမိတယ်လို့ ဆိုပါတယ်။ ချောမောလှပတဲ့ စုံတွဲတတွဲ ကို မြင်တဲ့အခါ ဒါမှမဟုတ် ရုပ်ရှင်မင်းသား မင်းသမီး စုံတွဲပုံတွေ တွေ့တဲ့အခါ ကိုယ်နဲ့ လိင်တူတဲ့သူကို ပိုပြီး စိတ်ဝင်စားတာ နှစ်ခြိုက်မိတာတွေကနေ တချို့ကတော့ ကိုယ့်ကိုယ်ကို သဘောပေါက်လာခဲ့တယ်လို့ ဆိုပါသေးတယ်။

အတော်များများဟာ အခုလို ကိုယ်ဟာလိင်တူချင်းစိတ်ဝင်စားတတ်တယ် ဆိုတာကို သဘောပေါက် နားလည်မိလိုက်တဲ့ အချိန်မှာ အံ့သြတုန်လှုပ် သွားတတ်ပါတယ်။ မဖြစ်သင့်ဘူး။ မဖြစ်ရဘူးလို့လည်း ကိုယ့်ကိုယ်ကို တားမြစ်တာရှိသလို ကိုယ့်ရဲ့ လိင်စိတ်သဘောထားကို ကိုယ်တိုင်နားလည်သဘောပေါက်သွားလို့ ပျော်ရွှင်ကျေနပ်သွားတဲ့သူမျိုး တွေလည်း ရှိပါတယ်။ ဒီလို ကိုယ့်ကိုယ်ကို သတိပြုမိတဲ့အခါမှာ လူတယောက်နဲ့ တယောက် ဖြတ်သန်းကျော်လွှားပုံချင်း မတူညီကြတာကိုလည်း စိတ်ဝင်စား စရာ လေ့လာမိပါတယ်။

ကိုယ့်ကိုယ်ကို အခြားသူတွေလို ဆန့်ကျင်ဖက်လိင်တွေကို သဘောကျတဲ့သူမဟုတ်ပဲ ကွဲပြားနေတယ်ဆိုတဲ့ အပေါ် သတိပြုမိတဲ့သူတွေ အများဆုံးလုပ်မိတာကတော့ မိမိကိုယ်မိမိ ငါဟာ ဒါမျိုးမဟုတ်ဘူးလို့ အကြောက်အကန် ငြင်းဆိုတာပါပဲ။ အထူးသဖြင့် ကိုယ့်ပတ်ဝန်းကျင်မှာ အားကျလေးစား လောက်တဲ့ လိင်တူချစ်သူမျိုး တယောက်မှမရှိပဲ လိင် တူချစ်သူတွေအပေါ် မကောင်းမြင် နှိမ့်ချတဲ့အတွေးအမြင်တွေ ဖုံးလွှမ်းနေတဲ့အခါမျိုးမှာ ဒါမျိုးဖြစ်တတ်ပါတယ်။ မြန်မာ့ လူမှုအသိုင်းအ၀ိုင်း အတော်များများမှာ သိမ်းကြုံး သတ်မှတ်ထားတတ်ကြတဲ့ အခြောက်၊ ဂန်ဒူး၊ ဂျီပုန်း ဆိုတဲ့ အခေါ်အဝေါ်တွေနဲ့ လှောင်ပြောင် ခေါ်တာမျိုးတို့။ လိင်တူချင်း ချစ်သူတွေဟာ ပျော့ညံ့တဲ့သူ၊ အသုံးမကျတဲ့သူ၊ ရှောက်သီးဆေးပြားရောင်းတဲ့သူ တွေပဲ ဖြစ်တယ်ဆိုတဲ့ အမြင်တွေကို ကျော်လွှားနိုင်ဖို့ဟာ ပထမဦးဆုံးတွေးမိတဲ့သူတွေ အတွက်တော့ ကြောက်စရာပါပဲ။ တကယ်လို့ ငါ့ကို လိင်တူချစ်သူမှန်း တခြားသူတွေ သိသွားရင် ငါ့ကိုလည်း ဒီလိုပဲ နှိမ့်ချသတ်မှတ်ခံရတော့မှာပဲ ဆိုတဲ့ အကြောက်တရားနဲ့ ကိုယ့်ကိုယ်ကို ခါးခါးသီးသီး ငြင်းဆိုတတ်ပါတယ်။

တချိန်ထဲမှာပဲ အများက သိမ်းကြုံးသတ်မှတ်ထားတဲ့ မကောင်းတဲ့အမြင်တွေနဲ့ လက်ရှိ မိမိကိုယ်မိမိ နှိုင်းယှဉ်သုံးသပ်တဲ့အခါ စိတ်ရှုတ်ထွေးစရာတွေ ဖြစ်ပေါ်လာ တတ်ပါတယ်။ ငါဟာဘာလဲ၊ ဘာဖြစ်လို့ အခြားလူတွေက ဒီလိုသတ်မှတ်ကြတာလဲ ဆိုတဲ့ မေးခွန်းပေါင်းများစွာ၊ စဉ်းစားစရာ အတွေးပေါင်းများစွာနဲ့ ခေါင်းခြောက်မတတ် စဉ်းစားမိတာ သမားရိုးကျ အဖြစ်တွေပါပဲ။ တချို့တွေကတော့ အကြောက်တရားတွေ ဖုံးလွှမ်းသွားရာကနေတဆင့် ကိုယ်ကိုယ်တိုင် လိင်တူချင်း ချစ်သူတွေအပေါ် မုန်းတီးတဲ့ စိတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ တချို့ကတော့ ကိုယ့်ကိုယ်ကို သိမ်ငယ်အားငယ်စိတ်တွေ ၀င်လာပြီး ထွက်ပေါက်ရှာတဲ့အနေနဲ့ မူးယစ်ဆေးဝါး၊ အရက်သေစာ အလွန်အကျွံသုံးစွဲတာတွေ ဖြစ်လာနိုင်ပါတယ်။ တချို့ကတော့ အဆုံးစွန်အဆင့်ထိ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြံစည်တာအထိ ဖြစ်တတ်ပါတယ်။

လိင်တူချင်း ချစ်သူတွေအပေါ် မုန်းတီးတဲ့စိတ် (Homophobia) ဆိုတာဟာ လိင်တူချင်း ချစ်သူတွေအပေါ် ရွံရှာကြောက်ရွံ့ တာမျိုး၊ ဖိနှိပ်စော်ကားတာမျိုး၊ မနှစ်သက်မုန်းတီးတာမျိုးအပြင် သူတို့အပေါ် သိမ်းကြုံးသတ်မှတ်ထားတဲ့ မကောင်းမြင် သဘောထားတွေကို လက်ခံကျင့်သုံးနေတာကိုပါ ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုစိတ်မျိုး ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကတော့ လိင်တူချင်း ချစ်သူတွေအပေါ် အများက ၀ိုင်းဝန်းသတ်မှတ်ထားခဲ့တဲ့ ပုံစံခွက်တွေ၊ အကောင်းမြင် အဆုံးမြင်ဝါဒဖြန့်မှုတွေ၊ ယုံတမ်းစကားဆန်ဆန် အခြေအမြစ် မရှိတဲ့ အဖြစ်အပျက်တွေကြောင့် သာမက အများလက်ခံနေတဲ့ သတင်းမီဒီယာတွေရဲ့ တင်ပြမှုတွေကြောင့်လည်း ဖြစ်ပါတယ်။ ဒီလို မုန်းတီးတဲ့ စိတ်မျိုးဟာ လိင်တူချင်း ချစ်သူမဟုတ်တဲ့ သူတွေသာမက လိင်တူချင်း ချစ်သူတွေထဲမှာတောင် စွဲမြဲနေတတ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ သွေးထိုးလှုံ့ဆော်မှု၊ လိင်တူချင်း ချစ်သူတွေအပေါ် အထင်သေး စော်ကားမှုတွေ ကြုံတွေ့ရင်းနဲ့ လိင်တူချင်း ချစ်သူတွေကိုယ်တိုင် ကိုယ့်ကိုယ်ကို အားငယ်စိတ်တွေပေါ်လာတာ၊ ဒီစိတ်မျိုး ရှိနေတဲ့ အခြားသူတွေကိုသာမက ကိုယ့်ကိုယ်ကို ကိုယ်မုန်းတီးလာတာဟာ လိင်တူချစ်သူတွေအပေါ် မုန်းတီးစေတဲ့ စိတ်ကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လိင်တူချင်းချစ်တဲ့စိတ်ကို အခြားသူတွေ သိသွားမှာ စိုးရိမ်ရင်း ကိုယ့်အပေါ် သံသရကင်းရအောင် လိင်တူချင်း ချစ်သူတွေအပေါ် ပက်ပက်စက်စက် နှိမ့်ချပြောဆိုတာ၊ အနိုင်ကျင့်တာတွေ လုပ်ရင်းလုပ်ရင်းနဲ့ပဲ ဒီလူတွေအပေါ် အကြောင်းမရှိ မုန်းတီးတဲ့စိတ်တွေ ၀င်လာတတ်ပါတယ်။ တချို့တလေကတော့ ကိုယ့်ရဲ့ လိင်တူချင်းချစ်တဲ့စိတ်ကို ကြိုးစားဖုံးကွယ်ရင်းနဲ့ သူ့ကို အခြားသူတွေက ဆန့်ကျင်ဖက် လိင်အပေါ်ကိုသာ စိတ်ဝင်စားတဲ့သူတွေအဖြစ် မြင်ယောင်လာအောင် ဆန့်ကျင်ဖက်လိင်တွေနဲ့ ကြိုးစားတွဲပြီး စွဲမက်လာအောင် လုပ်ဆောင်တတ်ကြပါတယ်။ ကိုယ်တွဲနေတဲ့ ဆန့်ကျင်ဖက်လိင်က တစ်ဦး၊ ကိုယ်နှစ်သက်တဲ့ လိင်တူကတယောက်နဲ့ စိတ်ဝေဒနာကိုခံစား နေကြရတတ်တဲ့ အဖြစ်တွေလဲ များစွာရှိပါတယ်။ တချို့ကလည်း ကိုယ့်ရဲ့စိတ်ကို ကြိုးစားမြိုသိပ်ရင်းနဲ့ လိင်စိတ် ကုန်ခမ်းသွားတဲ့ အဖြစ်မျိုးဆိုက်ရောက် သွားတတ်ပါသေးတယ်။

ကိုယ့်ရဲ့ လိင်စိတ်သဘောထားအမှန်ကို ကြိုးစားဖုံးကွယ်ထားရတာဟာ တော်တော်လေးကို ခက်ခဲတဲ့ အလုပ်ပါ။ တခြားလူတွေက ကိုယ့်ကို လိင်တူချင်းချစ်သူအဖြစ် သိများသွားမလားဆိုတဲ့ စိုးရိမ်စိတ်တခုကြောင့် ကိုယ်လုပ်သမျှ၊ ကိုယ်ပြောသမျှ အားလုံးအပေါ် အမြဲသတိထား ထိမ်းသိမ်းနေရတဲ့ဘ၀ ဖြစ်နေပါတယ်။ ကိုယ့်ရဲ့ လိုအင်ဆန္ဒအမှန်ကို ထိမ်းဝှက်ပြီး အခြားသူတွေ အကြားမှာ ဟန်ဆောင်နေရတဲ့ အဖြစ်ဟာ တကယ်တော့ စိတ်ဆင်းရဲစရာ ကောင်းလှပါတယ်။ ထိမ်းချုပ်ရင်း ထိန်းချုပ်ရင်းနဲ့ ကိုယ့်မှာရှိတဲ့ စွမ်းရည်၊ အရည်းအသွေးတွေကို စနစ်တကျ မှန်ကန်စွာ အသုံးမချနိုင်တဲ့ အဖြစ်မျိုးလည်း ကြုံရမှာပါ။ ကိုယ့်ရဲ့ ဗီဇက တခုခုဖြစ်နေပေမယ့် ဒါမျိုးလုပ်လိုက်ရင် ငါဟာ လိင်တူချင်းချစ်သူဆိုတာ အခြားသူတွေ ရိပ်မိသွားမလားဆိုပြီး ကိုယ့်ရဲ့ ထူးချွန်တဲ့ ဗီဇကို အသုံးချခွင့် မရဲတဲ့ သူမျိုးတွေလည်း ရှိတတ်ပါတယ်။ တချို့သူတွေကတော့ တသက်လုံး ကိုယ့်လိင်တူချစ်တဲ့စိတ်ကို ဖုံးကွယ်ရင်းနဲ့ပဲ တသက်တာအချိန် ကုန်ဆုံးသွားတတ်ပါတယ်။ တကယ်လို့ ကိုယ်ကထုတ်ဖော်ပြောလိုက်ရင် ကိုယ့်သူငယ်ချင်းတွေနဲ့ မိဘ အသိုင်းဝိုင်းတွေက ကိုယ့်ကိုများ ရှောင်ဖယ်ကြမလားဆိုတဲ့ ကြောက်စိတ်ကြောင့် ကိုယ့်ဖာသာကိုယ် အထီးကျန်စိတ်၊ ကြောက်စိတ်တွေ မွေးမြူရင်းနဲ့ပဲ ကိုယ့်ရဲ့ အသိုင်းအ၀ိုင်းနဲ့ ဝေးရာကို တဖြေးဖြေးရောက်သွားတတ်တဲ့ အဖြစ်တွေလည်း ရှိတတ်ပါတယ်။

ကိုယ့်ရဲ့ လိင်တူချင်း ချစ်ခင်စွဲလမ်းတဲ့စိတ်ကို အဘောပေါက် သတိပြုမိလာတဲ့ သူတွေအနေနဲ့ ကိုယ့်လိုပဲ ဒီလို ခက်ခဲတဲ့အချိန်ကာလတခုကို ဖြတ်သန်းလာခဲ့ရတဲ့ အခြားလိင်တူချင်း ချစ်သူတွေနဲ့ စကားပြောဆို ဆွေးနွေးတိုင်ပင် ရင်ဖွင့်ဖို့ သင့်ပါတယ်။ ကိုယ်ယုံကြည် စိတ်ချရတဲ့ သူငယ်ချင်းမျိုးကိုလည်း တိုင်ပင်သင့်ပါတယ်။ ကိုယ့်ရဲ့ လိင်စိတ်သဘောထားကို ဖွင့်ဟပြောပြလိုက်လို့ ကိုယ့်ရဲ့ နေထိုင်ပုံဘ၀စရိုက်ကို ပြောင်းလဲဖို့ မလိုပါဘူး။ လိင်တူချစ်သူ တယောက်ဟာ ဒီလိုမျိုး နေထိုင်ပြုမူ ရမယ်၊ ဒီလိုအ၀တ်အစား အဆင်ဒီဇိုင်းမျိုး ၀တ်စားရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်တွေ မရှိပါဘူး။ ဒီလိုသတ်မှတ်ထားချက်တွေဟာ လူမှု အသိုင်းအ၀ိုင်းက မျှော်လင့်ထား ပုံသေချမှတ်ထားတဲ့ ယူဆချက်တွေပဲ ဖြစ်ပါတယ်။ လိင်တူချင်း ချစ်သူ အမျိုးသား၊ အမျိုးသမီးတွေမှာ တဦးနဲ့တဦး မတူကွဲပြားတဲ့ နေထိုင်ပုံ ဘ၀ပုံစံတွေ၊ စရိုက်တွေ အမျိုးမျိုးရှိတတ်ပါတယ်။ သူတို့ရဲ့ ပုံစံကိုလည်း လိုက်ပြီးတော့ အတုခိုးစရာ မလိုပါဘူး။ ကိုယ့်ဘ၀နဲ့ကိုယ် ရွေးချယ်ရာကို ကိုယ်နှစ်သက်သလို နေထိုင်နိုင်ပါတယ်။ အရေးကြီးတဲ့ အချက်ကတော့ ကိုယ့်အပေါ်ကို စာနာနားလည်ထောက်ခံသူတွေနဲ့ အဆက်အသွယ်မပြတ်အောင် နေထိုင်ဖို့လိုကြောင်း အကြံပေးလိုက်ရပါတယ်။

အမေမျိုး (သက်တံ့ရောင်စဉ်)

www.coloursrainbow.com

Comments
Add New Search
ချစ်ဝေယံ  - ဟုတ်တယ်     |203.81.166.xxx |2009-07-11 00:20:35
ဟုတ်တယ် အမေ
မှန်တယ်။
Homophobia
ဟာ အချင်းချင်ြး ကားထဲမှာလဲ ဖြစ်နေတယ်။
အပုန်းက
အပွင့်ကို မုန်း
အပွင့် က အပုန်းကို မုန်း
အပုန်း အပုန်းချင်း မုန်း
အပွင့် အပွင
့်ချင်း မုန်း
နေ ကြတယ်။
ဒီလိုသာ ဆိုရင်...
အိန္ဒိယမှာ အောင်မြင်မှု ရခဲ့သလို ...
ဒီ မှာ ဘယ်တော့ များမှ ရမလဲ။
အချင်း ချင်းမှ မစည်းလုံးရင် ဘယ်လို လုပ်ကြမလဲ။
yannaing   |203.81.166.xxx |2009-11-11 12:47:12
ဂေး ဖြစ်တဲ့ သူတွေတော်တော်များများ အဆင့်အတန်း
ရှိစွာနေပြဖို့လိုအပ်တယ်....
အဲဒ
ါတစ်ခုတော့အကြံပေးချင် တယ်...စိတ်ဓာတ်ရေးရာအရ ပေါ့..ပြီးတော့ ပေတေ မနေဘဲ ဘ၀ အတွက်အလ
ုပ်တစ်ခုခုကိုကြိုးစာနေဖို့ကောင်းတယ်...
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More