အခုကျင်းပတဲ့ပွဲက ပထမဦးဆုံး မြန်မာတွေ ကျင်းပတဲ့ ပွဲမို့လို့ အရမ်းလဲ စိတ်လှုပ်ရှား စိတ်လဲ ၀င်စားစရာကောင်းပါတယ်… မစခင် တလလောက်ကထဲက တာဝန်တွေအသီးသီးပေးကြ အိုင်ဒီယာတွေထုတ်ကြ ပြင်ကြဆင်ကြနဲ့ ၀ိုင်းလုပ်တဲ့သူတွေအားလုံး ဖတ်ဖတ်ကို မောရော.. အစီအစဉ်တွေဘယ်လိုလုပ်ကြမလဲဆိုတာ ဆွေးနွေးရင်း ရန်ဖြစ်တဲ့အခါဖြစ်.. ပြန်ချစ်တဲ့အခါပြန်ချစ်နဲ့.. အ၆မတွေက တခြားနေရာတွေမှာသာ ၀ုန်းချင်ဝုန်းမယ် အခုပွဲအတွက်တော့ တက်ညီလက်ညီ နွှဲကြမည်ပေါ့..
စီစဉ်တဲ့သူတွေက အလုပ်ရှုတ်သလို ဒီပွဲကို မလာနိုင်ပေမဲ့ ၀ိုင်းဝန်းပံ့ပိုးပေးတဲ့သူတွေကလဲ အဝေးကနေအားပေးကူညီကြပါတယ်… အော် ရီစရာပြောရအုံးမယ်..ဒီပွဲမှာ ကဖို့ သီချင်းတပုဒ်ကို အဝေးရောက် အ၆မတယောက်က စေတနာနဲ့ အသံသွင်းပေးလိုက်တယ်၊ သူက Gကီးနဲမဆိုဘဲ ယောက်ျားသံအပြည့်နဲ့ဆိုပေးလိုက်တော့ ကမဲ့အ၆မတွေက တကယ့်ယောက်ျားကြီးထင်ပြီး ဖွာနေကြသေးတယ်.. အထိမ်းအမှတ်နေ့မှာ ဧည့်ပရိသတ်တွေကို ကျွေးဖို့ နံပြားတွေ ရိုက်ဖြစ်တော့မလို့လေ.. တော်သေးတာပေါ့ကွယ်.. မနည်းရှင်းပြလိုက်ရတယ်.. အဲဒီကောင်မဟာ ရှင်တို့နဲ့ တစက်ရုံထဲထွက်တဲ့သူပါလို့. (အဲဒီအဆိုရှင်က ဘယ်သူလဲဆိုတာကို စဉ်းစားနိုင်ဖို့အတွက် အဲဒီသီချင်းကို မမကဖွင့်ပြမယ်.. နားထောင်ပြီးရင်အဲဒီသီချင်းကို သီဆိုတဲ့ဘယ်သူလဲဆိုတာ ပြောပြပေါ့ကွယ်)
အခမ်းအနားကျင်းပမဲ့ မတိုင်ခင် ၁၅ ရက်နေ့မှာတော့ တက်ရောက်မဲ့ အ၆မတွေဟာ ကုန်းလမ်းရေလမ်းလေလမ်းအသွယ်သွယ်နဲ့ ဘန်ကောက်မြို့ကို ရောက်ရှိလာပါတော့တယ်… တယောက်ကိုတယောက် စ၀ါဒီတွေခပ်ကြရင်းနဲ့ ရနောင်းမြို့ကို ခရီးဆက်ကြလေရဲ့.. စစချင်းရတဲ့ complaint ကတော့ ကားမောင်းတဲ့ ဒရိုင်ဘာက သူငယ်အဆင်မဟုတ်လို့ပါတဲ့ရှင်..
အဲဒီနေ့က မိုးရွာတာကတော့ပြောမနေနဲ့။ ထိုင်းနိုင်ငံမှာ အ၆မတွေရဲ့ပွဲရှိတယ်ဆိုတာ ကြားထားလို့လားမသိ.. စိုစိစိုစိနဲ့ ဖြစ်အောင်ရွာတာ.. ပင်ပန်းလာတဲ့ အ၆မတွေမှာလဲ ဒရိုင်ဘာအဘိုးကြီးက နှေးတုံ့နှေးတုံ့မောင်းလာတဲ့ကားပေါ်မှာ တခါခေါနဲ့ ဟောက်တဲ့သူကဟောက်… ရနောင်းမှာ ဘယ်လိုလျှမ်းမယ်ဆိုတာစိတ်ကူးယဉ်သူကယဉ်.. ညနေ ၉ နာရီမှာတော့ အ၆မတွေကို သယ်ဆောင်လာတဲ့ကားဟာ ရနောင်းရွှေမြို့တော်ကို ၀င်ရောက်လာခဲ့ပါတော့တယ်.. ဒေသခံ MHS အဖွဲ့ဝင် ရနောင်းဒေ၀ီ ထိုက်ထိုက်နဲ့ ကျန်တဲ့အဖွဲ့ဝင်တွေရဲ့ ဧည့်ဝတ်ကျေပြွန်မှုကြောင့် အားလုံးအဆင်ပြေပြေနဲ့ အမောပြေခဲ့ရပါတယ်..
၁၆ ရက်နေ့မှာတော့ နယ်ပယ်အသီးသီးက အ၆မတွေ မိတ်ဆက်ကြ လှော်ကြပေါ့ရှင်.. ဒေသခံအ၆မတွေက ဒေသခံ သူငယ်ထောင်လို့ရမဲ့နေရာတွေ နည်းတွေရှင်းပြပေးသလို သူတို့လုပ်နေတဲ့ ရပ်ရွာအကျိုးပြုလုပ်ငန်းတွေကို ပြောပြပါတယ်… အရင်က အ၆မဆိုရင် အထင်သေးတဲ့ပတ်ဝန်းကျင်မှာ အခုဆို အားလုံးက အသိအမှတ်မပြုဘဲ နေလို့မရအောင် လုပ်နေတဲ့ အခမ်းအနားတွေ၊ လူထုပညာပေးလုပ်ငန်းတွေလုပ်နေတဲ့ သက်တန့်ရောင်စဉ်အဖွဲ့ရဲ့လုပ်ငန်းအကြောင်းကို ကြားရတာ ချီးကျူးစရာကောင်းလှပါတယ်.. အ၆မတွေတတ်ထာ်းတဲ့ အနုပညာကို အသုံးချပြီး လူထုကို ပညာပေး၊ ကိုယ့်ကိုကိုယ် တန်ဖိုးမြင့်လာအောင် လုပ်ဆောင်နေတဲ့ ဒေသခံ အ၆မတွေရဲ့ စွမ်းပကားက တကယ့်အစွမ်းပါဘဲရှင်..
အော်...နောက်တခု ထူးထူးဆန်းဆန်းအစီအစဉ်လေး တခုလုပ်ထားတာပြောရအုံးမယ်၊ မေလ (၁၇) အထိမ်းအမှတ်တဲ့… အ၆မတွေနဲ့ ယောက်ျားရှာမတွေရဲ့ ဘောလုံးပွဲတဲ့.. ကြည့်ပါအုံး.. လုပ်စရာလား.. ပေါက်ပေါက်ရှာရှာ.. မိန်းမလုံးတွေက တဖက်.. ယောက်ျားပြားတွေကတဖက်.. မိုးကြိုးတွေပစ်ကုန်တော့မှာဘဲ.. ရည်ရွယ်ချက်ကကောင်းပါတယ်.. မေလ(၁၇) ရက်နေ့အထိမ်းအမှတ်အပြင် မိန်းမရှာနဲ့ ယောက်ျားရှာတွေအကြား ရင်းနှီးမှုပိုရအောင်တဲ့.. ဟုတ်တော့ ဟုတ်ပါတယ်.. လိင်တူချစ်သူတွေထဲမှာ အ၆မတွေချည်းမှမဟုတ်တာ သူတို့တွေလဲ ပါတယ်ဆိုတော့ သူတို့ကိုလဲ ဆွဲခေါ်ရမယ်လေ.. မဟုတ်ဘူးလား.
ဘောလုံးပွဲကို နေကြဲကြဲကွင်းမှာ ကန်ကြတယ်လေ.. အားပေးတဲ့သူတွေကတော့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေ.. လာကန်တဲ့ အ၆မတွေ ယောက်ျားတွေရဲ့ ဇာတ်လမ်းအဆင်တွေ.. စုံနေတာဘဲ.. ဒါနဲ့နေအုံး ပြောရအုန်းမယ် ရီစရာတခု.. ဘောလုံးကွင်းသွားရင်း စီစဉ်တဲ့သူကပြောတယ် ယောက်ျားရှာတွေက ဘောလုံးကွင်းမှာ လေ့ကျင်နေတဲ့အချိန်မှာ အ၆မအသင်းက အကတိုက် အလှပြင်နဲ့တဲ့.. အင်း….ပွဲကတော့ ကြည့်ကောင်းအုန်းမှာဘဲလို့…
တကယ်တမ်းကန်ကြတဲ့အခါမှာတော့ ပွဲက အကြိတ်အနယ်ပါဘဲ.. အ၆မအသင်းကကောင်းသလို ယောက်ျားရှာအဖွဲ့ကလဲ တော်ပါတယ်.. တဖက်တဖက်အားပေးကြ အော်ကြဟစ်ကြပြီး ကန်ပြီးတဲ့အခါမှာတော့ အ၆မအသင်းက အ၆မတို့ရဲ့ ဂုဏ်ကိုထိမ်းသောအားဖြင့် ၆ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိသွားတယ်.. ယောက်ျားရှာအဖွဲ့က complain လုပ်တာကတော့ ဘောလုံးဂိုးဖမ်းတဲ့သူက အ၆မမဟုတ်တဲ့ ယောက်ျားကြီးလို့ပါတဲ့… သူကဘော်လုံးပွဲမှ အကောင်းဆုံးဖမ်းနိုင်တဲ့သူလေ.. သန်သန်မာမာပုံစံမျိုးပေါ့.. အရင်ကလဲ လက်ဝှေ့ထိုးတယ်ဆိုတော့ ထင်ရင်လဲထင်စရာပါဘဲ.. နောက်မှသိရတာက သူက သူငယ်ထောင်တဲ့နေရာမှာ အစွမ်းဆုံးအပွင့်မပါတဲ့တော်.. မှတ်သားလောက်ပါပေရဲ့..
ညနေကျတော့ လူတွေအားလုံးစုံလာပါပြီ… ဒီပွဲမှာ ပါဝင်မယ့် အ၆မပေါင်းကတင် ၄၀ ကျော်ရှိတယ်.. အကတွေ အဆိုတွေ ဖက်ရှင်ရှိုးတွေနဲ့ ပွဲကတော့ မြိုင်ပြီပေါ့… ဖက်ရှင်ရှိုးအတွက် အန်တီကြီးတယောက်က အပင်ပန်းခံ သယ်လာပြီး sponsor လုပ်ပါတယ်.. ၀တ်စုံတွေကလဲ လှလှ ၀တ်မဲ့အ၆မတွေကလဲ ရွရွ အားလုံးကလဲ တက်တက်ကြွကြွ..
မနက် (၄) နာရီမှာ အခန်းထဲမှာ အနံ့တမျိုးရလို့ အိပ်ယာက ထကြည့်လိုက်တဲ့အခါ အမလေးလေး ဟော်တယ်တခုလုံး ပေါင်ဒါ မိတ်ကပ်နံ့အပြည့်နဲ့ ချယ်သနေကြတာ တနံ့တထောင်းထောင်းကို ထွက်ရော.. တခန်းဝင်တခန်းထွက်နဲ့ ပြင်နေတဲ့သူတွေ .. အပေါ်က ထိုင်မသိမ်း အောက်က အားကစားဘောင်းဘီတိုနဲ့ ငါဟဲ့ အခြောက်မတွေ.. မရှိတဲ့ ရင်သားကို ထမီရင်ရှားပြီး မိတ်ကပ်ချယ်နေတဲ့ မမအိနြေ္ဒရှင်တွေ… တင်အတုကို သုံးထပ်လောက်တပ်ပြီး တင်ပြနေတဲ့ တင်မမတွေရယ်.. မျက်စီမူးစရာဖြစ်ပေမဲ့ ပျော်စရာတော့ ကောင်းသား..
မနက် (၈) နာရီကစလို့ ဧည့်သည်တွေ ၀င်လာလိုက်တာ (၉) နာရီအချိန်မှာတော့ တခမ်းလုံးပြည့်သွားပါပြီ.. အလှပြင်ထားတဲ့အ၆မတွေက အဆင်သင့်ဖြစ်နေသလို စီစဉ်သူတွေလဲ အဆင်သင့်ဖြစ်နေပါပြီ… အခမ်းအနားမစခင်မှာ သက်တန့်ရောင်စဉ်အဖွဲ့က ဒီဗီဘီ တီဗီမှာထုတ်လွှင့်ပြသထားတဲ့ အကခွေတွေကို ပြသထားပြီး လူတွေရဲ့စိတ်ကို ဖမ်းစားနိုင်ပါတယ်….
ပွဲမှာလေ သူငယ်အဆင်တွေလဲ လာတယ်တော့.. အဆင်တယောက်ကို တွေ့လိုက်ရင် ဒေသခံအဖွဲ့က ဘယ်သူ့ရဲ့သူငယ်.. နောက်တယောက်တွေ့ပြန်ရင်လဲ နောက်တယောက်ရဲ့ ပန်းကလေး.. ဆိုတော့ တနယ်တကျေးကလာခဲ့ရတဲ့ သူတွေခမျာ မြင်သာမြင် မကြင်ရတဲ့ သူငယ်တွေလို့ဘဲ စိတ်ထဲမှာ မျိုသိပ်ခဲ့ကြရပါတယ်.. သူငယ်တွေကို ကြည့်ပြီး မျိုမျိုချရတဲ့ တနယ်တကျေးက အ၆မတွေရဲ့ တံတွေးမျိုချသံတွေဟာ ခမ်းမဆောင်တခုလုံး ဟိန်းနေအောင် ညံခဲ့ရပါတယ် (စာရေးသူရဲ့ ကိုယ်တိုင်ခံစားချက်လဲ ဖြစ်ပါကြောင်း)
ပထမဦးဆုံးပြောချင်တာကတော့ အခမ်းအနားစီစဉ်သူနှစ်ယောက်ပါ။ သူတို့လေးတွေက တယောက်ကိုတယောက် ကိုကိုတွေ မမတွေနဲ့ ချစ်ခင်ပြ ဖက်နမ်းပြနဲ့ ပရိသတ်နှစ်ခြိုက်စရာလေးတွေပါ… အမျိုးသားဝတ်စုံကို ၀တ်ထားတဲ့သူကတော့ အမျိုးသမီးချင်းချစ်သူဖြစ်ပြီး အမျိုးသမီး sexy gown လေးနဲ့ လှချင်တိုင်းလှနေတဲ့ အမျိုးသမီးလေးကတော့ အမျိုးသားချင်းချစ်သူဖြစ်နေတော့ ဒီနေ့အခမ်းအနားနဲ့ အရမ်းသင့်တော်သလို လူတွေ သဘောကျစရာလဲဖြစ်နေတာပေါ့…
စစချင်းအစီအစဉ်ကတော့ မာမီညီမောင်ရဲ့ အဖွင့်စကားလေးနဲ့ပါ…မာမီက အနောက်တိုင်းဝတ်စုံအမဲရောင်နဲ့ ဟော့နေတာဟေ့… ဒုတိယအစီစဉ်မှာ အပြည်ပြည်ဆိုင်ရာလိင်တူချစ်သူများအပေါ် မုန်းတီးမှုအား ဆန့်ကျင်ရေးနေ့ ကြေညာစာတမ်းကို ဖတ်ကြားသွားတဲ့သူကတော့ သက်တန့်ဖက်ရှင်လေးနဲ့ ပရိသတ်အာရုံကို ရယူသွားတဲ့ MHS ၀ိုင်းတော်သူလေး ထိုက်ထိုက်ဖြစ်ပါတယ်.. အဲဒါနဲ့နောက်ပိုင်းမှာတော့ လိင်တူချစ်ခြင်းဟာ ရောဂါမဟုတ်ပါဆိုတဲ့သီချင်းလေးနဲ့ အကအစီအစဉ်လေးဖြစ်ပါတယ်။ အနောက်တိုင်းဟန်တမျိုး မြန်မာတီးလုံးသံတသွယ်သီချင်းလေးနဲ့ အလှအကအပြီးမှာ ပရိသတ်တွေရဲ့ လက်ခုတ်သံတွေ ညံခဲ့ရပါတယ်။
နောက်အစီအစဉ်ကတော့ လိင်တူချစ်ချင်းအကြောင်းနဲ့ လက်ရှိအခြေနေကို အကျယ်တ၀ံ့ပြောသွားတာကတော့ တခြားလူဟုတ်ပါရိုးလား… ရွာရိုးကိုးပေါက် ဟိုးဟိုးကျော်တဲ့ အမေမျိုးပေါ့… ထုံးစံအတိုင်း အာဘောင်အာရင်းသန်သန်နဲ့ ပြောပြီးတဲ့အခါမှာ ပရိသတ်က ၀မ်းသာအားရလက်ခုတ်တီးကြပါတယ်… (ပြောတာပြီးသွားလို့တဲ့)…
နောက်ပိုင်းမှာတော့ မြန်မာသီချင်း တေးသရုပ်ဖော်တွေ၊ အကတွေမှ စုံနေတာဘဲ၊ တောင်ပြုံးသီချင်းကို remix လုပ်ကတာတို့… တပင်တိုင်အငြိမ့်တို့.. မင်းသားအကတို့ စုံမှစုံဘဲ..သိတယ်မို့လား အ၆မတို့က ဒါမျိုးဆို တော်မှတော်…
နောက်တခုကတော့ ဆရာဝန်တယောက်က လိင်တူချစ်ခြင်းကို ဆေးပညာအမြင်ကနေ သုံးသပ်ချက်ဆိုပြီး ဆွေးနွေးသွားပါတယ်… သူလေ့လာထားတဲ့ဆေးပညာစစ်တမ်းတွေ ကောက်နှုတ်ချက်တွေကို ဖတ်ပြသွားတယ် ကောင်းလိုက်တာရှင်ရယ်.. နောက်မှ သီးသန့်ပို့ပေးမယ်နော်..
ပရိသတ်စိတ်ဝင်စားတဲ့ နောက်အစီအစဉ်ကတော့ ဖက်ရှင်ရှိုးပါ.. မြန်မာရိုးရာ ထိုင်းမသိမ်းနဲ့ ခေတ်အဆက်ဆက်ဆံထုံးပုံစံတွေ ပုဂံခေတ်က ၀တ်စုံတွေကို ပုံစံအမျိုးမျိုး တထိုင်ထဲကြည့်ရတော့ လူတွေအကြိုက်ပေါ့.. အခုလို ၀တ်စုံပေါင်း ၁၇ စုံကို သယ်လာနိုင်တဲ့ ( လက်ဝတ်လက်စား ဆံပင် ဆံထုံးအစုံလိုက်နော်) သယ်လာနိုင်တဲ့ အန်တီမမကိုလဲ ကျေးဇူးတင်လိုက်တာ… လာတဲ့ပရိသတ်တွေက ဟယ်လှလိုက်တာ… လှလိုက်တာဆိုတဲ့အသံတွေကြားရတော့ ပွဲစီစဉ်တဲ့သူတွေ မောရကျိုးနပ်ပြီပေါ့..
နောက်ဖြေဖျော်ရေးတွေကတော့ ခေတ်ပေါ်မြန်မာတေးသရုပ်ဖော်.. နှစ်ပါးစုံတွဲ…အင်္ဂလိပ်သီချင်းအက .. စုံရောစုံရော.. ထူးခြားတာကတော့ တက်ရောက်လာတဲ့ သူတွေထဲက သူတို့အမြင်ကို လွတ်လပ်စွာပြောဆိုတဲ့ အစီအစဉ်ပါ.. ဂျီမတွေကို ၀ုန်းချင်တဲ့သူတွေ ရှိရင် ၀ုန်းပါစေ ကျုပ်တို့က သဘောထားကြီးကြီးနဲ့ ပြန်ဖြေရှင်းပေးတာပေါ့ဆိုတဲ့ ရည်ရွယ်ချက်က ထူးထူးခြားခြား ၀ုန်းတဲ့လူမရှိဘဲ အားပေးတဲ့သူတွေသာ ရှိခဲ့တယ်.. အလုပ်သမား၊ မိခင်၊ ကျောင်းဆရာ၊ ပညာပေးနေတဲ့ ကျန်းမာရေးလုပ်သား၊ အမျိုးသမီးချင်းချစ်သူ စတဲ့ လူတွေက လိင်တူချင်းချစ်သူတွေအပေါ် မုန်းတီးမှုမရှိသင့်တဲ့အကြောင်း ပြောပြသွားကြပါတယ်။ အဲဒီအထဲမှာ "အရပ်မြင့်မြင့် ဘော်ဒီတောင့်တောင့်နဲ့ ကျောင်းဆရာဦးလေးကြီးတယောက်က အရင်က အ၆မတွေကို ၀ုန်းခဲ့ဘူးပါတယ်.. အခုတော့ မ၀ုန်းတော့ဘဲ အ၆မတွေကို ချစ်ဘဲချစ်တော့မယ်"လို့ ပြောသွားလို့ အ၆မအန်တီတွေ ဆွေ့ဆွေ့ခုံအောင် ရင်တုန်ခဲ့ရပါသေးကြောင်း…
လိင်တူချစ်သူတွေရဲ့ဖြေဖျော်မှုအပြင် ရွေ့ပြောင်းအလုပ်သမားတွေအဖွဲ့က လူငယ်တွေကလဲ တတပ်တအားပါဝင် သီချင်းသီဆိုသွားပါတယ်။ ဘောလုံးပွဲနိုင်တဲ့ အသင်းတွေကို ဆုပေးအပြီး နောက်ဆုံးအစီအစဉ်ကတော့ မထင်မှတ်တဲ့ အစီအစဉ်လေးပါ.. သက်တန့်ရောင်စဉ်အသင်းသူတွေ သက်တန့်အလံကိုကိုင် စင်ပေါ်တက်လာပြီး အမေမျိုးကို ကျေးဇူးတင်တဲ့သီချင်းဆိုလို့ အမေ့မှာ မျက်ရည်ကျရသေးတယ်ကွယ်.. ဒီကြားထဲ ဗီဒီယိုလာရိုက်နေလို့ ကျနေတဲ့မျက်ရည်နဲ့ လှအောင်ပြင်ငိုလိုက်သေးတယ်.. သိတယ်မဟုတ်လား အ၆မဘဲဟာ…
နောက်ဆုံးပြောရရင်တော့ ကျေနပ်တယ်ဟေ့ ကျေနပ်တယ်.. အ၆မတွေ မညံ့ဘူးဆိုတာ ပြနိုင်တဲ့အပြင် လူတွေနားလည်အောင် လှုံှု့ဆော်နိုင်ခဲ့တယ်… အ၆မတွေ ပင်ပန်းခဲ့ပေမဲ့ အောင်မြင်မှုပီတိကို စားပြီး အားရှိတယ်.. နောက်တခါဆို လာနိုင်တဲ့သူတွေလာကြ.. လုပ်နိုင်တဲ့နေရာမှာ လုပ်ကြ.. ဒီနှစ်ဆောင်ပုဒ်က “homosexuality knows no border” တဲ့.. ကျုပ်တို့ဘယ်နေရာရောက်ရောက် ကျုပ်တို့က အတူတူဘဲ… စည်းလုံးကြ မ၀ုန်းကြနဲ့..
အမေမျိုး
မေ ၁၉၊ ၂၀၀၉
www.coloursrainbow.com
| Comments |
|
|
||||||||
|
||||||||
|
||||||||
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.