You are here: Home သတင်းဆောင်းပါး Feature ကမ္ဘာတစ်လွှား အောင်မြင်ကျော်ကြား လိင်တူချစ်သူများ(၁) (ဂေးဒါရိုက်တာ ရိုလန် အန်မာရစ်ခ်ျ)

ကမ္ဘာတစ်လွှား အောင်မြင်ကျော်ကြား လိင်တူချစ်သူများ(၁) (ဂေးဒါရိုက်တာ ရိုလန် အန်မာရစ်ခ်ျ)

E-mail Print PDF
Normal 0 false false false MicrosoftInternetExplorer4

Normal 0 false false false MicrosoftInternetExplorer4

Normal 0 false false false MicrosoftInternetExplorer4

Normal 0 false false false MicrosoftInternetExplorer4

Normal 0 false false false MicrosoftInternetExplorer4 ၂ဝ၁၂ ဇာတ်ကားဖန်တီးရှင် ဂေးဒါရိုက်တာ ရိုလန် အန်မာရစ်ခ်ျ

ရိုလန် အန်မာရစ်ခ်ျ

ဒီကနေ့ အမေရိကန်နဲ့ ကမ္ဘာတစ်ဝှမ်းမှာ ရေပန်းအစားဆုံးဖြစ်နေတဲ့ ရုပ်ရှင်ကတော့ ၂ဝ၁၂ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အခုတလော လူတွေကြားမှာ ပျံ့နှံ့နေတဲ့ ၂ဝ၁၂ခုနှစ်မှာ ကမ္ဘာကြီး ပျက်စီးတော့မယ်ဆိုတဲ့ အယူအဆအပေါ်မှာ အခြေခံရိုက်ကူးထားတာဖြစ်လို့ မထွက်ခင်ကတည်းက လူတွေ စိတ်ဝင်စားနေကြတာ ကြာပါပြီ။ တကယ်ရုံတင်ပြသတော့လည်း ဝင်ငွေကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ကမ္ဘာကြီးပျက်စီးတော့မယ့် အရိပ်လက္ခဏာတွေ ပေါ်ထွက်လာခဲ့ပေမယ့် လူအများက ဂရုမစိုက်မိကြပုံ။ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့အရောက် ကမ္ဘာ့နိုင်ငံအသီးသီးမှာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာပြီး လူတွေ အဆောက်အဦးတွေ သေကျေပျက်စီးကြရပုံ။ နောက်ဆုံးလက်ကျန် လူသားတစ်စုသာ တိဘက်ကုန်းမြင့်ဒေသကို ထွက်ပြေးတိမ်းရှောင်ပြီး လွတ်မြောက်သွားကြပုံတွေကို ကွန်ပြူတာ အထူးပြုလုပ်ချက်တွေ လှိုင်လှိုင်သုံးပြီး ရိုက်ကူးတင်ပြထားပါတယ်။

၂၀၁၀ရုပ်ရှင်ဇာတ်ကားပိုစတာ

ရုပ်ရှင်က စိတ်ဝင်စားစရာကောင်းသလို ရိုက်ကူးတဲ့ဒါရိုက်တာရဲ့ အကြောင်းကလည်း စိတ်ဝင်စားစရာပါပဲ။ ဒီဇာတ်ကားကို ကိုယ်တိုင်ဇာတ်ညွှန်းရေးသားပြီး ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ဒါရိုက်တာ ရိုလန် အန်မာရစ်ခ်ျ ဟာ ဂျာမန်လူမျိုး ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူတစ်ဦး ဖြစ်ပါတယ်။ သူ့ရုပ်ရှင်တွေဟာ မြန်မာပရိသတ်နဲ့ မစိမ်းပါဘူး။ သူရိုက်ကူးတဲ့ ဇာတ်ကားတွေဟာ နိုင်ငံတိုင်းလိုလိုမှာ ဝင်ငွေကောင်းပြီး လူကြိုက်များကြတာကြောင့် မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေမှာလည်း ရုံတင်ပြသ ဖြစ်ခဲ့တာများပါတယ်။

ဒါရိုက်တာ ရိုလန် အန်မာရစ်ခ်ျကို ၁၉၅၅ခုနှစ် နိုဝင်ဘာ ၁ဝရက်မှာ ဂျာမနီ နိုင်ငံ ဆင်ဒယ်ဖင်းဂတ်မြို့မှာ မွေးဖွားပြီး မြူးနစ်မြို့ တီဗီနဲ့ ရုပ်ရှင်တက္ကသိုလ်က ဘွဲ့ရခဲ့ပါတယ်။ သူပထမဆုံး ကျောင်းပရောဂျက်အဖြစ် ရိုက်ကူးခဲ့တဲ့ဇာတ်ကား The Noah's Ark Principle ဟာ ၁၉၈၄ ဘာလင်ရုပ်ရှင်ပွဲတော်မှာ စတင်ပြသခံရပါတယ်။ အဲဒီနောက် ဟောလိဝုဒ်ကို စတင်အခြေချပြီး အက်ရှင်ဇာတ်ကားတွေ ရိုက်ကူးခဲ့ရာမှာ ဝင်ငွေကောင်း ပေါက်ကားတွေဖြစ်ခဲ့ပါတယ်။ သူပထမဆုံး နာမည်ရသွားတဲ့ကားက အက်ရှင်မင်းသား ဗန်ဒိန်း ပါဝင်ထားတဲ့ Universal Soldier ဇာတ်ကားဖြစ်ပါတယ်။ ရန်ကုန်မှာ ရုံတင်ပြသခဲ့ပြီး ၁၉၉၄ ခုနှစ်ဝန်းကျင်က မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ ဇာတ်ကားဖြစ်ခဲ့ပါတယ်။

စတားဂိတ် ရုပ်ရှင်ဇာတ်ကားပိုစတာ

အဲဒီနောက် သိပ္ပံအက်ရှင်ဇာတ်ကား Stargate ကို ရိုက်ကူးခဲ့ပြီး အောင်မြင်တဲ့ဇာတ်ကား ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ဂြိုဟ်သားတွေရဲ့ ကျူးကျော်မှုကို ကမ္ဘာသူ ကမ္ဘာသားတွေ ပူးပေါင်းတွန်းလှန်ကြပုံအကြောင်း Independence Day ဇာတ်ကား ၁၉၉၆ မှာ ထွက်လာပါတယ်။ ဒီဇာတ်ကားဟာ ကွန်ပြူတာ အထူးပြုလုပ်ချက် အကယ်ဒမီဆု ဆွတ်ခူးခဲ့ပြီး သူ့ကိုလည်း ဟောလိဝုဒ် ထိပ်တန်း ဒါရိုက်တာတစ်ဦး ဖြစ်စေခဲ့ပါတယ်။ သူနောက်ထပ် ရိုက်ကူးခဲ့တဲ့ Godzilla ဇာတ်ကားကတော့ ဧရာမ ဂေါ်ဇီလာ သတ္တဝါကြီးပေါ်ထွက်လာပြီး နယူးယောက်မြို့ကြီးကို ဖျက်ဆီးပုံအကြောင်း ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ လူကြိုက်နည်းခဲ့ပြီး ဝေဖန်သူများက ကလေးကြိုက်အဆင့်သာ သတ်မှတ်ခဲ့ပါတယ်။ အဲဒီနောက် အက်ရှင်ဇာတ်ကားတွေ အရိုက်ရပ်ပြီး အမေရိကန် ပြည်တွင်းစစ်နောက်ခံ ဒရာမာ ဇာတ်ကား The Patriotကို ရိုက်ကူးခဲ့ပါတယ်။ ဒီ သူ့ရဲ့ရှားရှားပါးပါး ဒရာမာ ဇာတ်ကားထဲမှာ မဲလ် ဂစ်ဘဆင် ခေါင်းဆောင်ပါဝင်ထားပြီး၊ နောင်မှာ Brokeback Mountain ဇာတ်ကားနဲ့ နာမည်ရလာမည့် မင်းသားငယ် ဟိလယ်ဂျာက ဇာတ်ရန်အဖြစ် ပါဝင်ထားပါတယ်။

ဂေါ်ဇီလာ ရုပ်ရှင်ဇာတ်ကားပိုစတာ

အဲဒီနောက် သူရိုက်ကူးခဲ့တာက ၂ဝဝ၄ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့တဲ့ The Day After Tomorrow ဇာတ်ကားပါ။ ကမ္ဘာကြီးပူနွေးမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရာသီဥတု ဖောက်ပြန်မှုတွေအကြောင်း သတိပေးထားတဲ့ ဒီဇာတ်ကားကို ရုပ်ရှင်ကြည့် ပရိသတ်ကရော ပညာရှင် အသိုင်းအဝိုင်းကပါ လက်ခံခဲ့ကြပါတယ်။ Brokeback Mountain ဇာတ်ကားရဲ့ နောက်မင်းသားတစ်လက်ဖြစ်လာမယ့် ဂျိတ် ဂျက်ကိုဟော ဟာ ဒီဇာတ်ကားနဲ့ စတင်လူသိများလာတာ ဖြစ်ပါတယ်။

အဲဒီနောက် သူရိုက်ကူးခဲ့တဲ့ 10,000 BC ဇာတ်ကားက ဝင်ငွေကောင်းခဲ့ပေမယ့် သမိုင်းအချက်အလက်တွေ တိကျမှုမရှိလို့ ဝေဖန်ခံရပါတယ်။ အခု သူ့ရဲ့နောက်ဆုံးထွက် ၂ဝ၁၂ ဇာတ်ကားဟာလည်း သူ့ရဲ့ အရှေ့ကဇာတ်ကားတွေအတိုင်း ဝင်ငွေကောင်းနေပြီး ကွန်ပြူတာ အထူးပြုလုပ်ချက် ထူးချွန်ဆုတွေရဖို့ ရေပန်းစားနေပါတယ်။

၁၀၀၀၀ဘီစီ ရုပ်ရှင်ဇာတ်ကားပိုစတာ

ဟောလိဝုဒ်က ဒါရိုက်တာအားလုံးကို သူတို့ရိုက်ကူးခဲ့သမျှ ရုပ်ရှင်ဇာတ်ကားအားလုံးရဲ့ အောင်မြင်မှုအရ အဆင့်သတ်မှတ်ရာမှာ သူက နံပါတ်၁၈ ချိတ်ခဲ့ပါတယ်။ ဒါပေမယ့် သူရိုက်ကူးခဲ့သမျှ ရုပ်ရှင်အများစုဟာ ဘေးအန္တရာယ် တစ်ခုခုကြောင့် လူတွေ သေကြေ ပျက်စီးရပုံ အကြောင်းဇာတ်လမ်းတွေသာဖြစ်ပြီး၊ ကွန်ပြူတာ အထူးပြုလုပ်ချက်တွေအပေါ်မှာပဲ အလွန်အမင်းမှီခိုနေရတယ်။ အနုပညာနဲ့ သရုပ်ဆောင်ပိုင်းတွေမှာ အားနည်းတယ်လို့ ဝေဖန်ခံနေရပါတယ်။

တဒေးအာဖ်တာ တူမောရိုး ရုပ်ရှင်ဇာတ်ကားပိုစတာ

သူဟာ လက်ရှိဟောလိဝုဒ်မှာ နာမည် အကျော်ကြားဆုံး ဒါရိုက်တာတစ်ဦးဖြစ်ပြီး လိင်တူချစ်သူများအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ ပွဲလမ်းသဘင်များမှာလည်း တက်ကြွစွာ ပါဝင်လေ့ရှိသူ ဖြစ်ပါတယ်။ လိင်တူချစ်သူများအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်အားလုံးကို မှတ်တမ်းအဖြစ်သိမ်းဆည်းဖို့ ဆောင်ရွက်နေတဲ့ ပရောဂျက်တစ်ခုကို အလှူငွေ ဒေါ်လာ၁၅ဝဝဝဝ ထည့်ဝင်ပြီး ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။ ၂ဝဝ၇ခုနှစ် အမေရိကန် ရွေးကောက်ပွဲမှာ ကယ်လီဖိုးနီးယားမှ LGBTလိင်တူချစ်သူများ အသိုက်အဝန်းကို ကိုယ်စားပြုပြီး ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန်အတွက် စည်းရုံးလှုံ့ဆော်ပေးခဲ့ပါတယ်။

25,November,2009

နေရောင်

Comments
Add New Search
Aung Lin Htet   |203.81.166.xxx |2009-11-29 00:30:01
I've watch the film. I think the story is not very admiring.
It is full with c
omputer generated ani mations.

But I don't know the director is a gay.
It is
very successful movie.
Cheer up Roland Emerich....
Proud of u
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More