You are here: Home သတင်းဆောင်းပါး Feature ကမ္ဘာတစ်လွှား အောင်မြင်ကျော်ကြား လိင်တူချစ်သူများ(၃) (မာ့ခ် ဖီလီ)

ကမ္ဘာတစ်လွှား အောင်မြင်ကျော်ကြား လိင်တူချစ်သူများ(၃) (မာ့ခ် ဖီလီ)

E-mail Print PDF

ဂေးလောကရဲ့ အားကျစရာ အကောင်းဆုံး စုံတွဲ မာ့ခ်နဲ့ ကဲဗင်

Mark Feehily and Kevin

သူ့အကြောင်းကြားကြားချင်း ဟုတ်မှ ဟုတ်ရဲ့လားလို့တောင် သံသယဖြစ်မိပါတယ်။ Westlife ဆိုတာ တကမ္ဘာလုံး မသိသူမရှိလောက်အောင် ကျော်ကြားပြီး ဆယ်ကျော်သက်တွေ အရူးအမူးနှစ်သက်စွဲလမ်းကြတဲ့ အိုင်းရစ် လူငယ် ဂီတအဖွဲ့ပါ။ သူတို့အဖွဲ့ဟာ ရေးစပ်သီဆိုတဲ့ သီချင်းတွေကတင် ကောင်းတာ မဟုတ်ဘဲ သီဆိုသူ အဆိုတော် ကောင်လေးငါးဦးကလည်း နုပျိုချောမော ယောက်ျားပီသပြီး ဆွဲဆောင်မှု ရှိကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာတစ်လွှား သူတို့သွားလေရာ နိုင်ငံတိုင်းမှာ သူတို့ကိုချစ်တဲ့ ပရိသတ်တွေ၊ အထူးသဖြင့် မိန်းကလေး ပရိသတ်တွေက သည်းသည်းလှုပ်ကြိုဆို အားပေးကြတာ ကိုတွေ့နိုင်ပါတယ်။

ဒီကမ္ဘာကျော် Westlife အဖွဲ့က မာ့ခ် ဖီလီဟာ လိင်တူချင်းချစ်သူ ဂေးတစ်ဦးဖြစ်ကြောင်း ဗြိတိန်ထုတ် The Sun သတင်းစာမှာ ထုတ်ဖော်ပြောကြားလိုက်ပြီတဲ့။ သူ့မှာ ချစ်သူကောင်လေးတစ်ဦးလည်း ရှိနေပြီး သူဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကိုပါ တခါတည်း ထုတ်ပြောလိုက်တယ်တဲ့။ ဒီလို ကြေငြာ လိုက်တဲ့အတွက် သူ့ပရိသတ်တွေကလဲ သူ့အပေါ် အချစ်အခင်မပျက်ပါပဲတဲ့။ ဒီအကြောင်းတွေကို ကြားရတာ Too good to be true ဆိုတဲ့ စကားလိုပါပဲ။

"က္မန်တော်ဟာ ဂေးတစ်ဦပါ။ ဒီအတွက် ဂုဏ်ယူပါတယ်။ ဒီလို ဖွင့်ပြောလိုက်တာဟာ ဘယ်သူ့ဆီက စာနာထောက်ထားမှုကို မှ မျှော်လင့်လို့ မဟုတ်သလို၊ ဘယ်သူ့အတွက်မှလဲ Role Model ဖြစ်လာဖို့ မမျှော်လင့်ပါဘူး"လို့ မာခ်ဖီလီက ယူကေက gay.com ဝက်ဘ်ဆိုဒ်ကို ပြောပြခဲ့ပါတယ်။

"ကျွန်တော့်ဘဝမှာ အခုမှပဲ လွတ်လပ်ပေါ့ပါးသွားပါတယ်။ ကျွန်တော့်ရဲ့ လိင်ပိုင်းဆိုင်ရာ ရွေးခြယ်မှုဟာ ကျွန်တော့် တစ်ဘဝလုံး မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ဘဝရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ လူတိုင်းအတွက် ပွင့်လင်းရမယ့် ကိစ္စလည်းဖြစ်ပါတယ်။ အခုလိုဖွင့်ပြောလိုက်ရလို့ အရင်ကထက် ပျော်ရွှင်ပြီး သက်တောင့်သက်သာဖြစ်သွားလို့ ကျွန်တော့် တစ်ဘဝလုံးပြောင်းလဲသွားသလို ခံစားရပါတယ်။ ဒီလိုလုပ်မိတဲ့အတွက် နောင်တမရပါဘူး"လို့ မာ့ခ်က အခြား အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

Mark Feehily

မာ့ခ်ဖီလီကို ၁၉၈ဝခုနှစ် မေလ ၂၈ရက် မှာ အိုင်ယာလန်နိုင်ငံက ဆလီဂိုဆိုတဲ့ မြို့ငယ်လေးမှာ မွေးဖွားခဲ့ပါတယ်။ သူ့မှာ ဘာရီနဲ့ ကောလင်းဆိုတဲ့ အစ်ကို နှစ်ဦး ရှိပါတယ်။ မာ့ခ်ဟာ ဘောလုံးကန်ရတာ ဝါသနာပါသူဖြစ်ပြီး လီဗာပူးအသင်း ပရိသတ်ဖြစ်တယ်လို့ သိရပါတယ်။ သူအဆိုတော် မဖြစ်ခင် ငယ်ငယ်က ပီဇာမုန့်ပို့သူအဖြစ် အလုပ်လုပ် ခဲ့ရပါတယ်။ သူကောလိပ်အရောက်မှာ အခြား Westlife အဖွဲ့ဝင်တွေ ဖြစ်လာမဲ့ ရှိန်း၊ ကီရန် တို့နဲ့ တွေ့ပြီး IOU ဆိုတဲ့ ဂီတအဖွဲ့ဖွဲ့ဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် သူတို့သုံးဦးဟာ IOU အဖွဲ့က ထွက်ပြီး ဒပ်ဘလင်မြို့ကလာတဲ့ နစ်ကီ၊ ဘရိုင်ယန်တို့နဲ့ ဂီတအဖွဲ့တစ်ခု အသစ်ဖွဲ့စည်းလိုက်ပါတယ်။ စတင်ဖွဲ့စည်းစဉ်က အဖွဲ့အမည်က Westside ပါ၊ နောက်တော့ ဒီနာမည်နဲ့ အမေရိကန် ဂီတအဖွဲ့တစ်ခု ရှိပြီး ဖြစ်နေလို့ Westlife လို့ အမည်ပြောင်းခဲ့တာပါ။

ဒီနာမည်နဲ့ သူတို့ရဲ့ ပထမဆုံး တေးစီးရီး "Swear It Again" ကို ၁၉၉၉ ဧပြီမှာ စတင်ထုတ်ဝေခဲ့ရာမှာ ယူကေမှာ နံပါတ်၁ တေးစီးရီး ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် ထုတ်လုပ်ခဲ့တဲ့ ဒုတိယ စီးရီး "If I Let You Go" တတိယ စီးရီး "Flying Without Wings" နဲ့ စတုတ္ထ စီးရီး "I Have A Dream" တို့ဟာ ဆက်တိုက်ပဲ ယူကေမှာ နံပါတ်၁ တေးစီးရီးတွေ ဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့ ငါးခုမြောက် တေးစီးရီး "Fool it again"ပါ နံပါတ်တစ် စာရင်းထပ်ဝင်တဲ့အခါမှာတော့ သမိုင်းမှာ မကြုံစဖူး ငါးကြိမ်ဆက် နံပါတ်၁ဖြစ်တဲ့ ဂီတအဖွဲ့အဖြစ် ဂင်းနစ်မှတ်တမ်းမှာ စာရင်းဝင်ခဲ့ပါတယ်။ Westlife အဖွဲ့ရဲ့ဂီတဖျော်ဖြေပွဲတွေကိုလည်း ကမ္ဘာ့တိုက်ကြီးတိုင်းမှာ ကျင်းပနိုင်ခဲ့ပြီး လက်ရှိ အချိန်အထိ အအောင်မြင်ဆုံး ဂီတအဖွဲ့တစ်ခုအဖြစ် ရပ်တည်နေဆဲပါ။

Westlife အဖွဲ့ရဲ့ ရွှေရောင်နေ့ရက်တွေ အထွတ်အထိပ်ရောက်နေချိန်မှာ မာ့ခ်ဟာ သူ့ဘဝအမှန်ကို ဖွင့်ပြောလိုက်တာ ဖြစ်ပြီး၊ သူ့ချစ်သူကိုပါ လူသိရှင်ကြား ကြေငြာလိုက်ပါတယ်။ သူ့ချစ်သူကောင်လေးကတော့ အခု ပျက်သွားပြီဖြစ်တဲ့ အမျိုးသား ဂီတအဖွဲ့ "ဗွီ" အဖွဲ့က အဆိုတော် တစ်ဦးဖြစ်သူ ကဲဗင် မတ်ခ်ဒိတ် ပဲဖြစ်ပါတယ်။ ဒပ်ဘလင်မြို့မှာ လုပ်ခဲ့တဲ့ ကလေးများ ရန်ပုံငွေ ဖျော်ဖြေပွဲတစ်ခုမှာ သူတို့နှစ်ဦးစတင်တွေ့ခဲ့ကြတာပါ။ သူတို့နှစ်ဦး ဆုံတွေ့ချိန်မှာ ကဲဗင်က ၂၁နှစ်သာရှိပြီး၊ မာခ့်က ၂၆နှစ်ဖြစ်လို့ မာ့ဒ်အတွက် ချစ်ညီလေးပါပဲ။

Westlife

မာ့ခ်ဟာ ဂေးတစ်ဦးဖြစ်ကြောင်း ကြေငြာခဲ့ပြီး မကြာခင်မှာပဲ ဝက်စ်လိုက်အဖွဲ့ရဲ့ fan site တွေမှာ ပရိသတ်တွေဝင်ရေးတဲ့ အားပေး ထောက်ခံကြောင်း comment တွေနဲ့ ပြည့်သွားခဲ့ပါတယ်။ ဝက်စ်လိုက်အဖွဲ့ရဲ့ အမာခံ ပရိသတ်ဟာ မိန်းကလေးတွေ ဖြစ်ပေမယ့် မာ့ခ်နဲ့ပက်သက်လို့ ပရိသတ်ရဲ့ အားပေးမှုဟာ အပြောင်းအလဲမရှိလှဘူးလို့ သိရပါတယ်။

မာ့ခ်အရင် Boyzone အဖွဲ့က Stephen Gateley (ယခုကွယ်လွန်) ကလည်း ဂေးတစ်ဦးအဖြစ် ကြေငြာခဲ့ပြီး၊ သိပ်မကြာခင်မှာ ဂျက်စတင် တင်းဘားလိတ် ပါဝင်တဲ့ NSync အဖွဲ့မှ Lance Bass ကလည်း People မဂ္ဂဇင်းမှာ ဂေးအဖြစ် ဖွင့်ဟခဲ့ကြပြီး ဖြစ်ပါတယ်။ အခုဆိုရင် နာမည်ကျော် အမျိုးသား ဂီတအဖွဲ့တွေထဲမှာ ဂေးနဲ့ကင်းတာ Backstreet boys တစ်ဖွဲ့သာ ကျန်ပါတော့တယ်။

လန်ဒန်တွင် Bruno ဇာတ်ကားအထူးပွဲပြသသည့် ရုပ်ရှင်ရုံသို့ လာရောက်ကြည့်ရှုစဉ်

မာ့ခ်နဲ့ ကဲဗင်တို့ နှစ်ဦးဟာ လက်ရှိ တရားဝင် လက်ထပ်ဖို့ အစီအစဉ်မရှိသေးပေမယ့် အင်္ဂလန်နိုင်ငံမှာ လိင်တူချစ်သူတွေကို တရားဝင်ပေါင်းစည်းခွင့်ပြုထားတဲ့ Civil Partnership Act အရ အတူလက်တွဲနေထိုင်သွားဖို့ စိတ်ကူးထားတယ်လို့ ၄င်းတို့နှစ်ဦးလုံးကပြောကြားထားပါတယ်။

၂ဝဝ၇ ဒီဇင်ဘာလ ထုတ် Attitude ဂေးမဂဇင်းမှာ ၄င်းတို့နှစ်ဦး စုံတွဲပုံမျက်နှာဖုံးနှင့်ထုတ်ဝေခဲ့ပြီး၊ ၄င်းတို့နှစ်ဦးအကြောင်း အင်တာဗျူးကိုပါ ဖော်ပြခဲ့ပါတယ်။ အဲဒီ အင်တာဗျူးမှာ မက်ခ်က ကဲဗင်နှင့်အတူ အိုမင်းသည်အထိ အတူနေထိုင်သွားလိုကြောင်း။ မိမိတို့ နှစ်ဦး ထာဝရ အတူတကွရှိလိမ့်မည် လို့ ယုံကြည်ပါတယ်ဟု ပြောကြားခဲ့ပါတယ်။

သူတို့နှစ်ဦးကို ချစ်တဲ့ပရိသတ်တွေက fan site တစ်ခုလွှင့်တင်ထားပါတယ်။ လိပ်စာက http://markevin.fan-sites.org ဖြစ်ပြီး မာ့ခ် နဲ့ ကဲဗင်တို့ရဲ့ နောက်ဆုံးပေါ် သတင်းနဲ့ ဓါတ်ပုံတွေကို ကြည့်ရှုနိုင်ပါတယ်။


နေရောင်လင်းခန့်

25 December, 2009

Reference

Westlife singer reveals 'I'm gay', BBC

http://news.bbc.co.uk/2/hi/entertainment/4166046.stm

Wikipedia

Comments
Add New Search
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More