You are here: Home သတင်းဆောင်းပါး Feature ဗီယက်နမ်မှ ငုရင်ဗန်ဒုန် အပုန်းဘ၀မှ ရုန်းထွက်ခဲ့ပြီ

ဗီယက်နမ်မှ ငုရင်ဗန်ဒုန် အပုန်းဘ၀မှ ရုန်းထွက်ခဲ့ပြီ

E-mail Print PDF

ငုရင်ဗန်ဒုန် ဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်က ဗီယက်နမ်လိုဆိုရင် သတ္တိခဲပေါ့။ ပညက်သွားရာ ဓာတ်သက်ပါဆိုသလိုဘဲလားတော့မသိ၊  ငုရင်ဗန်ဒုန်တယောက် သတ္တိရှိရှိနဲ့ မိမိရဲ့လိင်စိတ်ခံယူမှုကို ပွင့်ပွင့်လင်းလင်း ပွင့်ဟလိုက်ပါပြီ။ အခုဆိုသူဟာ Bong  လို့ ဗီယက်နမ်လိုခေါ်တဲ့ ဂေးဘ၀ကို ကျေကျေနပ်နပ်နဲ့ ခံယူအသက်ရှင်နေလိုက်ပါပြီ။  ဗီယက်နမ်မှာ Bong ဖြစ်ရတာ အခြားနိုင်ငံတွေမှာလိုပါပဲ၊

ပတ်ဝန်းကျင် လူမှုအသိုင်းအ၀ိုင်းက လုံးလုံးကို လက်မခံနိုင်သေးတဲ့ဘ၀မို့ တော်တော်မလွယ်ကူတဲ့ ဘ၀ပါ။ ဗီယက်နမ်မှာ ဒီလိင်တူချစ်သူတွေရဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိ ထုတ်ဖော်ပြောဆိုဖို့ ဗီယက်နမ် လူထုရဲ့ အတွေးအခေါ် အမြင်တွေကို ဖွင့်ပေးဖို့ အချိန်တန်နေပါပြီလို့ အသက် ၄၀ ပြည့်ပြီဖြစ်တဲ့ ငုရင်ဗန်ဒုန်တယောက် မချင့်မရဲ ပြောဆိုရှာပါတယ်။ ပေါ်ပြူလာဖြစ်ချင်လို့၊ လူတွေရဲ့ စိတ်ဝင်စားမှုခံချင်လို့ ငုရင်ဗန်ဒုန်တယောက် သူ့ရဲ့ လိင်စိတ်ခံယူမှုကို ထုတ်ဖော်ပြောဆိုတာလို့ လူအချို့ကတီးတိုးပြောဆိုကြပေမယ့် ငုရင်ကတော့ နာမည်ကြီးတယ်ဆိုတာ လွယ်တဲ့ကိစ္စတခုမဟုတ်ပါဘူး၊

ကိုယ့်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို အများကြီးပေးဆပ်လိုက်ရတာပါ၊ ကျနော်က ကိုယ်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို အရမ်းတန်ဖိုးထားတဲ့သူပါ၊ ကျော်ကြားမှုတွေကို ကျနော်မလိုချင်ပါဘူး။ ဒါပေမယ့် ဒီလိင်စိတ်ခံယူမှုကို ထုတ်ဖော်ပြောဆိုလိုက်တယ်ဆိုတာက နာမည်ကြီးသွားတယ်ဆိုတာထက် ကိုယ်ရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်တွေကို ပေးဆပ်လိုက်ရတာကများပါတယ်။ ဒါပေမယ့် လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တခု အမှန်တရားကို လက်ခံလိုက်တဲ့သဘောလို့ ကျနော်ခံယူတဲ့အတွက်ကြောင့်သာ ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုလိုက်တာပါလို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။  

တင်းကြပ်တဲ့ရှေးရိုးစွဲအမြင်တွေနဲ့အတူ ကွန်မြူနစ်အုပ်ချုပ်ရေးစနစ်အောက်မှာရှိနေတဲ့ ဗီယက်နမ်မှာ ဂေးအနည်းစုလောက်ကသာ လူသိရှင်ကြား ပေါ်ပေါ်ထင်ထင်နေထိုင်ဝံ့ကြတာဖြစ်ပါတယ်။ ဗီယက်နမ်မှာ မိန်းမဘဲဖြစ်ဖြစ်၊ ယောက်ျားဘဲဖြစ်ဖြစ် လိင်တူချစ်သူတစ်ယောက်အဖြစ်နဲ့ မွေးလာခဲ့ပြီဆိုရင်တော့ သေချာတယ်၊ မင်းဟာ အဆိုးဆုံး အချိန်၊ ခုနှစ်၊ လ၊ ရက်၊ အမှားယွင်းဆုံးနေရာနဲ့ ကံအဆိုးဆုံး ဇာတာခွင်မှာ မွေးလာခဲ့တယ်လို့သာမှတ်လိုက်ပါ။ ဗီယက်နမ်မှာ ဂေးတိုင်းလိုလို တောင့်တမျော်လင့် ဆုတောင်းလေ့ရှိတာကတော့ တကယ်လို့များ နောင်ဘ၀သာရှိခဲ့မယ်ဆိုရင် မိန်းမကိုချစ်တဲ့ ယောက်ျားသားဖြစ်ရပါလို၏လို့ ဆုတောင်းတတ်ကြတာပါပဲလို့ ဗီယက်နမ်က ငုရင်တို့အုပ်စုက ထုတ်ဝေတဲ့ ပထမဦးဆုံးသော ဂေးစာအုပ်မှာ ရေးသားတင်ပြထားပါတယ်။  

ငုရင်ရဲ့ ပြောဆိုချက်အရဆိုရင် ဗီယက်နမ်မှာ မိမိကိုယ်ကို မိမိ ဂေး လို့ဝန်ခံရမှာကို ရှက်ကြောက်ပြီး အပုန်းဘ၀နဲ့ မိန်းမကြိုက်ယောင်ဟန်ဆောင်နေထိုင်နေတဲ့ ဂေးတွေ တပုံကြီးပဲလို့ဆိုပါတယ်။ သူက အဲဒီလို ဟန်ဆောင် ပုန်းအောင်းနေကြတဲ့သူတွေကြောင့် လူမှုအသိုင်းအ၀ိုင်းမှာ လူမှုရေးပြ၏နာတွေ ပိုပြီးရှုပ်ထွေးစေတယ်။ ဥပမာ - အချို့ဆိုရင် လူမှုအသိုင်းအ၀ိုင်းရဲ့ လက်ခံအသိအမှတ်ပြုမှုကို လိုချင်ကြတော့ လိမ်ညာဟန်ဆောင်ပြီး လက်ထပ်ထိမ်းမြားကြတယ်။ ကြာတော့ ဂေးဖြစ်နေတဲ့ စိတ်ကဟန်ဆောင်ဖုံးဖိလို့မရပြန်၊ ကြာတော့ပေါ်၊ ဒီလိုနဲ့ဘဲ မိန်းကလေးတယောက်ရဲ့ ဘ၀ဘယ်လောက်တောင် နစ်နာသွားလိုက်မလဲ။ ပိုဆိုးတာက သားသမီးတွေရကြတယ်၊ နောက်တော့မှ ကိုယ်က မဖုံးနိုင်မဖိနိုင်နဲ့ ယောက်ျားနောက်လိုက်သွားရော၊ ကောင်းရောလား စဉ်းစားကြည့်၊

အဲဒီလိုမျိုးဂေးတွေ ဗီယမ်နမ်မှာ အများကြီးဘဲလို့ထုတ်ဖော်ပြောဆိုပါတယ်။ အမှန်တကယ်တော့ ငုရင်ကိုယ်တိုင်အဲဒီလိုခက်ခဲတဲ့ အပုန်းဘ၀ကိုဖြတ်ကျော်ခဲ့ဖူးပါတယ်။ ဆယ်ကျော်သက်အရွယ်တုန်းကဆို ဗလတောင့်တောင့် လက်မောင်းပေါ်မှာ တက်တူးအရုပ်မျိုးစုံထိုးလို့ အားကောင်းမောင်းသန်ပုံနဲ့ ငုရင်တယောက် မိန်းကလေးပေါင်းများစွာရဲ့ အသဲနှလုံးတွေကို ခြေမွခဲ့ဖူးပါတယ်။

မိသားစုတခုလုံး စိတ်အေးချမ်းသာရှိစေတော့ဆိုပြီးတော့ မိန်းကလေးတယောက်ကို ကြိုးစားပိုးပန်းချစ်ကြိုက်ခဲ့ဖူးပါတယ်။ အမယ်လေး မပြောပါနဲ့တော့ ကိုယ့်ကိုယ်ကို ညှင်းဆဲနေသလိုပဲ၊ ဘယ်လိုနည်းနဲ့မှ အခြားလူသားတယောက်ကို ဟန်ဆောင်ပြီးမနေနိုင်ဘူး။ မိန်းကလေးတွေကိုဆို ဘယ်လိုမှ ခံစားလို့ကိုမရတာ၊ တကယ့်ဝန်ထုတ်ဝန်ပိုးကြီးပဲ၊ ပြီးတော့လဲ ကိုယ့်ရဲ့အရှက်လုံခြုံဖို့အတွက် ဘယ်လိုမျိုးစိတ်ဓာတ်နဲ့ မိန်းကလေးတယောက်ကို အသုံးချပြီး ဟန်ဆောင်ညှင်းဆဲရဲမှာလဲ။

နောက်ဆုံးတော့ ငုရင်တို့ပွင့်ထွက်သွားတာပဲ။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပွင့်ထွက်သွားဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးနော်၊ တော်ရုံသတ္တိမျိုး၊ တိုက်ရဲခိုက်ရဲတဲ့သတ္တိမျိုးတွေနဲ့ တခြားစီပဲ။ အဲဒီလိုမျိုးသတ္တိတွေထက်ပိုတဲ့ စွန်စားရဲတဲ့သတ္တိမျိုးရှိဖို့ တကယ်ကိုလိုအပ်တယ်လို့ ရီရီပြုံးပြုံးနဲ့ပြောဆိုပြန်ပါတယ်။  အခုအချိန်မှာတော့ ငုရင်တယောက် စိတ်တူကိုယ်တူ သူငယ်ချင်းတသိုက်နဲ့ ထင်းရှူးမြိုင်” Green Pine လို့အမည်ရတဲ့ လိင်တူချစ်သူတွေကို လူမှုရေးနဲ့ ကျန်းမားရေးအပိုင်းတွေမှာ ပညာပေးတဲ့လုပ်ငန်းတွေကိုလုပ်ကိုင်တဲ့ ကိုယ်ထူကိုယ်ထ အဖွဲ့ကလေးတဖွဲ့ကို ဖွဲ့စည်းတည်ထောင်လို့ ပြီးသွားခဲ့ပါပြီ။ ကိုယ့်ကိုယ်ကို ဘယ်လောက်တုံးမှန်း အခုမှသိတယ် သိလား၊ အရင်တုန်းကဆို ကိုယ့်ကိုယ်ကို စိတ်ရောဂါဖြစ်နေတဲ့လူတယောက်လိုအမြဲခံယူနေတာလေ။ အခုမှသိတယ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာဆရာဝန်များအသင်းတွေက လိင်တူချင်းချစ်တာ စိတ်ရောဂါမဟုတ်ဘူးဆိုပြီး သက်သေပြပြီးသားလေ --- ဟား  ဟား ဒါကတော့ ငုရင်တယောက် ရယ်မောစွာနဲ့ နောက်ဆုံးပြောဆိုသွားတဲ့ စကားလေးဘဲ ဖြစ်ပါတယ်၊

အယ်ဒီတာအဖွဲ့မှ ဘာသာပြန်သည်  

  Tran Thi Minh HaHanoiOctober 23/08, Bangkok Post

Comments
Add New Search
Anonymous   |203.81.166.xxx |2009-04-22 16:55:51
good .......i want to be like that ........
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More