စွန်းဒီဟူဆိုတဲ့ဖခင်တယောက်ဟာ သူ့ရဲ့တစ်ဦးတည်းသောသားဖြစ်တဲ့  စွန်းမူဟာ အမျိုးသားချင်း ချစ်သူဖြစ်နေတာကို သူ့သားအသက် (၃၀)နှစ်ရောက်မှ သိလိုက်ရပါတယ်၊ အဲဒီအချိန်မှာ သားဖြစ်သူစွန်းမူဟာ သူ့ရဲ့ လိင်တူချစ်သူနဲ့ အတူနေထိုင်လာခဲ့တာတောင် (၃)နှစ် နီးပါးတောင် ရှိခဲ့ပြီဖြစ်ပါတယ်၊
စွန်းဒီဟူဟာ လီယွန်မြို့ နယ် ဒယ်လီယန်ဒေသမှာ နေထိုင်တဲ့ အသက်(၅၈)နှစ်အရွယ် လယ်သမားကြီး တစ်ယောက်ဖြစ်ပါတယ်၊ စွန်းဒီဟူက သူဏ္ဍသားစွန်းမူဟာ လိင်တူချင်းချစ်သူ တယောက်ဖြစ်တာကို သိလိုက်ရတဲ့အချိန်မှာ့  အကြီးအကျယ်တုန်လှုပ်သွားပြီး သူ.သားကို သတ်ပစ်ချင်တဲ့ အထိ စိတ်တွေ ပေါ်ခဲ့တယ်လှို ပြောပြပါတယ်၊ စွန်းဒီဟူက သူ့ သားရဲ့ အုံ့ပုန်းစိတ်ကို သိနိုင်တဲ့အခွင့်အလမ်း တွေရခဲ့ပေမဲ့ မရိပ်မိခဲ့ဘူးလို့ပြောပြပါတယ်၊
စွန်းမူဟာ ဒယ်လီယန်မှာရှိတဲ့ နာမည်အကြီးဆုံးဂေးဘားတစ်ခုကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့အဖေကလဲ အဲဒီဘားမှာ မကြာခဏဆိုသလို အလုပ်ဝင်လုပ်ခဲ့ဖူးပါတယ်၊ မစ္စတာစွန်းက “ဘားကိုလာတဲ့  ဖောက်သည်အများစုဟာ အမျိုးသားတွေဖြစ်တယ်ဆိုတာတော့  သတိထားမိတယ်။ ဒါပေမယ့် အဲလိုကိစ္စနဲ့ ပတ်သက်ပြီးတော ရှည်ရှည်ဝေးဝေးမစဉ်းစားဖြစ်ခဲ့ဘူး”ဟု ဆိုပါတယ်၊ “ကျွန်တော်သိတာက ဆိုင်ကိုလာတဲ့ ဖောက်သည်အများစုဟာ ယောက်ျားသားများ ဖြစ်တယ်ဆိုတာကိုပဲ၊ သူတို့ တွေ လာနေ။ သွားနေကြတာကိုလဲ မြင်တယ်၊
ဒါပေမဲ့ သူတို့နဲ့ ပတ်သက်ပြီး ဘာသံသယမှမရှိခဲ့ဘူး၊ တစ်ခါတုန်းကဆိုရင် ဂေးစုံတွဲတစ်တွဲရဲ့ လက်ထပ်ပွဲအတွက် ဖဲကြိုးတွေတောင် ကိုယ်တိုင်အလှဆင်ပေးခဲ့တာ၊ အဲဒါဘာပွဲအတွက် လုပ်မှန်းမသိပဲနဲ့ကိုလုပ်ခဲ့တာ” လို့ မစ္စတာစွန်းက သူ့ ကိုယ်သူ ရယ်ရင်းပြောပြပါတယ်၊ “ကျွန်တော်က အဲဒါနဲ့ ပတ်သက်ပြီး အသိနောက်ကျသူ ဖြစ်ချင်ဖြစ်မှာပါ၊ နောက်ဆုံးကျရင် အဲဒီကနေ သိလာရတဲ့အချက်က ဘာလဲဆိုတော့၊
ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဟာ အတူပေါင်းသင်းနေထိုင်တာသာ သဘာဝတရားဖြစ်တယ်ဆိုတဲ့ ယူဆချက်က မဟုတ်တော့ဘူးဆိုတဲ့ သင်ခန်းစာပါဘဲ” ဟု သူက ဆိုပါတယ်၊ စွန်းမူကသူ့ ရဲ့ လိင်စိတ်အမှန်ကို မိဘတွေမသိအောင် နှစ်အတော်ကြာကြာ ကြိုးစားဖုံးကွယ်ထားခဲ့နိုင်ပါတယ်၊ ဒယ်လီယန်ကနေ သူ့ရဲ့ မွေးရပ်မြို့ ကိုပြန်လာမယ်ဆိုရင် ဘတ်စ်ကားနဲ့ ဆို (၃)နာရီလောက်ပဲကြာပေမဲ့ သူ့ရဲ့ အဖွား ၂၀၀၁ခုနှစ်အစောပိုင်းလောက်မှာ ဆုံးခဲ့တာတောင် ပြန်မသွားခဲ့ပါဘူး၊
နွေရာသီပွဲတော်တွေမှာ အိမ်ကို ပြန်မလာတာလဲ တော်တော်ကြာသွားခဲ့ပါပြီ၊ “သူ့အဖွားကသူ့ကိုအရမ်းချစ်တာ။။ အိမ်ထောင်လဲ အရမ်းကျစေချင်နေခဲ့တာ”လို့ ဖခင်ဖြစ်တဲ့ မစ္စတာစွန်းကပြောပြပါတယ်၊ အိမ်ထောင်ပြုပြီး ကလေးယူဘို့အတွက် သူ့မိသားစုက စွန်းမူအပေါ်မှာ ဖိအားပေးခဲ့တာတွေဟာ အရမ်းကိုပြင်းထန်ခဲ့တယ်၊ ဘာဖြစ်လို့ လဲဆိုတော့ သူတို့ရဲ့မျိုးဆက်(၄)ဆက်မှာ စွန်းမိသားစုကပဲ တစ်ဦးတည်းသောသားယောက်ျားလေးရှိပြီး စွန်းမူကို နောက်ဆုံးသားမျိုးဆက်အဖြစ်ထားနိုင်ခဲ့တာ ကြောင့်ဖြစ်ပါတယ်၊ “သားသမီးတို့ .တာဝန်ဝတ္တရားပျက်ကွက်ခြင်းကို ပုံစံအမျိုးမျိုးဖြင့် တွေ့ရနိုင်သည်၊ သို့သော် သားသမီးရအောင်မစွမ်းဆောင်နိုင်ခြင်းသည် အဆိုးရွားဆုံး ၀တ္တရားပျက်ကွက်မှုဖြစ်သည်” ဆိုတဲ့ တရုတ်ကျေးလက် ဒေသအတွင်းမှာ ယုံကြည်ပျံ့နှံ့နေတဲ့ ကွန်ဖြူးရှပ်. အယူဝါဒကြောင့်လဲ အခြေအနေက သူ့အတွက် ပိုပြီးဆိုးရွားစေခဲ့တာပါ၊
ဒီအချက်ရဲ့ တစ်စိတ်တစ်ဒေသအားပေးမှုကြောင့်ဘဲ့ မစ္စတာစွန်းက သူ့သားစွန်းမူရဲ့ လိင်တူချင်း ချစ်ကြိုက်နေတဲ့အပေါ် စိတ်နာကျည်းတာဖြစ်ပြီး စွန်းမူနဲ့ သူ့ရဲ့လိင်တူချစ်သူ ရည်းစားကို သတ်ဘို့ စိတ်ကူးတဲ့အထိ ပေါက်ကွဲခဲ့ရတာဖြစ်ပါတယ်၊ စွန်းမူရဲ့ အခင်ဆုံးသူငယ်ချင်း တယောက်နဲ့ မစ္စတာစွန်းတို့ တော်တော်လေးရင်းနှီးအဆင်ပြေပါတယ်၊ ဒါပေမဲ့ သူလဲ စွန်းမူတို့စုံတွဲကိုသတ်ဖို့ သူတို့နေတဲ့တိုက်ခန်းဆီကို ဓါးတစ်ချောင်းနဲ့  သွားတဲ့ မစ္စတာစွန်းမူကိုတော့ မဖျောင်းဖြပေးနိုင်ခဲ့ပါဘူး၊
မစ္စတာစွန်းရဲ့ ဇနီးကလဲ သူတို့မိသားစုကြားမှာ ၀င်ရောက်မနှောင့်ယှက်ဘို့ အတွက် တားခဲ့ပါသေးတယ်၊ “ကျွန်တော် အရမ်းကိုစိတ်ဆိုးပြီး ဒေါသထွက်နေခဲ့ရတယ်၊ သူ့ကို လူလားမြောက်အောင် ကျွေးမွေးနိုင်ဘို့ ကျွန်တော် အလုပ်ကြမ်းတွေလုပ်ပြီး ဒုက္ခတွေကို ဖြတ်ကျော်ခဲ့ရတာ၊ အဲဒါတောင် သူကကျွန်တော့်ကို လိမ်လည်လှည့်ဖျားရက်တယ်။ အဲဒါကိုစဉ်းစားမိတိုင်း စဉ်းစားမိတိုင်း ခံပြင်းဒေါသဖြစ်တယ်” လို့ မစ္စတာစွန်း ကပြောပြပါတယ်၊
မစ္စတာစွန်းဟာ မြို့ထဲကလျှပ်စစ်ဖြူး ကြိုးကိုဝယ်ပြီး အဲဒီဘားကိုဖောက်ခွဲပစ်ဘို့ ရည်ရွယ်ချက်နဲ့  ဓါတ်ဆီပုံးတစ်ပုံးဝယ်ပြီးတော့ ဘားရဲ့ မြေအောက်ခန်းထဲမှာ ဖွက်ထားခဲ့ပါတယ်၊ “ကျွန်တော်က ဂေးဖြစ်နေတဲ့  ကျွန်တော့်သား တစ်ယောက်ထဲမဟုတ်ပဲ သူ့အပေါင်းပါ ဂေးအားလုံးကိုမုန်းနေတာ။ ကျွန်တော်ထင်တယ်၊ ကျွန်တော့်သားဟာ မြို့ ကိုရောက်ပြီးနောက်ပိုင်းမှ အခုလို ဖောက်ပြန်သွားတာ။ ဒီလိုဖြစ်သွားတာဟာ သူ့ရဲ့အနားမှာရှိနေတဲ့ ဘားရဲ့ ဖောက်သည်ဂေးတွေရဲ့  ပယောဂကြောင့်ဖြစ်ရတာ” လို့ မစဏတာစွန်းကဆိုပါတယ်၊ ကံကောင်းချင်တော့စွန်းမူရဲ့ သူငယ်ချင်းက မစ္စတာစွန်းကို စွန်းမူတို့အတွဲတော့ အခြေအနေကိုရိပ်စားမိလို့ အကြောက်လွန်ပြီး မြို့ကနေထွက်ပြေးသွားပြီ ဆိုပြီး ပြောပြလိုက်ပါတယ်၊ အဲဒီအချိန်ကျမှ မစဏတာစွန်းဟာ ဖခင်တစ်ယောက်ရဲ့ အသိစိတ်တွေပြန်ဝင်လာပြီး အဲဒီအသိစိတ်ကနေ သူ့ရဲ့ဒေါသကို ချိုးနှိမ်နိုင်ခဲ့ပါတယ်၊ ငိုယိုပြီးတော့  သူ့သားပြန်လာဖို့ တောင်းပန်ခဲ့ပါတယ်၊ “ကျွန်တော်အသိတရားတွေပြန်ဝင်ပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော့်သားရဲ့ ဘားမှာပဲ အလုပ်ဆက်လုပ်ခဲ့တယ်၊
အဲဒီနောက်ပိုင်းမှာတော့ ဘားကိုလာတဲ့ ဧည့်သည်တွေကို အရင်ကထက်ပိုပြီး စောင့်ကြည့်လေ့လာခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ ဂေးအတော်များများနဲ့ သိလာခဲ့တယ်၊ သူတို့တွေနဲ့လဲ သူငယ်ချင်း မိတ်ဆွေတွေ ဖြစ်ခဲ့သေးတယ်၊ အဲဒီအချိန်မှာ ကျွန်တော်သဘောပေါက် လာမိတာကတော့ ဂေးတွေဟာ ဆိုးဆိုးဝါးဝါးလူတွေ လုံးဝမဟုတ်ကြဘူး ဆိုတာကိုပဲ၊ သူတို့အများစုဟာ အရမ်းကို သဘောကောင်းပြီး ဖော်ရွေကြတယ်၊သူတို့တွေဟာ စိတ်အာရုံစူးစိုက်မ့တွေရှိပြီး တချို့ဟာ ကျွန်တော်တို့ လိုပဲ လေးလေးနက်နက် ချစ်တတ်ကြတဲ့ သူတွေပါဘဲ” လို့ မစ္စတာစွန်းက ပြောပါတယ်၊
မစ္စတာစွန်းဟာ သူ့ ရဲ့ အားလပ်ချိန်တွေမှာ ဘားမှာရှိတဲ့ လိင်တူဆက်ဆံခြင်းနှင့် အိတ်ခ်ျအိုင်ဗွီ ကာကွယ်တားဆီးခြင်းဆိုင်ရာ စာအုပ်တွေကို ဖတ်ကြည့်ပါတယ်၊ “ကျွန်တော် သိလိုက်တာကတော့ ကျွန်တော့်ရဲ့ သားဟာ စိတ်ပိုင်းဆိုင်ရာချို့ ယွင်းနေသူမဟုတ်ဘူးဆိုတာကိုပဲ၊ ကျွန်တော့်သားဟာ အရင်ကထဲက သူ့ဟာနဲ့သူ ပုံမှန်ဖြစ်နေတယ်ဆိုတာကို ကျွန်တော်မသိခဲ့တာ ကျွန်တော့်ရဲ့အပြစ်ပါပဲ”လို့ မစ္စတာစွန်းကဆိုပါတယ်၊ “ကျွန်တော့်သားရဲ့  ချစ်သူရည်းစားကိုမြင်တော့ အရမ်းကို အားရကျေနပ်တယ်၊
သူတို့ နှစ်ယောက်ကို တွေ့ရတော့လဲ အရမ်းဝမ်းသာတယ်၊ ဘာဖြစ်လို့လဲဆိုတော့ စွန်းမူက သူ့ချစ်သူအနားမှာ ရှိနေရင် အရမ်းပျော်နေတာလေ၊ အခုဆိုရင် ကျွန်တော့်မှာ သားနှစ်ယောက်ရှိသလိုမျိုးတောင် ခံစားရတယ်၊ တစ်နေ့ကျရင် သူတို့နှစ်ယောက် လက်ထပ်ဖို့ကို တရားဥပဒေက ခွင့်ပြုလာလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ လုံးဝမျှော်လင့်ထားပါတယ်၊” လွန်ခဲ့တဲ့နှစ်နှစ်လောက်မှာ စွန်းမူရဲ့ဘားကို ပုလိပ်တွေ အမြဲဝင်ခဲ့ပါတယ်၊ အခုလိုမျိုး ထပ်တလဲလဲ နှောင့်ယှက်မှုတွေကြောင့် ဘားရဲ့ဖောက်သည်တွေအပေါ် အဟန့်အတားတွေ အများကြီးဖြစ်စေတဲ့အတွက် စွန်းမူဟာ သူ့ရဲ့ဘားကို ပိတ်ပစ်ရတော့မဲ့အထိ အကျပ်ရိုက်ခဲ့ရပါတယ်၊
မစ္စတာစွန်းဟာ အခြားဘာအလုပ်မှ မယ်မယ်ရရလုပ်စရာမရှိတဲ့အတွက် အားနေမဲ့အတူတူ ဂေးတွေရဲ့  မိဘတွေကို ကူညီဘို့ တစ်ခုခုလုပ်ဖို့ဆိုပြီး စိတ်ကူးသစ် တွေးမိပါတယ်၊ အဲဒီအကြံအတိုင်း သူ့သားနဲ့ပတ်သက်ပြီး သူရရှိခဲ့တဲ့ အတွေ့အကြုံ တွေအပေါ် အခြေခံပြီး ထွက်လာတဲ့ အကျိုးရလာဒ်တွေအကြောင်းကို တခြားမိသားစုတွေကို ပြန်ပြောပြနိုင်ဖို့ အတွက်သီးသန့် ဖုန်းလိုင်းတစ်ခုကို သူကိုယ်တိုင်ဖွင့်လှစ်ခဲ့ပါတယ်၊
အခုဆိုရင် ပြည်မကြီးမှာ မစ္စတာစွမ်းရဲ့ ပထမဆုံးကိုယ်ပိုင်သီးသန့် ဖုန်းလိုင်းဟာ တနင်္ဂနွေနဲ့ တနင်္လာနေ့တိုင်းမှာ တစ်နေ့ ကို နှစ်နာရီနှုန်းနဲ့ လည်ပတ်နေလျက်ရှိပါပြီ၊ “ဂေးတွေအနေနဲ့  အခြားဂေးတွေရဲ့ မိဘတွေကို သူတို့ ကလေးတွေရဲ့  လိင်စိတ်အနေအထားကို လက်သင့်ခံဘို့  သိမ်းသွင်း စည်းရုံးတဲ့နေရာမှာ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို အခုကျွန်တော် သဘောပေါက်နားလည်သွားပါပြီ” လို့ မစ္စတာစွန်းကဆိုပါတယ်၊ “ဒီဖုန်းလိုင်းလေးနဲ့  သူတို့ ကလေးအပေါ်မှာ မိဘတွေက နားလည်သဘောပေါက် နိုင်ဖို့အတွက် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ သူတို့ တွေဟာ နဂိုကထဲက ဂေးဖြစ်နေတဲ့အတွက် စိတ်ဖိစီးမှုတွေနဲ့  စိုးရိမ်သောကတွေ ပြင်းပြင်းထန်ထန် ရှိနေကြတာပါ၊ ဒါကြောင့် ရေနစ်သူအပေါ် ၀ါးကူထိုးချင်တဲ့စိတ်မျိုး ဘာကြောင့် မိဘတွေက ထားနိုင်ရက်တာလဲ” လို့ မစဏတာစွန်းက မေးခွန်းထုတ်ခဲ့ပါတယ်၊
(ထိုက်ထိုက်)
source : www.fridae.com
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.