You are here: Home သတင်းဆောင်းပါး Feature ကနွဲ့ကလျသားငယ်လေးများ အတွက် သီးသန့် ကိုယ်လက်သန့်စင်ခန်း

ကနွဲ့ကလျသားငယ်လေးများ အတွက် သီးသန့် ကိုယ်လက်သန့်စင်ခန်း

E-mail Print PDF

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ကန်းပန်းခရိုင်မှာရှိတဲ့ အလယ်တန်းကျောင်းလေးတကျောင်းကတော့ တခြား အလယ်တန်းကျောင်းများနည်းတူ သန့်ရှင်းသပ်ရပ်တဲ့ ကျောင်းမျက်နှာစာ။ ကျယ်ဝန်းတဲ့ စာသင်ခန်းတွေနဲ့ တည်ဆောက်ထားတဲ့ ကျောင်းကလေးတကျောင်းဖြစ်ပါတယ်၊ ဒီလို သန့်ရှင်းလှပတဲ့ ကျောင်းပတ်ဝန်းကျင်ကို ကောင်းမွန်စွာ စီမံကွပ်ကဲနိုင်တဲ့အတွက်ကြောင့် နိုင်ငံတော်က ချီးမြင့်တဲ့ သဘာဝပတ်ဝန်းကျင် သန့်ရှင်းမှု စံပြဆုကို ရရှိခဲ့ဖူးပါတယ်၊

ဒီကျောင်းမှာ တက်ရောက်ပညာသင်ယူနေကြတဲ့ ကျောင်းသူကျောင်းသား လေးတွေရဲ့ မိဘ အများစုကတော့ တောင်သူလယ်သမားတွေဘဲ ဖြစ်ကြပါတယ်၊ မနက် ၈ နာရီထိုးပြီဆိုရင် ကျောင်းသူကျောင်းသားလေးတွေအားလုံး ကျောင်းမျက်နှာစာရှေ့မှာ နိုင်ငံတော်အလံကို လွှင့်တင်ပြီး နိုင်ငံတော်သီချင်းကို အားလုံးအတူတကွ ၀ိုင်းဝန်းဆိုကြပါတယ်၊ နိုင်ငံတော်သီချင်းကို သီဆိုလို့အပြီးမှာ စာသင်ခန်းဘက်ကို လမ်းလျှောက်သွားကြပါတယ်၊ ဒါပေမယ့် စာသင်ခန်းထဲကို မ၀င်ခင် ထုံးစံအတိုင်း ကျောင်းသူ ကျောင်းသားအတော်များများက ကိုယ်လက်သန့်စင်ခန်းဘက်ကို တခဏလောက်တော့ ၀င်တတ်ကြတာပါ၊ ဒီနေရာမှာ ကမ်းပန်းကျောင်းရဲ့ ထူးခြားတဲ့ ဂုဏ်အရည်အချင်းတွေကို ဖော်ထုတ်ပြရပါတော့မယ်၊

ကမ်းပန်းကျောင်းဟာ သူ့ရဲ့ အစွန်းအထင်းကင်းပြီး သန့်ရှင်းတောက်ပြောင်တဲ့ အိမ်သာ။ စိမ်းစိုနေတဲ့ ရွက်လှပန်းတွေနဲ့ အလှဆင်ထားတဲ့ ကိုယ်လက်သန့်စင်ခန်းတွေအတွက်ကြောင့် နာမည်ကောင်းရနေတဲ့ ကျောင်းတကျောင်းဖြစ်ပါတယ်၊ ပိုပြီးထူးခြားတဲ့ ကမ်းပန်းကျောင်းရဲ့ ဂုဏ်ပုဒ်တခုကတော့ ကျောင်းသားလေးတွေသုံးတဲ့ ကိုယ်လက်သန့်စင်ခန်းနဲ့ ကျောင်းသူတွေသုံးတဲ့ ကိုယ်လက်သန့်စင်ခန်းအကြားမှာ ကနွဲ့ကလျ သားငယ်လေးများအတွက် ကိုယ်လက်သန့်စင်ခန်းကို သီးသန့်ဆောက်ပေးထားခြင်းဘဲဖြစ်ပါတယ်၊ 

ထိုကနွဲ့ကလျ သားငယ်လေးများသုံးဖို့ရန်အတွက် သီးသန့်ဆောက်လုပ်ပေးထားသော ကိုယ်လက်သန့်စင်ခန်း. ၀င်ပေါက်မှာတော့ အမျိုးသမီးနှင့် အမျိုးသားကိုယ်တပိုင်းစီဖြင့် ပေါင်းစပ်ထားသည့် သန့်စင်ခန်းအမှတ်တံဆိပ်ကို ချိတ်ဆွဲထားလျက်ရှိပြီး ကနွဲ့ကလျသားငယ်လေးများ ကျောင်းစာသင်ခန်းထဲ မ၀င်ခင် မိမိတို့ရဲ့အလှကို လာရောက်စစ်ဆေး ချယ်သနိုင်တဲ့ နေရာလည်းဖြစ်လာခဲ့ပါတယ်၊   “တနှစ်တနှစ် ဒီကျောင်းမှာလာတက်တဲ့ ကနွဲ့ကလျနဲ့သားငယ်လေးတွေ (ကျောင်းသူလေးတွေလို ပြုမူပြောဆို နေထိုင်သူများ)  အရည်အတွက်က မရှိဘူးဆိုရင်တောင် အနည်းဆုံး ၁၀ ရာခိုင်နူန်းကနေ ၂၀ရာခိုင်နှုန်းအထိရှိတယ်” လို့ ကျောင်းအုပ်ကြီး စစ်ထိဆပ် ဆူမွန်ဒါကဆိုပါတယ်၊ “သူတို့လေးတွေအတွက် စိတ်ကသိကအောက်ဖြစ်စရာအချက်က ယောက်ျားလေးအိမ်သာကိုသုံးပြီဆိုရင် အမြဲတမ်း စနောက်တာ နှောက်ယှက်အနိုင်ကျင့်တာတွေကို ခံရတတ်တာပါဘဲ၊

နောက်တော့ သူတို့လေးတွေခမျာ ယောက်ျားလေးအိမ်သာကို မသုံးတော့ဘဲ အမျိုးသမီးအိမ်သာဖက်ကိုဘဲ သွားကြပြန်တော့ ကျောင်းသူတွေဟာ သူတို့ကြောင့် သက်တောင့်သက်သာမရှိတော့ဘူး။ ကြာတော့ အဆင်မပြေလာတော့ဘူး။ ပိုဆိုးတာက ဒီကသိကအောက် အဆင်မပြေမှုကြီးက ဒီကနွဲ့ကလျသားငယ်လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်လာတော့တာပါဘဲ။ စိတ်ပိုင်းဆိုင်ရာထိခိုက်လာတော့ သူတို့ရဲ့ကျောင်းစာမှာပါ ဆိုးကျိုးက သက်ရောက်လာတော့တာပါပဲ” လို့ကျောင်းအုပ်ကြီးက အခုလို သီးသန်းအိမ်သာဆောက်ရတဲ့အကြောင်းကို ရှင်းပြပါတယ်၊ ဒီလိုနဲ့ဘဲ နောက်ဆုံးတော့ ဒီကနွဲ့ကလျသားငယ်လေးတွေအတွက် ကျောင်းကနေပြီး သီးသန့် သန့်စင်ခန်းတခုကို ဆောက်လုပ်ပေးလိုက်တော့ သူတို့လေးတွေခမျာ လှိုက်လှိုက်လဲလဲ ၀မ်းသာအားရ ကြိုဆိုလက်ခံခဲ့ ကြပါတယ်၊  

တနေ့ကျရင် လိင်ပြောင်းလဲခွဲစိတ်မငကိုလုပ်မည်လို့ တထစ်ချဆုံးဖြတ်ချက်ချထားသည့် အသက် ၁၃ နှစ်သာရှိသေးသည့် ထရီဝပ်တီ ဖာမာနီးကတော့ ဒီကျောင်းမှာ ကျောင်းတက်နေပြီး အခုကထဲက မိန်းကလေးလို ၀တ်စားနေထိုင်သွားလာနေသူဖြစ်ပါတယ်၊ သူက  ဆန့်ကျင်ဖက်လိင်လို ၀တ်စားသွားလာနေထိုင်နေတဲ့သူတယောက် အနေနဲ့ သူ့အမြင်ကို ပြောပြတဲ့အခါ “များတို့က ကိုယ့်ကိုယ်ကို ယောက်ျားလေးတယောက်လို လုံးဝခံစားလို့မရဘူးလေ။ ပြီးတော့ ကိုယ့်ကိုယ်ကိုလဲ ယောက်ျားလေးတယောက်လို ဘယ်တော့မှမမြင်ဘူး။ ဒါကြောင့်လဲ ယောက်ျားလေးအိမ်သာကို မသုံးချင်တာပေါ့။ လူ့အသိုင်းအ၀ိုင်းအနေနဲ့ များတို့အပေါ်ကို မြင်ခိုင်းစေချင်တဲ့အမြင်က တခုဘဲရှိတယ်၊ အဲဒါကတော့ များတို့ဟာ အမျိုးသမီးတယောက်လို နေချင်တဲ့သူတွေဖြစ်တယ် ဆိုတာပါပဲ” လို့ဆိုပါတယ်၊ အသက် ၁၅နှစ် ရှိပြီဖြစ်တဲ့ ၀ီချိုင်းကတော့ “ပတ်ဝန်းကျင်က ကျမတို့လိုလူတွေကို အမြဲလိုလို ဟားတိုက် ရီမောဖွယ်ရာ လူပျက်တွေအနေနဲ့ သာမြင်လေ့ရှိပါတယ်။ အမှန်တော့ ကျမတို့ အခုလိုနေထိုင် အသက်ရှင်နေတဲ့ဘ၀ဟာ ကျမတို့လိုချင်တဲ့ ကျမတို့ဖြစ်ချင်တဲ့ဘ၀မှာ ကျမတို့ကျေကျေနပ်နပ် ပျော်ပျော်ရွင်ရွင်နဲ့ နေထိုင်နေကြတာပါ။ ဒါကြောင့်လဲ ကျောင်းကနေပြီးတော့ ကျမတို့အတွက် သီသန့် သန့်စင်ခန်းလေး လုပ်ပေးလိုက်တော့ ကျမတို့အနေနဲ့ ကျေနပ်အားရ၀မ်းသာသလို  ကျမတို့ကျောင်းအတွက် ဂုဏ်လည်းယူမိပါတယ်” လို့ ပြောပါတယ်၊  ကမ်းပန်းကျောင်းက ကနွဲ့ကလျသားငယ်လေးများဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ အမြဲလိုလို အုပ်စုဖွဲ့ပြီး နေထိုင်လေ့ရှိကြပါတယ်၊ တခါတလေ သူတို့လေးတွေရဲ့ ကနွဲ့ကလျအပြုအမူလေးတွေနဲ့ သူတို့ရဲ့ဘ၀ကို လူတွေသိအောင် လိုက်လံလှုံ့ဆော်တဲ့ လှုပ်ရှားမှုမျိုးတွေကိုလဲ ပြုလုပ်တတ်ကြပါတယ်၊ 

ဝတ်စားဆင်ယင်တာကိုတော့ ယောက်ျားလေးလိုသာဝတ်ဖို့ ကျောင်းကညွှန်ကြားထားပါတယ်၊ ဒါပေမယ့် တခါတလေတော့လဲ အခြားမိန်းကလေးတွေလို နူတ်ခမ်းနီခိုးဆွဲတာ။ မိတ်ကပ်ပါးပါးခိုးလိမ်းတာမျိုးကို သူတို့လေးတွေက လုပ်ကြပါတယ်၊ ကမ်းပန်းကျောင်းမှာ မိမိရဲ့လိင်စိတ်ခံယူမှုကို ထုတ်ဖော် ပြောဆိုကြသူတွေထဲမှာ အငယ်ဆုံးအသက်အရွယ်ကတော့ ၁၂နှစ် ဖြစ်ပါတယ်၊ သူတို့လေးတွေမှာ လူတိုင်းလိုလို အနာဂတ်မှာ လိင်ပြောင်းလဲခွဲစိတ်မှုကို ခံယူဖို့ရန်အတွက် စိတ်ကူးယဉ်အိမ်မက် ကိုယ်စီနဲ့ရှိကြပါတယ်၊ ဒါပေမယ့် ဒီအလယ်တန်းအရွယ်လောက်ကို  လိင်ပြောင်းလဲခွဲစိတ်မှု လုပ်ဖို့ ထိုင်းနိုင်ငံဥပဒေက ခွင့်မပြုပါဘူး၊ ထိုင်းနိုင်ငံရဲ့ တရားဝင် လိင်ပြောင်းလဲခွဲစိတ်မှုကိုခံယူနိုင်တဲ့ အသက်အရွယ်ကတော့ ၁၈ နှစ်ဖြစ်ပါတယ်၊

ကမ်းပန်းကျောင်းမှာက ဒီကနွဲ့ကလျသားငယ်လေးတွေဟာ ဆရာ။ ဆရာမတွေရော သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ အချစ်တော်လေးတွေပါဘဲ၊  ဒီကလေးတွေအနေနဲ့ သူတို့ရဲ့လိင်စိတ်ခံယူမှုကို ထုတ်ဖော်ပြောဆိုတာဟာ သိပ်များမစောလွန်းဘူးလားဆိုတဲ့ မေးခွန်းကို ကျောင်းအုပ်ကြီးကို မေးကြည့်မိတဲ့အခါမှာတော့ “ကျနော့်အနေနဲ့ ကျောင်းဆရာ အလုပ်ကိုလုပ်လာခဲ့တာ ၃၅ နှစ်ရှိပါပြီ။ တွေကကြုံခဲ့တဲ့ ဒီလိုကနွဲ့ကလျနဲ့ ကျောင်းသားလေးတွေလဲ မနည်းပါဘူး အများကြီးပါ။ သူတို့တွေဟာ နောက်ပိုင်းမှ ယောက်ျားရင့်မာတယောက်လိုပြောင်းလဲသွားတဲ့ အတွေ့အကြုံမျိုးကို ကျနော့်ဘ၀မှာမရှိခဲ့ပါဘူး။ အတော်များများက နောက်ပိုင်းမှာ လိင်ပြောင်းလဲခွဲစိတ်ပြုပြင်မှုကို ခံယူသွားကြတဲ့ သူတွေကသာများပါတယ်” လို့သူကပြောပြခဲ့ပါတယ်၊  

ကမ္ဘာမှာ ထိုင်းနိုင်ငံဟာ လိင်ပြောင်းလဲခွဲစိတ်မှုခံယူထားသူတွေနဲ့ ဆန့်ကျင်ဘက်လိင်လို ၀တ်စားဆင်ယင် ပြောဆိုနေထိုင်သူတွေကို ပေါ်ပေါ်ထင်ထင်နဲ့ နေရာတိုင်းမှာအတွေ့ရအများဆုံးသော နိုင်ငံတနိုင်ငံဖြစ်ပါတယ်၊  ဒီလိုဝတ်စားဆင် ယင်နေထိုင်တဲ့သူတွေကို ပျူပျူငှာငှာ ယဉ်ယဉ်ကျေးကျေးဆက်ဆံပြောဆိုလေ့ရှိတဲ့ နိုင်ငံတနိုင်ငံလဲဖြစ်ပါတယ်၊ လိင်ပြောင်းလဲခွဲစိတ်မှုဈေးနှုန်းကလဲ တခြားနိုင်ငံများထက်  ဈေးနှုန်းချိုသာပါတယ်၊ ကမ်းပန်းကျောင်းက စတင်အကောင်အထည်ဖော်လိုက်တဲ့ ကနွဲ့ကလျသားငယ်လေးများအတွက် သီးသန့်ကိုယ်လက်သန့်စင်ခန်းအကြောင်းဟာ အခြားအထက်တန်းကျောင်းတွေကိုပါ ဂယက်ရိုက်သွားပြီး  သူတို့ကျောင်းတွေမှာပါ ကနွဲ့ကလျသားငယ်လေးတွေအတွက် သီးသန့်ကိုယ်လက်သန့်စင်ခန်းတွေ ဆောက်ပေးဖို့ရန်လိုနေပြီလားလို့ စဉ်းစားစရာတွေ ဖြစ်လာစေခဲ့ပါတယ်၊

ကမ်းပန်းကျောင်းက ကျောင်းအုပ်ကြီးကတော့ “အထက်တန်းကျောင်းတွေမှာ ကနွဲ့ကလျသားငယ်လေးတွေ အရေအတွက်က တကျောင်းလုံးရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်အထိရှိနေတာဟာ  အတော်လေးတော့ထူးခြားတယ်” လို့ဆိုခဲ့ပါတယ်၊  စာရေးသူဟာ ထိုင်းနိုင်ငံမှာနေလာခဲ့တာ ခုနစ်နှစ်ကျော်ရှိခဲ့ပါပြီ၊ ထိုင်းလူမျိုးတွေအကြောင်းလဲ အတော်အတန် သိနေခဲ့ပါတယ်၊ ဒါပေမဲ့ လိင်ပြောင်းလဲခွဲစိတ်တာလုပ်ထားတဲ့သူတွေ ဆန့်ကျင်ဘက်လိင်လိုမျိုး ၀တ်ဆင်တဲ့ အမျိုးသားတွေနဲ့ ပတ်သက်လို့ ဦးနှောက်ထဲမှာ အမြဲလိုလိုမေးခွန်းတခုရှိနေပါတယ်၊

အဲဒီမေးခွန်းကတော့ “ဘာဖြစ်လို့ မိန်းမဖြစ်ချင်တဲ့ ထိုင်းအမျိုးသားဦးရေတွေ ဒီလောက်တောင်များရတာလဲ”ဆိုတာပါပဲ၊ ဒီလိုနဲ့ လွန်ခဲ့တဲ့နှစ်က ဘန်ကောက်မြို့က နာမည်ကြီး ဟော်တယ်တခုရဲ့ နိုက်ကလပ်တခုမှာ လိင်ပြောင်းလဲပြုပြင်ထားသူဖြစ်တာကြောင့် နိုက်ကလပ်ထဲ ၀င်ခွင့်ပိတ်ပင်ခံခဲ့ရဖူးတဲ့ လိင်တူချစ်သူများအခွင့်အရေး လှုပ်ရှားသူ ဆွတ်ထီရတ် ဆမ်ဆာရီဝေါင်ကို  ဒီမေးခွန်းမေးဖြစ်ခဲ့ပါတယ်၊ ဆွတ်ထီရတ်က “ ထိုင်းနိုင်ငံမှာရှိတဲ့ လိင်တူချစ်သူများဦးရေအချိုးအစားက အခြားနိုင်ငံတွေမှာရှိတဲ့ အချိုးအစားအရည်အတွက်နဲ့ သိပ်တော့ကွာလိမ့်မယ် လို့တော့မထင်ပါဘူး။ ဒါပေမယ့် သိတယ်မဟုတ်လား ထိုင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှုအရရော။ လူမှုအသိုင်းအ၀ိုင်းနဲ့ ပတ်ဝန်းကျင်အနေအထားအရရော ထိုင်းလူမျိုးတွေက နူးညံ့တယ်။ ညင်သာတယ်။ သိမ်မွေ့တယ်။ ချိုချိုသာသာပြောဆိုဆက်ဆံ ကြတယ်လေ။ တချို့ယောက်ျားလေးတွေဆို နူးနူးညံ့ညံ့နဲ့ နေထိုင် ပြောဆိုကြတာလည်း အများကြီးရှိတယ်။ လိင်တူချစ်တဲ့သူတွေဆိုရင်တော့ ပြောဖို့တောင်မလိုတော့ဘူးပေါ့ အတော်များများက မိန်းကလေးလို နူညံ့သိမ်မွေ့စွာနဲ့ နေလိုကြတာများပါတယ်” ဒါနဲ့ဘဲ စာရေးသူက ဆွတ်ထီရတ်ကို ကနွဲ့ကလျသားငယ်လေးတွေအတွက် သီးသန့်ရေအိမ်ကိုယ်လက်သန့်စင်ခန်း တည်ဆောက်ပေးတာဟာ ဆန့်ကျင်ဘက်လိင်ကဲ့သို့ဝတ်စားဆင်ယင်နေထိုင်တဲ့အမျိုးသားတွေကို ပတ်ဝန်းကျင်က အသိအမှတ်ပြုလက်ခံလာပြီဆိုတဲ့ အားသာချက်တခုမဖြစ်နိုင်ဘူးလားလို့မေးတဲ့အခါ ဆွတ်ထီရတ်က အခုလိုပြန်ပြောပါတယ် “ကျမအမြင်ပြောရရင်တော့ အဲဒီလို အလယ်တန်းကျောင်းအရွယ်တွေမှာ သီးသန့်ကိုယ်လက်သန့်စင်ခန်းထားပေးတာ ကောင်းပါတယ်၊

ဒါပေမယ့် တက္ကသိုလ်ကျောင်း ပြီးသွားတဲ့အချိန်လိုမျိုး မှာဆိုရင်တော့ သူတို့တွေအနေနဲ့ ဘယ်လိုမှ သီးသန့်ကိုယ်လက်သန့်စင်ခန်းထဲကို သွားချင်စိတ်ရှိတော့မှာမဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေရဲက နောက်ဆုံးအိမ်မက်က မိန်းကလေးတယောက် ဖြစ်သွားဖို့မဟုတ်လား။ ဆိုတော့ သူတို့ကိုယ်သူတို့ မိန်းကလေးလိုခံယူလိုက်မှတော့ ဘယ်လိုလုပ်ပြီး ဒီသီးသန့်ခန်းကိုသွားချင်တော့မလဲ”“စာနာပါတယ်ဆိုတဲ့စကားလုံးနဲ့ လက်ခံနားလည်တယ်ဆိုတဲ့ စကားလုံးနှစ်လုံးကြားမှာ ကွာခြားမှုများကြီးရှိပါတယ်” လို့ ဆွတ်ထီရတ်ကပြန်ပြောခဲ့ပါတယ်၊ သူမရဲ့ ပြောဆိုချက်အရ သူမတို့လို လိင်ပြောင်းလဲထားသူတွေနဲ့ ဆန့်ကျင်ဘက်လိင်လို ၀တ်စားဆင်ယင်ပြောဆိုတဲ့အမျိုးသားတွေမှာ အခုအချိန်အထိ ထိုင်းလူမှုအသိုင်းအ၀ိုင်းရဲ့ ခွဲခြားဖိနှိပ်ထားတဲ့ ပုံစံခွက်ထဲကနေ မလွတ်မြောက်နိုင်သေးဘဲ ရှိနေတယ်လို့ဆိုပါတယ်၊

သူမလိုသူမျိုးတွေအနေနဲ့ မိတ်ကပ်အလှဖန်တီးမှုလုပ်ငန်းများ။ ဖျော်ဖြေရေးလုပ်ငန်းများ။ မီဒီယာနှင့် ပြည့်တန်ဆာလုပ်ငန်းတွေမှာ လွယ်လွယ်ကူကူ နေရာရရှိနိုင်ပေမဲ့ ဥပဒေပညာရှင်တယောက်လို စီးပွားရေး ဘဏ်လုပ်ငန်းရှင်တယောက်လို  အသက်မွေးဝမ်းကြောင်းပြုမယ်ဆိုရင်တော့ လက်မခံနိုင်တဲ့ အခက်အခဲတွေရှိနေဆဲဖြစ်တယ်လို့ ထောက်ပြပါတယ်၊ သူတို့အတွက် လက်ရှိအဓိကပြဿနာလို့ ပြောရမယ့် အခက်အခဲကတော့ တရားဥပဒေအရ သူတို့တွေရဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားမှာ လိင်ပြောင်းထားပြီးတာတောင်မှ အမျိုးသမီးတယောက်အနေနဲ့ ပြုပြင်မှတ်တမ်းတင်ခွင့်မရတာဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က ထိုင်းနိုင်ငံ အခြေခံဥပဒေပြန်လည်ရေးဆွဲစဉ်က နိုင်ငံသားမှတ်ပုံတင်ကတ်ပြားမှာ မိမိ.လိင်ဖော်ပြချက်ကို ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် ထိုင်းနိုင်ငံရဲ့ နာမည်ကျော် လူသိများတဲ့ လိင်ပြောင်းထားသူ လူ့အခွင့်အရေးလှုပ်ရှားသူ အနုပညာရှင်အတော်များများက ကြိုးပမ်းအားထုတ်ခဲ့ကြပေမဲ့ အခုတိုင် မှတ်ပုံတင်မှာ လိင်ပြုပြင်ပြောင်းလဲလို့မရနိုင်ဘဲရှိနေပါသေးတယ်၊  

Comments
Add New Search
coffee  - ကောင်းပါတယ်   |124.120.150.xxx |2009-04-21 15:45:57
မင်္ဂလာပါခင်ဗျာ
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More