You are here: Home သတင်းဆောင်းပါး Feature လိင်တူချစ်သူတွေရဲ့ ခံစားချက်ကို နားလည်ပေး နိုင်တဲ့ နှလုံးသားနဲ့ “တော့ဘ်”

လိင်တူချစ်သူတွေရဲ့ ခံစားချက်ကို နားလည်ပေး နိုင်တဲ့ နှလုံးသားနဲ့ “တော့ဘ်”

E-mail Print PDF

 

ယောက်ျားလေးအချင်းချင်း ပွေ့ဖက်နမ်းရှုပ်ရတာကို သရုပ်ဆောင်ရတော့ ရင်ထဲမှာဘယ်လိုနေလဲ။ ဘယ်လိုထူးခြားတဲ့ခံစားမှုတွေဖြစ်ခဲ့လဲဒီမေးခွန်းလေးက ဘန်ကောက် အချစ်ဇတ်လမ်းလို့ခေါ်တဲ့ လိင်တူချင်းချစ်သူအမျိုးသားနှစ်ယောက်ရဲ့ အချစ်ဇတ်လမ်းလေးကိုသရုပ်ဖော်တင်ဆက်ထားတဲ့ ဇတ်ကားလေးထဲက အပွေ့အဖက်အနမ်းအရှုပ်တွေကို ရုပ်ရှင်ကြည့် ပရိတ်သပ်တွေအကြား တီးတိုးတီးတိုးနဲ့ စိတ်စနို့စနှောက်ခံစားမှုတွေ ဖြစ်သွားအောင် ခပ်ကြမ်းကြမ်းလေး သရုပ်ဆောင်နိုင်ခဲ့တဲ့ အသက် ၁၉ နှစ်သာရှိသေးတဲ့ ချိုင်ဝပ်လို့ခေါ်တဲ့ တော့ဘ် ကို သတင်းမီဒီယာတွေက အကြိမ်ပေါင်းထောင်ချီမက မေးခဲဖူးတဲ့မေးခွန်းလေးပါ။ အဲဒီအဖြေကို တော့ဘ် က သရုပ်ဆောင်တာဆိုတော့ တခါမပီပြင်လို့နောက်ထပ်အကြိမ်ကြိမ် လုပ်လိုက်ရတော့ အကျင့်လိုကိုဖြစ်သွားတာ၊ ဘာမှထူးထူးဆန်းဆန်း မခံစားရတော့ဘူး၊ စိတ်ထဲမှာလည်း ဒါဟာကိုယ်လုပ်ရမယ့်အလုပ်တခုဖြစ်တယ် လို့ခံယူထားပြီးသားဆိုတော့၊ အလုပ်သဘောလိုဘဲ စိတ်ထဲမှာရှိတယ်လို့ ပြုံးပြုံးရွှင်ရွှင်နဲ့ တော့ပ် တယောက် အမြဲဖြေလေ့ရှိပါတယ်။

 

တော့ပ် ရိုက်ခဲ့တဲ့ ဘန်ကောက်အချစ်ဇတ်လမ်းရုပ်ရှင်ဟာ ထိုင်းနိုင်ငံမှာ အတော်လေးကို အုတ်အော်သောင်းနင်း နဲ့ လူပြောများဂရက်ရိုက်ခဲ့တဲ့ ဇတ်ကားလေးဖြစ်ပါတယ်။ တော့ပ်တယောက် ဒီဇတ်လမ်းလေးထဲမှာ လက်ထပ်ဖို့အတင့်စောင့်ဆိုင်းနေတဲ့ မိန်းကလေးချစ်သူလည်းရှိပါရက်တန်းလန်းနဲ့ မိမိကိုယ်သတ်ဖို့အတွက်လာတဲ့ ကြေးစားလူသတ်သမားတယောက်အပေါ် ပြောင်းလဲချစ်ခင်စွဲလန်းသွားတဲ့ အမျိုးသားတယောက်အနေနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ထောင်ထောင်မောင်းမောင်း ကျားကျားလျားလျားနဲ့ အမျိုးသားနှစ်ယောက် ချစ်တင်းနှောကြတာတွေကို တော့ပ်တယောက် ကောင်းကောင်းမွန်မွန်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီလိုပုံစံခွက်ထဲကနေခွဲထွက်လာတဲ့ လိင်တူချစ်သူတွေပုံစံနဲ့ သရုပ်ဆောင်ခဲ့တဲ့အတွက်လည်း ထိုင်းပရိတ်သတ်အကြား ပိုလို့နာမည်ကြီးခဲ့တာလည်းဖြစ်နိုင်ပါတယ်။

 

အရပ်အမောင်း ၆ ပေအမြင့်ရှိပြီး ကိုယ်အလေးချိန် ၉၀ ကီလိုရှိတဲ့ တော့ပ် တယောက် လိင်တူချစ်သူအဖြစ် သရုပ်ဆောင်ခဲ့လင့်ကစား ဆယ်ကျော်သက် ကလေးမလေးတွေနဲ့ ဂေးပရိတ်သတ် တွေအကြားမှာ ပိုလို့နာမည်ကျော် ရေပန်းစားလာခဲ့ပါတယ်။

ခုချိန်မှာတော့ တော့ပ်တယောက် သူသိပ်ချစ်ရတဲ့ ချစ်သူလေးနဲ့အတူ လက်တွဲမပြတ် ပါတီပွဲတွေ၊ ဧည့်ခံပွဲတွေမှာ တပူးပူး တတွဲတွဲတက်ရောက်နေခဲ့ကြပါတယ်။ အဲဒီလို သာမန်ပါတီပွဲတွေမှာသာ တော့ပ်ကို တွေ့ရလေ့ရှိတာတော့လည်း မဟုတ်ပြန်ပါဘူး။ အခြား ဂေး ပါတီတွေ၊ ဂေးကလပ်တွေမှာလည်း တော့ပ်တယောက် ကွေးနေအောင်ကလို့ ဆင်နွဲမြဲပင်ဖြစ်ပါတယ်။ ဒါပေမယ့် တော့ပ် တယောက်ဂေးကလပ်သွားလို့ ဂေးများဖြစ်သွားပြီးလားလို့တော့ အတွေးမမှားလိုက်ပါနဲ့ မဟေသီလေးက အပါးမှာပါမြဲလျက်ပါ။ ဂေးဘားတွေကို သွားလည်ရတာစိတ်ထဲဘယ်လိုနေလဲလို့ မေးတဲ့အခါမှာတော့ ကျနော့ကောင်မလေး သူငယ်ချင်းတွေက ဂေးတွေများတယ်လေ၊ ကလပ်သွားပြီဆိုရင် တခါတခါ ချောင်းပေါက်မတတ်ကို ဂေးကလပ်တွေဖက် သွားဖြစ်ပါတယ်။ သူတို့နဲ့ သွားရတာ၊ ကရတာ အရမ်းပျော်စရာကောင်းပါတယ်၊ လွတ်လပ်တယ်၊ ပွင့်လင်းတယ်၊ ဖော်ရွေတယ်၊ အရမ်းကိုပျော်ဖို့ကောင်းတယ်လို့ဆိုပါတယ်။

နောက်တခါ ဂေးဇတ်ကောင်နဲ့ ရုပ်ရှင်ရိုက်ဖို့ခေါ်ရင် ရိုက်ဖြစ်အုံးမှာလားလို့မေးပြန်တော့ ဘယ်တော့မှ မငြင်းဘူး၊ ခုလိုကျနော်နာမည်ရလာတာလည်း ဒီဂေးဇတ်ကောင်စရိုက်ကြောင့်ဘဲလေ၊ ဆက်ရိုက်ဖို့ဆန္ဒရှိပါတယ်၊ ရိုက်ဖြစ်ဖို့များပါတယ်လို့ပြန်ဖြေခဲ့ပါတယ်။ အသက်အရွယ်ကလည်းငယ် ခန္ဒာကိုယ်အချိုးအစားကလည်းပြေပြစ် ရုပ်ရည်ကလည်းစွဲဆောင်မှုအပြည့်နဲ့ တော့ပ်တယောက် လာမယ့် ကိုယ်ကာယအလှမောင် ပြိုင်ပွဲတခုမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။ သူ့ပြိုင်ပွဲကိုလည်း လာရောက်အားပေးကြဖို့နဲ့ သူ့သရုပ်ဆောင်မှုအနုပညာအပေါ်မှာလည်း ထာဝရအားပေးကြပါလို့ စာရေးသူကနေတဆင့် ပရိတ်သပ်ကို တောင်းဆိုသွားခဲ့ပါတယ်။

 

October 17, 2008

Nationmultimedia.com

Daily Xpress

 

 

Vitaya SaengAroon is a free-lance writer and a gay movie producer. He can be reached at This e-mail address is being protected from spambots. You need JavaScript enabled to view it .

Visit Tob's hi5 site at lengguy.hi5.com.

Comments
Add New Search
tuntun21   |203.81.166.xxx |2009-05-24 03:05:00

i am gay.i want toboyfriend.welcome.tawwinthu09&# 64;gmail.com
tuntun21   |203.81.166.xxx |2009-05-24 03:07:16
i am gay .single.age21tawwinthu09@gmail.com
soepainglay  - i want to 69 fri     |203.81.72.xxx |2009-09-27 00:16:48
i want to boy frind
i love69

Anonymous   |203.81.72.xxx |2010-01-26 18:25:58
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Guys Of Myanmar Club 
သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ 
Guys Of Myanmar Blog

Mplus Thailand  
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society  
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

GMyanmar
ယောက်ျားလေးချင်းနှစ်သက်သူတွေအတွက်

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More