You are here: Home သတင်းဆောင်းပါး General Knowledge လိင်တူချစ်သူများနဲ့ ပတ်သက်တဲ့ သိကောင်းစရာ အမှတ်လက္ခဏာများ

လိင်တူချစ်သူများနဲ့ ပတ်သက်တဲ့ သိကောင်းစရာ အမှတ်လက္ခဏာများ

E-mail Print PDF

လိင်တူချစ်သူတွေနဲ့ပတ်သက်တဲ့ အမှတ်အသားလက္ခဏာသင်္ကေတတွေအကြောင်းကို အရင်ဆောင်းပါးတွေမှာ အနည်းအကျဉ်း ကျိုးကြားကျိုးကြားနဲ့တော့ဖော်ပြဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတလမှာတော့ အင်တာနက်ပေါ်ကရော၊ အခြားပြင်ပစာအုပ်ကနေ  လက်လှမ်းမှီသလောက် စုဆောင်းမှတ်သားမိတဲ့ နိုင်ငံတကာမှာအသုံးများတဲ့ လိင်တူချစ်သူတွေရဲ့  သင်္ကေတလက္ခဏာတွေကို တင်ပြလိုက်ပါတယ်။

 

ပန်းရောင် တြိဂံသင်္ကေတ (Pink Triangle)

လူမှုအသိုင်းအ၀ိုင်း ရှင်းလင်းသန့်စင်ခြင်းဆိုတဲ့ ပေါ်လစီအရ ပေါ်ပေါက်လာခဲ့တဲ့ အကျဉ်းစခန်းတွေမှာ သုံးစွဲခဲ့တာဖြစ်ပါတယ်။ ဂျူးလူမျိုး ခြောက်သန်းကျော်နဲ့ လိင်တူချစ်တဲ့သူ နှစ်သိန်းနှစ်သောင်းကျော်လောက်ကို နာဇီတွေရဲ့ ချွေးတပ်စခန်းအတွင်းမှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့အခါ ဂျူးလူမျိုးတွေကိုကျတော့ အ၀ါရောင် ကြယ် အမှတ်တံဆိပ်တပ်ဆင်ထားပေးပြီး လိင်တူချစ်သူတွေကိုတော့ ပန်းရောင် တြိဂံအမှတ်အသားကိုတော့ သူတို့ရဲ့အင်္ကျီရဲ့ ဘယ်ဖက်ရင်အုံမှာ တပ်ဆင်ထားပေးတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒီသင်္ကေတကို လိင်တူချစ်သူတွေအထိမ်းအမှတ်အဖြစ်အသုံးပြုခဲ့ကြပေမဲ့ တော်တော်များများက အခုသင်္ကေတဟာ နာဇီတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ထင်ဟပ်နေတယ်ဆိုပြီး ဝေဖန်တဲ့အတွက် အခုတော့ သိပ်မသုံးတော့ပါဘူး။

 

အနက် တြိဂံသင်္ကေတ (Black Triangle)

ဒီအနက်ရောင် တြိဂံသင်္ကေတ အမှတ်အသားကိုတော့ ဂျာမဏီလူမျိုး စံပြအမျိုးသမီးကောင်းတွေရဲ့ စံသတ်မှတ်ချက်နဲ့ လွဲနေတယ်လို့ သတ်မှတ်ခံရတဲ့ အမျိုးသမီးတွေ တပ်ဆင်ဖို့သတ်မှတ်ထားပေးတဲ့ သင်္ကေတလက္ခဏာပဲဖြစ်ပါတယ်။ အဲဒီလို အနက်ရောင်တြိဂံအမှတ်အသားကို တပ်ဆင်ရတဲ့အုပ်စုထဲမှာ လိင်တူချင်းချစ်တဲ့အမျိုးသမီးတွေ၊ ဂျစ်ပစီလူမျိုးတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါဝင်ပါတယ်။ သူတို့တွေလည်းပဲ အကျဉ်းစခန်းထဲမှာ အဲဒီတံဆိပ်အမှတ်တပ်ပြီး ခွဲခြားနှိပ်စက်ခံခဲ့ကြရတာဖြစ်ပါတယ်။

 

အ၀ါရောင်တြိဂံနဲ့ ပန်းရောင် တြိဂံ (Yellow and Pink Trangles)

ဟောဒီ အ၀ါရောင်တြိဂံနဲ့ ပန်းရောင် တြိဂံရောယှက်ထားတဲ့ကြယ်လို အမှတ်အသားကတော့ ဂျူးလူမျိုးလဲဖြစ်တယ် ပြီးတော့ လိင်တူချစ်တဲ့သူလဲဖြစ်တယ် လို့သတ်မှတ်ခံထားခံရတဲ့သူမျိုးတွေအတွက် နာဇီတွေက သတ်မှတ်ထားခဲ့တဲ့ အမှတ်အသားဖြစ်ပါတယ်။ ဒီတံဆိပ်အမှတ်အသားရထားတဲ့သူတွေဆိုရင်တော့ ဂျူးဖြစ်တဲ့အတွက် ခွဲခြားနှိပ်စက်ခံရယုံတင်မကပဲ လိင်တူချစ်သူဖြစ်နေတဲ့အတွက်လဲ ဂျူးလူမျိုးအချင်းချင်းကြားမှာ ထပ်ဆင့်ခွဲခြားဆက်ဆံမှုကို ခံခဲ့ကြရပါတယ်။

 

 

လမ္ဘားဒါး အမွတ္လကၡဏာ (The Lambda)

လမ္ဘားဒါး အမွတ္အသားကို လြန္ခဲ့တဲ့ နှစ်ပေါင်း ၁၉၇၀ခုနှစ် လောက်ကတည်းက အမေရိကန်နိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ Gay Activist Alliance (GAA)  လို့ခေါ်တဲ့ လိင်တူချစ်သူတွေအခွင့်အရေးလှုပ်ရှားသူများ မဟာမိတ်တပ်ပေါင်းစုအသင်းက စတင်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ အဲဒီခေတ်အချိန်အခါတုန်းက လိင်တူချစ်သူအခွင့်အရေးလှုပ်ရှားသူများဟာ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများ၊ လူမည်းများအတွက် အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ပူးပေါင်းမဟာမိတ်ဖွဲ့ပြီး မိမိတို့အခွင့်အရေးအတွက် လှုပ်ရှားတိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလို လူ့အခွင့်အရေးလှုပ်ရှားနေသူတွေကို အာဏာပိုင်အစိုးရတွေက လိုက်လံဖမ်းဆီးချုပ်နှောင်တာတွေကို ပြုလုပ်လေ့ရှိတော့ လိင်တူချစ်သူများအခွင့်အရေး လှုပ်ရှားသူတွေက လမ်းဘားဒါးတံဆိပ်ကို မိမိတို့အဖွဲ့ရဲ့ အမှတ်အသားတံဆိပ်အဖြစ် အသုံးပြုတဲ့အခါမှာတော့ မိမိတို့အချင်းချင်း သတိပြုမိရန်လွယ်ကူသလို အာဏာပိုင်တွေအတွက်တော့ အခြား အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ရောထွေးကာ ရှုပ်ထွေးစရာတွေဖြစ်စေခဲ့ပါတယ်။ အဲဒီအချိန်ကာလကစလို့ လိင်တူချစ်သူများအခွင့်အရေး လှုပ်ရှားသူတွေဟာ လမ်ဘားဒါးအမှတ်လက္ခဏာ ကို လိင်တူချစ်သူများအခွင့်အရေးလှုပ်ရှားသူတွေရဲ့ အမှတ်အသားသင်္ကေတအဖြစ် လက်ခံအသုံးပြုလာခဲ့ကြတာဖြစ်ပါတယ်။

 

လမ္ဘားဒါးရဲ့ အဓိပၸါယ္ကေတာ့

        လမ္ဘားဒါးဟာ ဂရိေ၀ါဟာရစကားလုံး L ဖြစ်ပါတယ်။ အဲဒီ Lဟာ လွတ်မြောက်ခြင်းကို ကိုယ်စားပြုတယ်လို့ဆိုပါတယ်။

        ဂရိစပါတန် လူမျိုးတွေကတော့ လမ်ဘားဒါးကို စည်းလုံးညီညွတ်ခြင်းကို ကိုယ်စားပြုတယ်လို့လည်း လက်ခံယုံကြည်ကြပါတယ်။

        ရောမ လူမျိုးတွေကတော့ လမ်ဘားဒါးကို မှောင်နက်တွင်းထဲက ညဏ်ပညာအလင်းလို့ဆိုပြီး အနက်အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။

 

 

သက်တန့်ရောင်အလံ

သက်တန့်ရောင်အလံဟာ အခုလက်ရှိကာလမှာ အများဆုံးအသုံးပြုနေတဲ့ ကမ္ဘာပေါ်ရှိမတူညီကွဲပြားသော လိင်တူချစ်သူတွေကို ကိုယ်စားပြုတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမြို့မှာ လိင်တူချစ်သူအခွင့်အရေးအတွက် စတင် လှုပ်ရှားလာခဲ့တဲ့ ၁၉၇၈ခုနှစ် အချိန်ကနေ စတင်အသုံးပြုခဲ့တာလို့ဆိုပါတယ်။ ရောင်စဉ်ခြောက်သွယ်နဲ့ ဖွဲ့စည်းထားတဲ့ သက်တန့်ရောင်အလံကို နိုင်ငံတကာက လိင်တူချစ်သူအတော်များများက ကိုယ်စားပြုတဲ့ သင်္ကေတအနေနဲ့ အသိအမှတ်ပြုကြပါတယ်။ ထိပ်ဆုံးမှာ အနီရောင်နဲ့စတင်ပြီး အောက်ဆုံးမှာ ခရမ်းရောင်နဲ့ အဆုံးသတ်ထားတာဖြစ်ပါတယ်။ ခရမ်းရောင်က အသက်ဝိညာဉ်ကို ရည်ညွန်းတာဖြစ်ပြီး၊ အနီရောင်ကတော့ ဘ၀အသက်တာကိုကိုယ်စားပြုတယ်။ လိမ္မော်ရောင်ကတော့ ကုစားခြင်းကိုကိုယ်စားပြုတယ်။ အ၀ါရောင်ကတော့ နေကိုကိုယ်စားပြုတယ်။ အစိမ်းရောင်က တည်ငြိမ်အေးချမ်းမှုကိုကိုယ်စားပြုပြီးတော့ အပြာရောင်ကတော့ ဟန်ချက်ညီခြင်းကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ ရောင်စဉ် ခြောက်သွယ်နဲ့ဖွဲ့စည်းထားတဲ့ သက်တန့်ရောင်အလံတွေကိုတော့ ဆန်ဖရန်ဆစ္စကိုက ကယ်စထရိုနဲ့ နယူးယောက်မြို့က လိင်တူချစ်သူများ အစည်းအရုံးအဖွဲ့တွေမှာ လွင့်ထူထားတာကို တွေ့နိုင်တယ်လို့သိရပါတယ်။

 

လိင်အမှတ်အသားသင်္ကေတများ

 

အပေါ်မှာမြင်တွေ့နေရတဲ့သင်္ကေတကတော့ အမျိုးသမီးနဲ့ အမျိုးသားရဲ့ လိင်ကို ဆိုလိုတဲ့ လိင်သင်္ကေတအမှတ်အသားဖြစ်ပါတယ်။ စက်ဝိုင်းပုံနဲ့ အပေါင်းလက္ခဏာပေါင်းစပ်ထားတဲ့ပုံက အမျိုးသမီးရဲ့ လိင်ကို ဖော်ပြတဲ့အမှတ်လက္ခဏာဖြစ်ပြီး၊ စက်ဝိုင်းပုံနဲ့ မြားပုံတွဲစပ်ထားတဲ့ပုံက အမျိုးသားကို ကိုယ်စားပြုတာဖြစ်ပါတယ်။

 

ဟောဒီပုံလေးကတော့ လိင်တူချင်းချစ်တဲ့အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ လိင်အမှတ်အသားလက္ခဏာဖြစ်ပါတယ်။

 

ဒီအမှတ်အသားလက္ခဏာကတော့ လိင်တူချင်းချစ်တဲ့ အမျိုးသားတွေကို ကိုယ်စားပြုတဲ့ လိင်အမှတ်အသားလက္ခဏာဖြစ်ပါတယ်။

 

ဒီအမှတ်အသားလက္ခဏာကတော့ လိင်တူလိင်ကွဲနှစ်မျိုးစလုံးကိုကြိုက်တဲ့ အမျိုးသားတွေကို ကိုယ်စားပြုတဲ့သင်္ကေတလို့ တချို့ကသတ်မှတ်ပါတယ်။ မှတ်ချက် (အသုံးပြုတာနည်းပါတယ်)

 

ဒီအမှတ်အသားကတော့ လိင်တူလိင်ကွဲနှစ်မျိုးစလုံးကိုချစ်တဲ့ အမျိုးသမီးတွေကို ကိုယ်စားပြုလေ့ရှိတဲ့ သင်္ကေတလို့ တချို့ကသတ်မှတ်ထားပါတယ်။ မှတ်ချက် (အသုံးပြုတာနည်းပါတယ်)

 

ဒီတလမှာတော့ ဒီမျှလောက်သာ ဖော်ပြလိုက်ပါရစေ။ နောက်လတွေမှာ လည်းတခြားစိတ်ဝင်စားစရာ အမှတ်အသားလေးတွေ၊ သိထားသင့်တဲ့ အမှတ်အသားလေးတွေအကြောင်း ဆက်လက်ဖော်ပြသွားပါဦးမယ်နော်။

 

မူရင်းရေးသားပြန်ဆိုသူ - သက်တံ့ရောင်အယ်ဒီတာအဖွဲ့ (www.coloursrainbow.com)

Sources; http://www.lambda.org/symbols.htm, http://en.wikipedia.org/wiki/LGBT_symbols

Comments
Add New Search
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More