You are here: Home သတင်းဆောင်းပါး General Knowledge အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအား ကြောက်ရွံ့ မုန်းတီးမှုများ အပေါ် ကန့်ကွက် ဆန့်ကျင်ရေးနေ့

အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအား ကြောက်ရွံ့ မုန်းတီးမှုများ အပေါ် ကန့်ကွက် ဆန့်ကျင်ရေးနေ့

E-mail Print PDF

International Day Against Homophobia
မေလ ၁၇။ ၂၀၀၈ ခုနှစ်လိင်တူချစ်သူများကို ကြောက်ရွံ့ မုန်းတီးမှုဆိုတာ ဘာလဲ၊ What is Homophobia?

လိင်တူချစ်သူများကို မုန်းတီးခြင်းဆိုတာ ယေဘူယျအားဖြင့် လိင်တူချစ်သူ။ လိင်တူစိတ်ဝင်စားသူများအပေါ် မကောင်းမြင်သည့်အမြင်နှင့် ရှုမြင်ခြင်း။ စိတ်ထဲကမနှစ်မြိုသည့် ခံစားချက်များဖြင့် ခံစားသုံးသပ်ခြင်း။ ၄င်းတို့နှင့် အတူသွားလာနေထိုင်ရသည်ကို သက်တောင့်သက်သာ ဖြစ်မှုမရှိခြင်း။ စိတ်ကျဉ်းကြပ်သလို ခံစားရခြင်း စသည့် အခြေအနေများကို ဆိုလိုသည်၊ ထို့အပြင် လိင်တူချစ်သူများ တည်ရှိနေမှုကို အသိအမှတ်မပြုခြင်း။ ဖယ်ကြဉ်ထားခြင်း။ ၄င်းတို့အား ဖားတပိုင်းငါးတပိုင်း။ နှစ်ပိုင်းတပိုင်း။ မိန်းမမဟုတ် ယောက်ျားမဟုတ် စသည်ဖြင့် ရှုမြင်ကာ ခွဲခြားဖိနှိပ်စော်ကားခြင်းများလည်း လိင်းတူချစ်သူများအပေါ် ကြောက်ရွံ့မှုကို ဖော်ပြနေသည့် အခြင်းအရာများပင်ဖြစ်သည်၊ အထက်တွင်ဖော်ပြခဲ့သော အဓိပါယ်ဖွင့်ဆိုချက်နှင့် အလားသဏ္ဍန်တူသည့် လိင်စိတ်ကွဲပြားမှု အပေါ်အခြေခံမှု ဖြစ်ပေါ်လာသော အခြားသောမုန်းတီးမှုများကို လည်းအောက်တွင်ဖော်ပြထားသည်၊

        လိင်တူလိင်ကွဲနှစ်မျိုစလုံးကိုချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးခြင်း (Bi-phobia)
        လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးခြင်း (Homophobia)
        ဆန့်ကျင်ဘက်လိင် ကဲ့သို့ဝတ်စား ဆင်ယင်သူများအပေါ် ကြောက်ရွံ့မုန်းတီးခြင်း (Trans-phobia)

လိင်တူချစ်သူများအပေါ် မုန်းတီးသည့်စိတ်သည် မိမိ.အသိစိတ်တွင်ဖြစ်စေ။ မသိစိတ်တွင်ဖြစ်စေ အမြစ်တွယ်နေတတ်သည်၊ ထို့အပြင် တခါတရံ လိင်တူချစ်သူများ. အတွင်းစိတ့်တွင်လည်း ရှိနေတတ်သလို မိမိကိုယ်တိုင် လိင်တူစိတ်ဝင်စားနေသူ ဖြစ်လင့်ကစား လူမှုအသိုင်းအ၀ိုင်း. ပုံစံသွတ်သွင်းမှုကြောင့် သော်လည်းကောင်း။ လူမှုပုံစံသွတ်သွင်းမှုများကို လက်ခံယုံကြည်ကာ မိမိကိုယ်မိမိတဖန်ပြန်လည် ပုံစံသွတ်သွင်းယူကာ မိမိ.အမှန်တကယ် ဖြစ်တည်နေမှုကို မနှစ်မြို့ဘဲ မိမိကိုယ်မိမိ လက်မခံနိုင်သည့် မုန်းတီးမှု မျိုလည်း ရှိနေပြန်ပါသည်၊ လိင်တူချစ်တူ မိန်းမလျာနှင့် ယောက်ျားလျာများအား ကြေက်ရွံ့ မုန်းတီးခြင်းဆိုတာဘာလဲ၊လိင်တူချစ်သူ မိန်းမလျာနှင့် ယောက်ျားလျာများအား မုန်းတီးခြင်းဆိုတာ မွေးစဉ်အခါက ယောက်ျားလိင်အင်္ဂင်္ါ။

မလိင်အင်္ဂါဖြင့် မွေးဖွားလာသော်ငြား ဆန့်ကျင်ဘက်လိင်ကဲ့သို့ ၀တ်စားဆင်ယဉ် သွားလာပြုမူနေထိုင်ရသည့် အခါမှသာ သဘာဝကျသည်ဟု မိမိကိုယ်ကိုမိမိပျော်မွေ့နိုင်သူ လိင်တူချစ်သူများအပေါ် မုန်းတီးခြင်းကိုဆိုလိုသည်၊ ထိုကဲ့သို့သော လိင်တူချင်းချစ်သူများအား ကြောက်ရွံ့မုန်းတီးသည့် စိတ်သဘောထားများမှာ လိင်တူချင်းစိတ်ဝင်စားသူများ အတွင်စိတ်ထဲ့ဖြစ်စေ။ ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ဝင်စားသူများ. အတွင်းစိတ်ထဲ့ဖြစ်စေ အမြစ်တွယ်နေတတ်သည်၊ အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအား ကြောက်ရွံ့မုန်းတီးမှု များအပေါ် ကန့်ကွက်ဆန့်ကျင်ရေးနေ့ ဆိုတာက ဘာလဲ၊အပြည်ပြည်ဆိုင်ရာ လိင်တူချစ်များအပေါ် ကြောက်ရွံ့မုန်းတီးမှုများအပေါ် ကန့်ကွက်ဆန့်ကျင်ရေးနေ့ဆိုတာ နှစ်စဉ်နှစ်တိုင်း မေလ ၁၇ ရက်နေ့တွင် ကမ္ဘာအရပ်ရပ်ရှိ လိင်တူချစ်သူများ။

ထို့အပြင် လိင်တူချစ်သူများအပေါ် စာနာထောက်ထားနားလည်သော လိင်ကွဲချစ်သူများအပါအ၀င် အတူတကွ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုအပေါ် ကန့်ကွက်ရှုံ့ချ ဆန့်ကျင်သည့် အခမ်းအနားများ။ ညီလာခံများ။ ပညာပေး ဟောပြောပွဲများ။ လမ်းလျှောက်ချီတက်သည့် အခမ်းအနားများကို ပြုလုပ်ကျင်းပကြသည့် နေ့ဖြစ်သည်၊ဘာကြောင့် အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအား ကြောက်ရွံ့ မုန်းတီးမှုများအပေါ် ကန့်ကွက်ဆန့်ကျင်ရေးနေ့ ကိုကျင်းပရတာလဲ၊အသားအရောင်။ လူမျိုး။ လိင် (ကျား။မ) အစရှိတဲ့ ကိုယ်ပိုင်အမှတ်အသားများအပေါ် အခြေခံပြီး ခွဲခြားဖိနှိပ်ဆက်ဆံသည့် ခွဲခြားဖိနှိပ်သည့်ပုံစံများလိုပင် လိင်စိတ်ကွဲပြားမှုအပေါ် အခြေခံပြီး ခွဲခြားဖိနှိပ်ဆက်ဆံသည့် အဖြစ်အပျက် အချင်းအရာများမှာ ယနေ့တိုင် ကမ္ဘာအနှံ့အပြားတွင် ဖြစ်ပျက်လျက်ရှိနေသေးသည်၊ ယနေ့တိုင် လိင်တူချစ်သူအမြောက်အများမှာ မိမိ.လိင်စိတ်ခံယူမှုအပေါ် လက်မခံနိုင်သည့်အပြင်။

အခြားသူသိရှိသွားမည်ကို စိုးရိမ်ကာ မိမိကိုယ်မိမိ လိမ်ညာဖုံးကွယ်ကာ ဟန်ဆောင်နေထိုင် နေကြရခြင်း။ ထို့အပြင် မိမိ.လိင်စိတ်ခံယူမှုကြောင့် အိမ်မှသော်လည်းကောင်း။ ပတ်ဝန်းကျင် ဆွေမျိုးအသိုင်းအ၀ိုင်းမှသော်လည်းကောင်း ဖယ်ကျင် နှင်ထုတ်ခံထားရသည့် လူငယ်အမြောက်အများ ရှိနေခြင်း။ လိင်တူချင်းချစ်သူ လူငယ်အမြောက်အများမှာ မိမိ.လိင်စိတ်ခံယူမှု အခြေအနေအပေါ် လက်မခံနိုင်သည့် အချက်ကြောင့်သော်လည်းကောင်း။ မိဘဆွေမျိုးအသိုင်းအ၀ိုင်း. ဖယ်ကျင်ထားမှုကြောင့် သော်လည်းကောင် မိမိကိုယ်မိမိ အဆုံးစီရင်သွားသည့် အဖြစ်အပျက်များမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပျက်လျက်ရှိနေသေးသည်၊ ထို့အပြင် ကမ္ဘာပေါ်ရှိ နိုင်ငံ (၇၅)နိုင်ငံတွင် ယနေ့ထက်တိုင် လိင်တူချစ်ချင်းကို ရာဇ၀တ်မှု အဖြစ်သတ်မှတ်ထားခြင်းနှင့် အချို့နိုင်ငံများတွင် သေဒဏ်ပေးသည့် ဥပဒေများပင် ရှိနေသေးသည်၊ ပတ်ဝန်းကျင် လူမှုအဆောက်အအုံ များတွင်လည်း လိင်စိတ်ခံယူမှု ကွဲပြားမှု အပေါ်အခြေခံပြီး လုပ်ငန်းခွင်တွင်ခွဲခြား ဆက်ဆံခံရခြင်း။ နေ့စဉ်နှင့်အမျှ နှုတ်ဖြင့်သော်လည်းကောင်း။

ကိုထိလက်ရောက်သော်လည်းကောင်း။ စိတ်ပိုင်းဆိုင်ရာအားဖြင့်သော်လည်းကောင်း စော်ကားနှောက်ယှက်ခံနေရခြင်း အစရှိသည့် လူ့ဂုဏ်သိက္ခင်္ါနှင့် အညီ အသက်ရှင်နေထိုင်သွားလာ ခွင့်မရခြင်းတို့ကြောင့် နေ့ရက်ကို ပြုလုပ်ကျင်းပရခြင်းဖြစ်သည်၊ ဘာကြောင့်မေလ ၁၇ ရက်နေ့ကိုမှရွေးရတာလဲ၊လွန်ခဲ့သည့် ၁၉၉၁ မေလ ၁၇ ရက်နေ့ ကမ္ဘာ့ကျန်းမားရေးအဖွဲ့ (WHO) မှလိင်တူချင်းချစ်သူများအား စိတ်ရောဂါခံစား နေရသူများ။ စိတ်ဝေဒနာရပ်တခုအနေဖြင့် သတ်မှတ်ထားသည့် စာရင်းမှနေ၍ ထုတ်ပယ်လိုက်သည့် နေ့ကိုအစွဲပြုကာ ထိုနေ့ရက်ကို အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအား ကြောက်ရွံ့မုန်းတီးမှု များအပေါ် ကန့်ကွက်ဆန့်ကျင်ရေးနေ့ အဖြစ်သတ်မှတ်ခဲ့သည်၊  

 လိင်တူချင်းချင်းချစ်တာရောဂါမဟုတ်
လိင်တူချစ်သူများကိုမုန်းတာ ရောဂါဟုတ်

source : http://www.advocate.com/print_article_ektid39427.asp  

Comments
Add New Search
Super Star  - စိတ်ဝင်စားစရာ   |124.121.230.xxx |2009-04-22 20:10:20
ကောငါးတယ်
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More