Homomonument

E-mail Print PDF

ကမ္ဘာတလွှားမှာ လိင်တူချစ်သူတွေကိုရည်စူးပြီး ဂုဏ်ပြုမှတ်တမ်းတင်ထားတဲ့ သမိုင်းဝင် အထိမ်းအမှတ်နေရာတွေကို လိုက်လံရှာဖွေကြည့်မယ်ဆိုရင် မရှိသလောက်နည်းပါးပါလိမ့်မယ်၊ ဒီလိုလိင်တူချစ်သူတွေကို အသိအမှတ်ပြုတဲ့ ရှားရှားပါးပါး အမှတ်တရ အထိမ်းအမှတ်တွေထဲမှာ နယ်သာလန်နိုင်ငံရဲ့ မြို့တော် အက်စတာဒမ်မှာ ရှိတဲ့ “ံHomomonument” ဒါမှမဟုတ် “Gay monument” လို့လည်းခေါ်တဲ့ လိင်တူချစ်သူများအထိမ်းအမှတ် တြိဂံကျောက်ခင်းပြင် ဟာလည်းတခုအပါအ၀င် ဖြစ်ပါတယ်၊  

ဒီအထိမ်းအမှတ် တြိဂံကျောက်ခင်းပြင်ကို ဆောက်လုပ်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းကတော့ ဒုတိယကမ္ဘာစစ်မှာ ဂျူးလူမျိုးခြောက်သန်းကျော်နဲ့အတူ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရတဲ့ လိင်တူချစ်သူများကို အမြဲသတိတရ ရှိနေဖို့နဲ့ နောက်နောင်မှာ ဒီလို သတ်ဖြတ်မှုမျိုးကို ထပ်မဖြစ်စေဖို့ အတွက်ရည်စူးပြီး ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်၊ အဲဒီအပြင် အခုအချိန်တိုင်အောင် လိင်တူချင်းချစ်သူများဟာ နေ့တဓူဝလိုလို ခွဲခြားဖိနှိပ်မှုတွေ။ အကြမ်းဖက်မှု တွေကို တွေဏ္ဍကြုံခံစားနေရတာ ရှိနေသေးတဲ့အကြောင်း သတိပေးလိုတဲ့ရည်ရွယ်ချက်နဲ့ ဆောက်လုပ်ခဲ့တာလဲဖြစ်ပါတယ်၊

ဟစ်တလာဦးဆောင်တဲ့ နာဇီအစိုးရဟာ သူတို့အာဏာရလာတဲ့အချိန်မှာ လိင်တူချင်းချစ်တဲ့သူတွေကို အမျိုးဘာသာနဲ့ သဘာဝတရားကို ဖျက်ဆီးတဲ့ ကျင့်ဝတ်သိက္ခါပျက်ပြားနေတဲ့သူတွေအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးချုပ်နှောင်ညှင်းပန်း နှိပ်စက်မှုတွေ ကျူးလွန်ခဲ့ပါတယ်၊ လိင်တူချစ်သူတွေဟာ နာဇီအစိုးရရဲ့ နှိပ်စက်ညှင်းပန်း သတ်ဖြတ်မှုကို နည်းမျိုးစုံနဲ့ ခံခဲ့ရသလို လိင်တူချစ်တဲ့သူ ဖြစ်တဲ့အတွက်ကြောင့် အကျဉ်းစခန်းတွေမှာ တခြားအကျဉ်းသားများ အနိုင်ကျင့် စော်ကားမှုတွေကိုလဲ ဆင့်ကဲခံစား ခဲ့ကြရပါတယ်၊ စစ်ပြီးသွားတဲ့အခါ စစ်နိုင်တဲ့ မဟာမိတ်တွေက ဂျူးလူမျိုး အကျဉ်းသားတွေကို အကျဉ်းစခန်းတွေကနေ ပြန်လွှတ်ပေးခဲ့ပေမယ့် လိင်တူချစ်တဲ့ အကျဉ်းသားတွေကိုတော့ နောက်ထပ်အကျဉ်းထောင်တွေဆီကို လွှဲပြောင်းပေးခဲ့ ကြပါတယ်၊ အဲဒီအချိန်တုန်းက ဂျူးလူမျိုးဆိုရင် အ၀ါရောင်ကြယ် သင်္ကေတအမှတ်အသားကို အင်္ကျီရဲ့ ဘယ်ဘက်ရင်အုံမှာ တပ်ဆင်ရတာဖြစ်ပြီး လိင်တူချစ်တဲ့သူတွေကတော့ ပန်းရောင်တြိဂံ အမှတ်အသားကို ဘယ်ဘက်ရင်အုံမှာတခုနဲ့ ညာဘက်ဘောင်းဘီမှာ တခုတပ်ဆင်ရတာဖြစ်ပါတယ်၊  အဲဒီ ပန်းရောင်တြိဂံ အမှတ်အသားကို အစွဲပြုပြီးတော့မှ လိင်တူချစ်သူများ အထိမ်းအမှတ် ကျောက်ခင်းပြင်ကိုလည်း တြိဂံပုံသဏ္ဍန်နဲ့ ဆောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်၊  

ဒီလိင်တူချစ်သူများအတွက် အထိမ်းအမှတ်ကျောက်ခင်းပြင်ကို ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှာ တရားဝင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်၊ နယ်သာလန်နိုင်ငံရဲ့ လိင်တူချစ်သူများ အထိမ်းအမှတ်နေ့ဖြစ်တဲ့ မေလ ၄ ရက်နေ့ရောက်ရင် လိင်တူချစ်သူတွေအတွက် ရည်ရွယ်တဲ့ အခမ်းအနားတွေကို ဒီအထိမ်းအမှတ် ကျောက်ခင်းပြင်နေရာမှာ နှစ်စဉ်နှစ်တိုင်း တခမ်းတနားကျင်းပလေ့ရှိကြပါတယ်၊ အဲဒီနေ့မှာ ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးသွားခဲ့တဲ့ လိင်တူချစ်သူများကို သတိရအောက်မေ့တဲ့အနေနဲ့ နိုင်ငံတော်အကြီးအကဲပေါင်းစုံ။ အစိုးရ၀န်ထမ်းတွေ။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ။ စစ်တပ်နဲ့ ရဲအပါအ၀င် တက်ရောက်လာတဲ့ နိုင်ငံသူ နိုင်ငံသားအားလုံးက မနက် ၈ နာရီမှာ ၂ မိနစ်တိတိ တိတ်ဆိတ်ငြိမ်သက်ပြီး အလေးပြုကြပါတယ်၊ ပြီးတော့ ၀မ်းနည်းခြင်းအထိမ်းအမှတ်နဲ့ အဲဒီနေ့မှာ နိုင်ငံတော်အလံကို တ၀က်သာလွှင့်ထူပြီး ဒုတိယကမ္ဘာစစ်အတွင်းက နှိပ်စက်ညှင်းပမ်းသတ်ဖြတ်ခံခဲ့ရတဲ့ လိင်တူချစ်သူတွေကို ဂုဏ်ပြုပြီး အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပလေ့ရှိပါတယ်၊ 

မူရင်းဘာသာပြန်သူ - သက်တံ့ရောင် အယ်ဒီတာအဖွဲ့ www.coloursrainbow.com

Souce : www.homomonument.nl/enhome.htm 

Comments
Add New Search
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More