You are here: Home သတင်းဆောင်းပါး Health လိင်တူချစ်သူ အမျိုးသားတွေအတွက် ဘယ်လို လိင်ဆက်ဆံ နည်းတွေက လုံခြုံစိတ်အချရဆုံး ဖြစ်နိုင်မလဲ။

လိင်တူချစ်သူ အမျိုးသားတွေအတွက် ဘယ်လို လိင်ဆက်ဆံ နည်းတွေက လုံခြုံစိတ်အချရဆုံး ဖြစ်နိုင်မလဲ။

E-mail Print PDF

ရိုးရိုးရှင်းရှင်းလေးနဲ့ ပြောရမယ်ဆိုရင် လိင်တူအချင်းချင်း ချစ်တင်းနှောတဲ့အချိန်မှာ ကူးစက်တတ်တဲ့ ရောဂါတွေအကြောင်းသိနားလည်မယ်၊ ဘယ်လိုအခြေအနေမျိုးတွေမှာ ဘယ်လိုဘယ်ပုံကူးစက်တတ်တယ် အစရှိတဲ့ ကူစက်ပုံကူးစက်နည်းတွေကို သိနားလည် သွားပြီဆိုရင်တော့ ဘယ်လိုကာကွယ်မလဲဆိုတာလဲ အလိုလိုသိပြီးသားဖြစ်သွားပါလိမ့်မယ်။  ဒါဆိုရင် လိင်ပိုင်းဆိုင်ရာအရ ကူးစက်တတ်တဲ့ရောဂါတွေကဘာလဲ ဆိုတာကို ပထမဦးဆုံးသိဖို့ လိုလာပါပြီ။ လိင်ပိုင်းဆိုင်ရာအရကူးစက်တတ်တဲ့ ရောဂါတွေဆိုတာက ရောဂါပိုးရှိတဲ့သူနဲ့ လိင်ဆက်ဆံရာကနေ တဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို ဆိုလိုတာဖြစ်ပါတယ်။ အဓိကအားဖြင့် ဖြစ်တတ်တဲ့ ရောဂါတွေကတော့  ဒါမှမဟုတ် တကိုယ်ရေသန့်ရှင်းမှုမရှိတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ရောဂါအညစ်အကြေးတွေကို ဆိုလိုတာဖြစ်ပါတယ်။   

 

 

လိင်ဆက်ဆံရာမှတဆင့်ကူးစက်နိုင်တဲ့ရောဂါနှစ်မျိုးရှိပါတယ်။ အဲဒါတွေကတော့     

အေအိုင်ဒီအက်စ် ခုခံအားကျဆင်းမှုရောဂါ(HIV/Aids)  နဲ့     

ကာလသားရောဂါ(STD) တွေ ဖြစ်ပါတယ်။ 

 

အိတ်ခ်ျအိုင်ဗွီအိတ်စ် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ(HIV/Aids)  နဲ့ ကာလသားရောဂါ(STD)ဘာကွာခြားလဲ။ 

 

 

အေအိုင်ဒီအက်စ် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ(HIV/Aids)

 

 အေအိုင်ဒီအက်စ် (အိတ်ခ်ျအိုင်ဗွီ) ဆိုတာက လူ့ခန္ဓာကိုယ်ရဲ့ခုခံအားကို ကျဆင်းစေတဲ့ ဗိုင်းရပ်စ်ပိုးတမျိုးကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပြီး ရောဂါပိုးက ဗိုင်းရပ်စ် အမျိုးအစားဖြစ်တဲ့အတွက်ကြောင့် မျိုးပွားနိုင်ပါတယ်။ အတ်ခ်ျအိုင်ဗွီပိုး များလာလေလေ ကိုယ်ခန္ဓာကိုယ်ခုခံမှုအား ကျဆင်းလေလေဖြစ်ပြီး အချိန်ကာလကြာမြင့်လာတာနဲ့အမျှ ပြင်ပက၀င်လာတဲ့ သာမန်ရောဂါ အသေးအမွှားလေးတွေကိုတောင် ခုခံတွန်းလှန်နိုင်စွမ်းမရှိတော့ပဲ နောက်ဆုံး အသက်ဆုံးရှုံးရတဲ့ အထိဖြစ်သွားနိုင်ပါတယ်။ ပြီးတော့ ဒီနေ့အထိ ဒီရောဂါကို အမြစ်ပြတ်အောင် ကုသပေးနိုင်တဲ့ဆေးမျိုးမရှိသေးပါဘူး။  

 

 

ကာလသားရောဂါ(STD)

 

 ကာလသားရောဂါဆိုတာက ဂနို၊ ဆစ်ဖလစ်၊ မှို၊ ကြွက်နို့ အစရှိတဲ့ ကူးစက်နိုင်တဲ့ရောဂါမျိုးတွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒီရောဂါကအသက်ဆုံးရှုံးနိုင်လောက်တဲ့အထိ အန္တရာယ်မပေးနိုင်ပေမယ့် မျိုးဆက်ပွါးအင်္ဂါတွေ ပျက်စီးသွားအောင်တော့ ကောင်းကောင်းဒုက္ခပေး နိုင်ပါတယ်။ ဒီရောဂါလေးတွေကိုတော့ အမြစ်ပြတ်သွားအောင်ကုသလို့ရပါတယ်။ ဒါပေမယ့် ဒီရောဂါကုသလို့ရနိုင်တယ်ဆိုပြီးတော့လည်း ပေါ့ပေါ့နဲ့လျှော့မတွက်သင့်ပါဘူး။ မခံမရပ်နိုင်လောက်အောင် ကောင်းကောင်းစိတ်အနှောက်အယှက် ပေးနိုင်သလို ကြာရင်ကုသရခက်ခဲတဲ့ အဆင့်ကိုရောက်ရှိသွားနိုင်ပါတယ်။ 

 

 

 

အထက်မှာ ဖော်ပြခဲ့တဲ့ ရောဂါနှစ်ခုလုံး ဘယ်လိုကူးစက်လဲ။

 

  • ရောဂါပိုးရှိတဲ့သူနဲ့ အကာအကွယ်မဲ့လိင်ဆက်ဆံတဲ့အခါမျိုး

  • (ယောက်ျားနဲ့မိန်းမဖြစ်ဖြစ်၊ မိန်းမချင်းပဲဖြစ်ဖြစ်၊ ယောက်ျားချင်းပဲဖြစ်ဖြစ် အကာအကွယ်မဲ့လိင်ဆက်ဆံရင်တော့ အဲဒီရောဂါနှစ်မျိုးလုံး အလွယ်တကူ ကူးစက်နိုင်ပါတယ်)

  • အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်ပိုးပါဝင်နေတဲ့ အရည်ကြည်၊ သုတ်ရည်တွေကနေကူးစက်ခြင်း။

  • အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်ပိုးတွေက လိင်အင်္ဂါကထွက်တဲ့ အရည်ကြည်နဲ့ သုတ်ရည်တွေမှာ ပါဝင်နေတာကြောင့် အဲဒီသုတ်ရည်တွေ၊ လိင်အင်္ဂါကထွက်တဲ့ အရည်ကြည်တွေကနေပြီးတော့လည်း အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်တတ်ပါတယ်။ သုတ်ပိုးနဲ့ အရည်ကြည်တွေမှာ ရောဂါပါဝင်မှုနှုန်းပမာဏ များလေလေ ရောဂါပိုးကူးစက်နိုင်မှု အလားအလာကလည်း ပိုများနိုင်မှာဖြစ်ပါတယ။၊

  • ပါးစပ်နဲ့ လိင်ဆက်ဆံရာမှ ကူးစက်ခြင်း။

  • အများသောအားဖြင့် လိင်တူဆက်ဆံတဲ့ အမျိုးသားတွေအတော်တော်များများက လိင်အင်္ဂါကို ပါးစပ်နဲ့ ဆက်ဆံရတာကို သဘောကျနှစ်ခြိုက်ကြပါတယ်။ ဒါကြောင့်  ပါးစပ်နဲ့လိင်ဆက်ဆံရင်လည်း ရောဂါပိုးကူးစက်နိုင်တယ်ဆိုတာကို သတိမမေ့သင့်ပါဘူး။ ပါးစပ်နဲ့ ဆက်ဆံတာကတော အခြားနည်းတွေနဲ့ လိင်ဆက်ဆံတာထက်စာရင် ကူးစက်နိုင်မှုအလားအလာ နည်းပေမယ့် လျော့တော့မတွက်သင့်ပါဘူး။ သွေးယိုနေတဲ့ သွားဖုံးတွေထဲကို သုတ်ရည်ဒါမှမဟုတ် လိင်အင်္ဂါကနေထွက်တဲ့ အရည်ကြည်တို့ကနေတဆင့် ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် ကြမ်းကြမ်းတမ်းတမ်း နမ်းရှုပ်ရာကလည်း မထင်မှတ်တဲ့ သွေးယိုစီးမှုကြောင့် ရောဂါပိုးကူးစက်နိုင်ပါတယ်။

  • စအိုနဲ့လိင်ဆက်ဆံရာမှ ကူးစက်ခြင်း။

  • ဒီလိင်ဆက်ဆံနည်းက လိင်တူချင်းဆက်ဆံတဲ့အမျိုးသားတွေ အတော်များများက သုံးလေ့ရှိတဲ့ နည်းလမ်းတခုပါပဲ။ သိထားသင့်တဲ့ အချက်ကတော့ စအိုနဲ့ လိင်ဆက်ဆံတာဟာ ကိုယ်ကလက်ခံတဲ့နေရာကနေပြီးတော့ပဲ ဆက်ဆံဆက်ဆံ၊ ပို့တဲ့နေရာကနေပြီးတော့ ဆက်ဆံသည်ပဲဖြစ်စေ အခြားနည်းလမ်းတွေနဲ့ လိင်ဆက်ဆံတာထက်စာရင် ဒီလိင်ဆက်ဆံနည်းက အိတ်ခ်ျအိုင်ဗွီပိုးကူးစက်နိုင်ဖို့ ၈၀ ရာခိုင်နှုန်းပိုများပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စအိုကို အလွန်တရာမှ နူးညံ့တဲ့ သွေးကြောမျှင်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့အတွက်ကြောင့် လိင်ဆက်ဆံနေတုန်း သွေးကြောတွေ ပေါက်ပြဲထွက်သွားဖို့ အင်မတန်မှလွယ်ကူစေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

  • သွေး-ကနေကူးစက်ခြင်း။

  • အိတ်ခ်ျအိုင်ဗွီရောဂါပိုးပါတဲ့ သွေးကိုသွင်းမိမယ်၊ ရောဂါပိုးပါတဲ့ သွေးဟာ ထိခိုက်ဒဏ်ရာရှိထားတဲ့ နေရာထဲ မတော်တဆ၀င်သွားမယ် ဒါမှမဟုတ် ဆေးထိုးအပ်တခုထဲအတူတကွသုံးစွဲမယ် ဆိုရင်တော့ အိတ်ခ်ျအိုင်ဗွီရောဂါပိုးကူးစက်နိုင်ပါတယ်။

                  

 

လိင်တူချင်း ဆက်ဆံသူတွေအတွက် ဘယ်လိုနည်းလမ်းတွေက အလုံခြုံဆုံးဖြစ်နိုင်မလဲ။

 

 အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင်တော့ အိတ်ခ်ျအိုင်ဗွီပိုး လုံးဝမကူးစက်နိုင်ပါဘူး။

  • တကိုယ်ရေ လိင်စိတ်အသာဖြေခြင်း။

  • ကိုယ်ခန္ဓာချင်း ပွေ့ဖက်ပွတ်သပ်ခြင်းဖြင့် လိင်စိတ်ကို ဖြေဖျောက်ခြင်း။

  • စက်ကိရိယာများ (လိင်ကစားစရာပစ္စည်းတုများ)အသုံးပြုပြီး လိင်စိတ်ကို ဖြေဖျောက်ခြင်း။

 

 

လိင်တူဆက်ဆံတဲ့အခါ သတိထား ကာကွယ်သင့်တဲ့နည်းလမ်းများနဲ့ တကိုယ်ရေသန့်ရှင်းမှု 

 

 

 

တကိုယ်ရေသန့်ရှင်းမှု

 

 ဘယ်သူမဆို တကိုယ်ရေသန့်ရှင်းမှုကို လူတိုင်းပုံမှန်ဂရုပြုသင့်ပါတယ်။ တကိုယ်ရေးသန့်ရှင်းမှုကို အလေးထားတာဟာ ရောဂါဘယပေါင်းစုံကနေ ကြိုတင်ကာကွယ်ထားရာလည်း ရောက်ပါတယ်။ တကိုယ်ရေသန့်ရှင်းမှုရှိခြင်းရဲ့ အကျိုးရလဒ်ကတော့ လိင်ဆက်ဆံတဲ့အခါမှာ မိမိကိုယ်ကို မိမိယုံကြည်မှုရှိစေပါတယ်။ အထူးသဖြင့် လိင်တူဆက်ဆံကြတဲ့သူတွေဆိုရင် တကိုယ်ရေးသန့်ရှင်းမှုကို ပိုပြီးတော့ အလေးဂရုပြုသင့်ပါတယ်။ တတ်နိုင်ရင် လိင်မဆက်ဆံခင်တိုင်းမှာ ကြိုတင်ရေးမိုးချိုးတကိုယ်ရေသန့်ရှင်းမှုတွေကို အမြဲလိုလိုပြုလုပ်သင့်ပါတယ်။  

 

 

 

ပွေ့ဖက်နမ်းရှုပ်ခြင်း

 

 ဒီနည်းလမ်းက ကျနော်တို့ မြန်မာလူမျိုးတွေ သိပ်ပြီးတော့မှ ပြုမူလေ့ရှိတဲ့ အပြုအမူတခုတော့မဟုတ်ပါဘူး။ ပြောချင်တာက လူမြင်ကွင်းမှာဆိုလိုတာပါ။ နောက်ကွယ်မှာဆိုရင်တော့ ဘယ်သူသိနိုင်မှာလဲ မဟုတ်ဘူးလားနော်။ ဒီတော့ ပွေ့ဖက်နမ်းရှုပ်တဲ့အခါမှာ သတိထားသင့်တဲ့အချက်တွေကိုလည်း နည်းနည်းပြောပြပါရစေ။ ပါးပြင်တို့၊ နဖူး၊ မေးစေ့၊ လည်တိုင်အစရှိတဲ့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရိုးရိုးဖွဖွလေးနမ်းတာကတော့ ဘာမှ အန္ဒရာယ်မရှိပါဘူး။ ဒါပေမယ့် နှုတ်ခမ်းချင်း ထိကပ်ပြီးနမ်းရှုပ်မယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် နာကျင်လောက်အောင်ထိ မလုပ်မိဖို့တော့ သထိထားရပါမယ်။ အထူးသဖြင့် သွားဖုံးရောင်နေတဲ့အခါ ဒါမှမဟုတ် သွားဖုံးကနေသွေးတွေ ယိုစိမ့်လွယ်တဲ့ အခြေအနေမျိုးမှာ နှုတ်ခမ်းချင်းပြင်းပြင်းထန်ထန်နမ်းရှုပ်တာမျိုးကို ရှောင်ကြည်သင့်ပါတယ်။  

 

ပါးစပ်နဲ့ဆက်ဆံခြင်း

 

 လိင်အင်္ဂါကို ပါးစပ်နဲ့ ဆက်ဆံတဲ့အခါ ဆက်ဆံပေးသူရဲ့ ပါးစပ်ကနေပြီးတော့ ဆက်ဆံခံရသူရဲ့ လိင်အင်္ဂါထဲကို အိတ်ခ်ျအိုင်ဗွီပိုး မကူးစက်နိုင်ပါဘူး။ ဒါပေမယ့် ရောဂါပိုးရှိတဲ့ သူရဲ့လိင်အင်္ဂါကို ပါးစပ်နဲ့ဆက်ဆံမယ်ဆိုရင် ပါးစပ်နဲ့ ဆက်ဆံခံရသူက ရောဂါကူးစက်နိုင်တဲ့ အလားအလာပိုရှိပါတယ်။ အထူးသဖြင့်တော့ ပါးစပ်မှာ အနာတရဖြစ်နေတဲ့အချိန်မျိုး၊ သွားဖုံးမှာ သွေးယိုနိုင်တဲ့အခြေအနေမျိုးတွေမှာ ပါးစပ်နဲ့ လိင်ဆက်ဆံတာကို ရှောင်ကြဉ်သင့်ပါတယ်။ တကယ်လို့ မလွဲသာလို့ ဆက်ဆံတော့မယ်ဆိုရင်လည်း အကာအကွယ်သုံးပြီးတော့မှ ဆက်ဆံသင့်ပါတယ်။ လိင်အင်္ဂါကို ကွန်ဒုံးစွပ်ပြီးတော့မှ ပါးစပ်နဲ့ ဆက်ဆံသင့်ပါတယ်။ 

 

 

စအိုနဲ့ဆက်ဆံခြင်း

 

 ဒီလိင်ဆက်ဆံနည်းမှာတော့ ကြိုတဲ့သူနဲ့ ပို့တဲ့သူရယ်လို့ ကျနော်တို့ မြန်မာ ဂေးအသိုင်းအ၀ိုင်းက ဗန်းစကားနဲ့တင်စားကြပါတယ်။ ဒီနေရာမှာ တကယ်လို့ ပို့တဲ့သူက အိတ်ခ်ျအိုင်ဗွီပိုးရှိမယ်ဆိုရင် အကာအကွယ်မသုံးပဲ လိင်ဆက်ဆံမိမယ်ဆိုရင်တော့ အပို့ခံရတဲ့သူ (ကြိုတဲ့သူ)က ရောဂါပိုးကူးစက်ခံရဖို့ ၁၀၀ ရာခိုင်နှုန်းခန့် ဖြစ်နိုင်ချေရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကြိုတဲ့သူရဲ့ စအိုဝကသွေးကြောလေးတွေကနေတဆင့် ဒါမှမဟုတ် ထိခိုက်ပွန်းပဲ့ရာကနေတဆင့် အလွယ်တကူ အိတ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်သွားနိုင်လို့သာဖြစ်ပါတယ်။ တချို့ အပို့ဖက်ကိုပဲအားသန်တဲ့ ယောက်ျားလေးတွေက ကိုယ်ကပို့တဲ့သူဖြစ်လို့ ရောဂါကူးစက်နိုင်ချေ အလားအလာ အရမ်းနည်းတယ်၊ မကူးစက်နိုင်ပါဘူးလို့ တခါတခါ လျှော့တွက်ကြပါတယ်။ အဲဒါလုံးဝမှားယွင်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အိတ်ခ်ျအိုင်ဗွီရောဂါပိုးက လိင်တံထိပ်ဝက အပေါက်ငယ်လေးထဲကနေတဆင့် သွေးကြောလေးတွေဆီအထိ ရောက်ရှိသွားနိုင်လို့ဖြစ်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတဲ့အခါတိုင်း အကာအကွယ်သုံးပြီးတော့မှ ဆက်ဆံသင့်ပါတယ်။  

 

 

လိင်ဆက်ဆံတဲ့အခါ အကာအကွယ်သုံးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။

 

 လိင်ဆက်ဆံတဲ့အခါ အကာအကွယ်သုံးတယ်ဆိုတာ လိင်ဆက်ဆံရာကနေ ကူးစက်နိုင်တဲ့ရောဂါပိုးတွေ မကူးစက်နိုင်အောင် အကာအကွယ်အဖြစ်အသုံးပြုတဲ့ ရာဘာပျော့နဲ့ပြုလုပ်ထားတဲ့ လိင်တံစွပ်ကို ဆိုလိုတာဖြစ်ပါတယ်။ အင်္ဂလိပ်လိုကွန်ဒုံးလို့ခေါ်ပြီး မြန်မာလိုကတော့ အက်ဖ်ဖွိုင်၊ ကွင်၊ အစွပ်၊ အဖော်၊ အကာ၊ မိုးကာ၊ ဦးထုပ်၊ အစရှိသဖြင့် ဗန်းစကားအမျိုးမျိုးနဲ့ ခေါ်ဝေါ်ကြပါတယ်။ ဒီနေ့ဒီအချိန်တွေမှာ လိင်တံအစွပ်ကို နီးစပ်ရာဆေးဆိုင်၊ စတိုး၊ မြန်မာပြည်မှာဆို ကွမ်းယာဆိုင်တွေမှာ အလွယ်တကူဝယ်ယူနိုင်သလို၊ အခမဲ့ဆေးပေးခန်းနဲ့ လူမှုအကျိုးဆောင် ကျန်းမာရေးအသင်းအဖွဲ့တွေမှာလည်း အခမဲ့ရယူနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင်တော့ နီးစပ်ရာ ဆဲဗင်အီလဲဗင်းတွေမှာ ၀ယ်ယူနိုင်သလို၊ အများသုံးအိမ်သာတွေမှာ ငွေအကြွေစေ့ထည့်ပြီးမှ ထုတ်ယူနိုင်တဲ့ သံပုံးလေးတွေကနေပြီးတော့လည်း ရယူနိုင်ပါတယ်။  

 

 

ကွန်ဒုံးအသုံးပြုနည်း အကြံပေးချက်

 

 တချို့က ကွန်ဒုံးအသုံးပြုတာ အလေ့အကျင့်ဖြစ်သွားအောင် အစမ်းအနေနဲ့ လိင်စိတ်အာသာဖြေတဲ့အခါမှာ စမ်းသုံးကြည့်ကြပါတယ်။ ဆရာဝန်တွေအတော်များများကတော့ အဲလိုစမ်းသုံးကြတာကောင်းတယ်လို့ မှတ်ချက်ချကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အနေနဲ့ အဲဒီအသုံးပြုရတဲ့ အရသာကို ကြိုက်မကြိုက်စမ်းသပ်ကြည့် နိုင်တယ်လို့ဆိုပါတယ်။ ကွန်ဒုံးအသုံးပြုတော့မယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ အကြံပြုချက်တွေကို သတိမူသင့်ပါတယ်။

  • ကွန်ဒုံးဝယ်တဲ့အခါမှာ သက်တမ်းလွန်နေတဲ့ ကွန်းဒုံးမဖြစ်စေဖို့ ထုတ်လုပ်တဲ့ ရက်စွဲနဲ့ သက်တမ်းကုန်တဲ့ ရက်စွဲကို အသေအချာစစ်ဆေးကြည့်ရပါမယ်။

  • ပြီးတော့ ကွန်ဒုံးအိတ်ကို နှိပ်နယ်ကြည့်တဲ့အခါမှာ ချောဆီကြောင့် ပျော့ပြောင်းနူးညံ့နေရပါမယ်။

  • နောက်ပြီး မိမိရဲ့ လိင်အင်္ဂါနဲ့ ကိုက်ညီမယ့် ကွန်ဒုံးအရွယ်အစားကိုရှာရပါမယ်။

  • နေပူလွန်းတဲ့နေရာ၊ အေးလွန်းတဲ့နေရာ၊ ဒါမှမဟုတ် အလွန်ပူအိုက်တဲ့ နေရာတွေ၊ ထိလွယ်ရှလွယ်မယ့် နေရာမျိုးတွေမှာ ကွန်ဒုံးကို သိမ်းမထားသင့်ပါဘူး။

  • နောက် အမျိုးသမီးနဲ့ လိင်ဆက်ဆံတဲ့အခါမှာ အသုံးပြုဖို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အကြည်သားကွန်ဒုံးပါးတွေကို စအိုနဲ့ ဆက်ဆံတဲ့နေရာမှာ အသုံးမပြုသင့်ပါဘူး။

 

ကွန်ဒုံးအသုံးပြုပုံ

 

  • လိင်ဆက်ဆံဖို့အတွက် လိင်အင်္ဂါအသင့်အနေထားကို ရောက်ရှိနေပြီဆိုရင် ကွန်ဒုံးကိုစွပ်ရမှာဖြစ်ပါတယ်။

  • ကွန်ဒုံးစွတ်တဲ့အခါမှာ လေခိုဝင်နေမှုမရှိရလေအောင် ကွန်ဒုံးထိပ်ဝကို လက်နဲ့ညစ်ပြီး လိင်တံထိပ်ကနေပြီးတော့ တဖြည်းဖြည်းချင်း ကွန်ဒုံးအလိပ်ကို ဖြေပြီးစွပ်ရမှာဖြစ်ပါတယ်။

  • ကွန်ဒုံးကို လိင်တံအရင်းထိရောက်အောင်စွပ်ရပါမယ်။

  • လိင်ဆက်ဆံခါနီးတိုင်း ရေကို အခြေခံပြီးပြုလုပ်ထားတဲ့ ချောဆီကိုအသုံးပြုရပါမယ်။

  • ချောဆီလိမ်းပြီးမှသာ လိင်ဆက်ဆံသင့်ပါတယ်။ ချောဆီလိမ်းမထားဘူးဆိုရင် မတော်တဆ ကွန်ဒုံးကျွတ်ကျသွားနိုင်ပါတယ်။

  • လိင်ဆက်ဆံပြီးလိင်တံပျော့မသွားခင် ကွန်ဒုံးကိုချွတ်ပြီး အမိုက်ပုံးထဲ စနစ်တကျစွန့်ပစ်ရမှာဖြစ်ပါတယ်။

 

ကွန်ဒုံးအသုံးပြုခြင်းရဲ့အားကောင်းချက်

 

 ကွန်ဒုံးအသုံးပြုခြင်းဖြင့် ကိုယ်ဝန်ဆေင်ခြင်း၊ ကာလသားရောဂါနှင့် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါတွေကိုကာကွယ်နိုင်ပါတယ်။ 

 

 

မူးယစ်ဆေးဝါးနှင့် အရက်

 

 တန်ဆေးလွန်ဘေးဆိုသလို အရက်ကို သတိလက်လွတ်ဖြစ်တဲ့အထိ အလွန်အကျွံသောက်မယ်ဆိုရင်တော့ သတိလက်လွတ်ဖြစ်ပြီး လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံနည်းတွေကို မေ့လျော့သွားနိုင်ပါတယ်။ ဒါကြောင့် အရက်ကို အလွန်အကျွံမသောက်မိဖို့ အမြဲသတိထားရပါမယ်။ မူးယစ်ဆေးဝါးသုံးစွဲတာကလည်း သတိလက်လွတ်ဖြစ်စေနိုင်တဲ့အတွက် တတ်နိုင်ရင် လိင်ဆက်ဆံတဲ့အခါ မူးယစ်ဆေးဝါးတွေကိုလည်း အတတ်နိုင်ဆုံးရှောင်ကြဉ်သင့်ပါတယ်။  နောက်ဆုံးသတိပေးချင်တာကတော့ ဘယ်နေရာသွားသွား၊

ဘယ်နေရာနေနေ၊ ဘယ်လိုပဲအပျော်အပါးလိုက်စားလိုက်စား ကွန်ဒုံးနဲ့ ချောဆီ (ဂျေလ်)ကို အမြဲတစေယူဆောင်သွားကြပါ။  သက်တံစာစောင်မှ ရှာဖွေတင်ပြသည်

Comments
Add New Search
ုkaunghtetkyaw   |203.81.166.xxx |2009-04-27 03:13:39
[sizeasas =small][/size]
zawe aung   |124.13.132.xxx |2009-10-16 20:38:32
Pl contect tome.I m gay man.
minmin  - just share for u   |203.81.166.xxx |2009-07-06 19:01:00
hihih
waiphyomg  - Question   |203.81.166.xxx |2009-12-28 15:11:10
မင်္ဂလာပါဗျ
ကျွနိတော်ကဝေယံပါ ကျွန်တော်သိချင်တာလေးရှိ လို့ပါ
ရောဂါကူးပုံ ကူးနည်းတော
့သီပါပြီ
ဒါပေမယ့် ဘယ် လိုလူမျိုးတွေကနေကူးနိုင်သလဲ ဆိုတာကို မပြောပြဘူးနော် ကျွန်
တော်ဆိုလိုတာက
ဘယ်သူနဲ့မှမဖောက်ပြန်တဲ့ Gay နှစ်ယောက်ဟာ ဖော်ပြထားတဲ့ရောဂါတွေ ဖြစ်
နိုင်သလားဆိုတာ သိခြင်တာပါ ပြောပြပေးပါဗျ
Anonymous   |91.198.212.xxx |2010-01-06 07:38:57
KoKo  - KoKo   |203.81.166.xxx |2010-02-16 20:59:20
ရောဂါလက်ခဏာလေးလဲပြောပါဦး။(ကာလသားရောဂါ)
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Guys Of Myanmar Club 
သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ 
Guys Of Myanmar Blog

Mplus Thailand  
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society  
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

GMyanmar
ယောက်ျားလေးချင်းနှစ်သက်သူတွေအတွက်

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More