You are here: Home သတင်းဆောင်းပါး Health အမျိုးသမီးချင်းချစ်သူတွေ သတိထားသင့်သော ရောဂါများ

အမျိုးသမီးချင်းချစ်သူတွေ သတိထားသင့်သော ရောဂါများ

E-mail Print PDF

အမျိုးသမီးချင်းချစ်သူတွေ သတိထားသင့်သော ရောဂါများ 

အာရောဂျံ ပရမံ လာဘံဆိုတဲ့စကားအတိုင်း ကျန်းမာရေးဟာ လာဒ်တပါးဖြစ်ပါတယ်၊ အသက်ကိုဥာဏ်စောင့်ဆိုသလို မိမိအနေနဲ့ ကျန်းမာရေးကို ဂရုစိုက်စောင့်ရှောက်ပြီး နေမယ်ဆိုရင် မလိုလားအပ်တဲ့ ကျန်းမာရေးဆိုင်ရာ ပြ၏နာတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်၊ အမျိုးသမီးတွေမှာ အမျိုးသမီးဖြစ်တဲ့အတွက် ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတွေရှိပါတယ်၊ ဒါပေမဲ့ အမျိုးသမီးထဲမှာ လိင်တူချင်းချစ်တဲ့အမျိုးသမီးတွေ။ လိင်တူလိင်ကွဲချင်းချစ်တဲ့ အမျိုးသမီးတွေမှာ ပိုမိုအဖြစ်များတဲ့ ရောဂါတွေရှိတတ်ပါတယ်၊ အကျင့်စရိုက်ပုံစံကြောင့် ဖြစ်တတ်တဲ့ရောဂါတွေရှိတတ်သလို ပတ်ဝန်းကျင်က အမျိုးသမီးချင်းချစ်သူတွေအပေါ် ထားတဲ့ သဘောထား။ ဆက်ဆံမှု ပုံစံတွေရဲ့ ရိုက်ခတ်မှုကြောင့်ဖြစ်ရတဲ့ ရောဂါတွေလဲ ရှိတတ်တာတွေဏ္ဍရပါတယ်၊ ဒါကြောင့် အမျိုးသမီးချင်းချစ်သူတွေမှာ ဖြစ်တတ်တဲ့ ရောဂါပုံစံတွေအကြောင်း တစေ့တစောင်း တင်ပြလိုက်ပါတယ်၊   

ပထမဦးဆုံးဖော်ပြချင်တဲ့ အမျိုးသမီးချင်းချစ်သူတွေမှာ ဖြစ်တတ်တဲ့ရောဂါကတော့ ရင်သားကင်ဆာဖြစ်ပါတယ်၊

အမျိုးသမီးချင်းချစ်သူများဟာ ကမ္ဘာပေါ်မှာရှိတဲ့ ရင်သားကင်ဆာအဖြစ်နိုင်ဆုံး အုပ်စုထဲမှာ ပါဝင်နေတတ်ပါတယ်၊ ဒီလိုပါဝင်နေတတ်ပေမဲ့ အသက် (၄၀) ကျော်အမျိုးသမီးချင်း ချစ်သူတွေဟာ အမျိုးသမီးကျန်းမာရေးအတွက် အချိန်မှန်မှန် ဆေးစစ်တာတို့။ ကိုယ့်ရင်သားမှာ အ}ကြိတ်ရှိမရှိ ကိုယ့်ဖာသာကိုယ်စစ်ဆေးတာတို့။ ဆေးခန်းသွားစစ်ဆေးတာတို့ လုပ်တာမျိုးတွေနည်းတဲ့အတွက် အချိန်စောစောမှာ ကုသလို့ရတဲ့ ရင်သားကင်ဆာကို မကုစားနိုင်ဘဲ အချိန်နှောင်းမှ အပ်နဲ့ပေါက်ရမဲ့အစား ပေါက်ဆိန်နဲ့ထွင်းရတဲ့ အဖြစ်မျိုးရောက်တတ်တာ သတိထားစေလိုပါတယ်၊ 

ဒုတိယအဖြစ်များတဲ့ ရောဂါကတော့ စိတ်ပိုင်းဆိုင်ရာနဲ့သက်ဆိုင်တဲ့ စိတ်ဖိစီးမှု ရောဂါပါဘဲ၊

အမျိုးသမီးချင်းချစ်သူတွေဟာ တခြားလိင်တူချစ်သူတွေလိုဘဲ ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်စော်ကားတာကို ခံရလေ့ရှိတာ အသေအချာပါဘဲ။ အကြမ်းဖက်တာမလုပ်တောင်မှ လှောင်ပြောင်တာ။ အံ့သြလက်မခံတဲ့ အကြည့်နဲ့ ကြည့်တာကို ခံရတာတွေရှိပါတယ်၊ ကိုယ်ဟာ အမျိုးသမီးချင်းချစ်သူဆိုတာ လုပ်ဖော်ကိုင်ဖက်တွေ သိသွားမှာ အမြဲစိုးရိမ်ပြီး ကိုယ်ရဲ့လိင်တူချင်းချစ်စိတ်ကို ဖုံးကွယ်ထားတဲ့ သူတွေဆို စိတ်ဖိစီးမှုကို ပိုခံစားရမှာပါ၊ အခြားသူတွေက စိတ်ဖိစီးမှုခံရရင် ကိုယ်မိသားစု အသိုင်းအ၀ိုင်းက အားပေးဖေးမမှုကို လွယ်လွယ်ကူကူ ရနိုင်ပေမဲ့ လိင်တူချင်းချစ်သူအမျိုးသမီးတွေအဖို့ သူတို့ရဲ့လိင်စိတ်ကို အခြားသူတွေသိမှာ စိုးရိမ်ပြီး ဖုံးကွယ်ထားလေ့ရှိတာကြောင့် တခြားသူတွေရရှိနိုင်တဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ အားပေးဖေးမမှုကို မရနိုင်ကြပါဘူး။ ဒါကြောင့် စိတ်ဖိစီးမှုဟာလဲ ဆိုးဝါးတဲ့ ကျန်းမာရေးပြဿနာဖြစ်ပါတယ်၊ 

ကဲ နောက်တခါပြောပြချင်တဲ့ ရောဂါကတော့ မီးယပ်ပိုင်းဆိုင်ရာကင်ဆာရောဂါတွေပါ၊

အမျိုးသမီးချင်းချစ်သူတွေကြားမှာ မီးယပ်ပိုင်းဆိုင်ရာကင်ဆာရောဂါတွေလဲ အခြားအမျိုးသမီးတွေထက် အဖြစ်များတာတွေ့ရပါတယ်၊ အတော်များများမသိတဲ့အချက်က တကယ်လို့သာ ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ နှစ်စဉ် စမ်းသပ်ကြည့်ပြီး လိုအပ်သလို ဆေးကုသမှု ခံယူမယ်ဆိုရင် မီးယပ်ပိုင်းဆိုင်ရာ ကင်ဆာတွေ ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ ရောဂါမရင့်ခင် ကုသနိုင်တယ်ဆိုတဲ့ အချက်ပါဘဲ၊ အဲဒီတော့ ဆရာဝန်နဲ့  ဖြစ်နိုင်ရင် နှစ်စဉ်မှန်မှန် စစ်ဆေးစေချင်ပါတယ်၊ ရှက်စရာမလိုဘူးနော်၊ 

နောက်ရောဂါတခုကတော့ ပြောရင် သိပ်ကြိုက်ာကမှာ မထင်ဘူးနော်၊ ခန္ဓာကိုယ် ၀လွန်ခြင်းတဲ့၊

အိုဗာဝိတ်လို့ပြောရင် ပိုနားလည်မယ်ထင်တယ်၊ သုတေသနတွေအရ အမျိုးသမီးချင်းချစ်သူတွေဟာ အခြားအမျိုးသမီးတွေထက် ပိုဝတတ်တယ်တဲ့၊ ခန္ဓာကိုယ်ဝလွန်းရင် နှလုံးရောဂါတွေ။ သွေးတိုး။ ဆီးချိုရောဂါတွေနဲ့ တခြားရောဂါတွေတိုက်ခိုက်တာပိုခံရတတ်တယ်၊ ဒါကြောင့် ကိုယ့်ကိုကိုယ်ကျန်းမာတဲ့ အစားအစာတွေ။ နေထိုင်မှု ပုံစံတွေနဲ့ သတိထားနေထိုင်ဖို့။ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ဖို့ အကြံပေးပါရစေ၊ ၀တုတ်ကြီးတွေ မဖြစ်စေနဲ့ပေါ့၊ 

နောက်တခုကတော့ ပတ်ဝန်းကျင်က ပေးတဲ့ စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်အောင် လုပ်ရင်း ရလာတဲ့အကျိုးဆက်ရောဂါလို့ ပြောနိုင်တဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုပါဘဲ။

လိင်တူချင်းချစ်သူတွေကို မုန်းတီးတဲ့ပတ်ဝန်းကျင်မှာ ဒါမှမဟုတ်ရင် လိင်တူချင်းချစ်သူတွေကိုလက်မခံတဲ့ အခြေအနေမျိုးမှာ ကိုယ့်စိတ်ဖိစီးမှုကို ကိုယ်ကြိုးစားကုစားရင်း မူးယစ်ဆေးဝါးရဲ့ သားကောင်တွေ ဖြစ်သွားတတ်ပါတယ်၊ ဒါကြောင့် စိတ်ဖိစီးမှုကို မူးယစ်ဆေးဝါးနဲ့ ထွက်ပေါက်မရှာဘဲ ကျန်းမာရေးအရ စိတ်ပိုင်းဆိုင်ရာ အပန်းဖြေတာတို့။ စိတ်ပင်ပန်းမှု ဖြေလျော့စေတဲ့ လှုပ်ရှားမှု မျိုးလုပ်တာတို့။ စိတ်ဖိစီးမှုကို နည်းမှန်လမ်းမှန်နဲ့  ပပျောက်စေတာတို့ လုပ်သင့်ပါတယ်၊ ကိုယ်လဲဝါသနာပါ။ စိတ်လဲအပန်းဖြေရာရောက်တဲ့ သစ်ပင်စိုက်တာ။ ပန်းချီဆွဲတာ။ အိမ်မွေးတိရစ္ဆာန်တွေမွေးတာတို့နဲ့ ကိုယ့်စိတ်ဖိစီးမှုကို ကြိုးစား ဖြေဖျောက်ကြည့် ကြရအောင်နော်၊ 

ခုနကပြောတဲ့အရာနဲ့ ဆက်စပ်နေတဲ့ နောက်ထပ်ကျန်းမာရေးပြဿနာကို ပြောရမယ်ဆိုရင် ဆေးလိပ်စွဲခြင်းဘဲ၊

အမျိုးသမီးချင်းချစ်သူတွေဟာ အခြားအမျိုးသမီးတွေထက် ပိုပြီး ဆေးလိပ်သောက်တတ် ကြတယ်။ ဆေးလိပ်စွဲတတ်ကြတယ်လို့ သုတေသနတွေက ပြောပါတယ်၊ စိတ်ဖိစီးမှုကြောင့် သောက်တာဘဲဖြစ်ဖြစ် ။ လူအများနဲ့ဆက်ဆံရင်း သောက်တာဘဲဖြစ်ဖြစ် ဆေးလိပ်အလွန်အကျွံ့သောက်ခြင်းရဲ့ အကျိုးဆက်ကတော့ ကင်ဆာ။ နှလုံးရောဂါ ။ ရင်ကြပ်ရောဂါတွေကို ခံစားရတာပါဘဲ၊ မလိုလားအပ်တဲ့ရောဂါတွေကို ဆေးလိပ်သောက်ခြင်းနဲ့ မဖိတ်ခေါ်ကြပါနဲ့လား၊ 

နောက်ထပ်ဆက်စပ်နေတဲ့ရောဂါကတော့ အရက်စွဲခြင်းပါတဲ့၊

အမျိုးသမီးချင်းချစ်သူတွေက တခြားအမျိုးသမီးတွေထက် ပိုပြီးအရက်စွဲကြပါတယ်တဲ့၊ သုတေသနစစ်တမ်းတွေက ပြောထားပြန်ပါတယ်၊ တနေ့ကို နည်းနည်းစီသောက်တာ ကျန်းမာရေးအတွက် ကောင်းတယ်လို့ဆိုကြပေမဲ့ နည်းနည်းထက် ပိုသောက်ဖြစ်ရင်တော့ အသည်းရောဂါတွေလို ကျန်းမာရေးပြဿနာတွေ။ အခြား မလိုလားအပ်တဲ့ လူမှုရေးပြဿနာတွေ ဖြစ်လာနိုင်တယ်ဆိုတာ သတိပြုကြအုန်းနော်၊ 

အဲ နောက်ထပ်ပြ၏နာကတော့ မပြောမဖြစ်လို့ ပြောရအုန်းမဲ့ပြဿနာပါဘဲ၊ အိမ်တွင်းအကြမ်းဖက်မှုတဲ့၊

အဖွဲ့တဖွဲ့ရဲ့ ပြောကြားချက်အရဆိုရင် အမျိုးသမီးချင်းချစ်သူတွေရဲ့ အတွဲတွေ။ အိမ်ထောင်တွေရဲ့ ၁၁ ရာခိုင်နှုန်းဟာ အိမ်တွင်းအကြမ်းဖက်မှုတွေ ရင်ဆိုင်နေရပြီး ရဲဌာနကိုတိုင်တန်းတဲ့ အိမ်တွင်းအကြမ်းဖက်မှု ကိစ္စတွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ အမျိုးသမီးချင်းချစ်သူတွေဖြစ်တဲ့ အိမ်တွင်းအကြမ်းဖက်မ_တွေပါတဲ့၊ ရိုက်နှက်ခံထိတဲ့သူတွေက ဘယ်နေရာသွားကြမလဲ၊ ဘယ်သူကရိုက်တာလဲမေးရင် ကျမရဲ့မိန်းမအဖော်က ရိုက်တာပါလို့ပြောရင်ရော ဘယ်သူက လက်ခံမှာလဲ၊  သတိထားရမဲ့အဖြစ်တွေနော်၊ 

နောက်ဆုံးအနေနဲ့ ပြောရမည်ဆိုရင်တော့ နှလုံးရောဂါပေါ့၊ ခုနကပြောခဲ့သလို ဆေးလိပ်သောက်တာတွေ။

ခန္ဓာကိုယ် ၀လွန်းတာတွေရဲ့ အကျိုးဆက်ကြောင့်  နှလုံးရောဂါအန္တာရာယ် ၀င်လာတတ်တာပါဘဲ၊ ဒါတွေကြောင့် အချိန်မှန်မှန်ဆေးစစ်တာ။ သွေးတိုးစစ်တာ။ ကော်လယ်စထရောစစ်တာ။ ဆီးချိုစစ်တာတွေကို သေသေချာချာလုပ်ပြီး ကျန်းမာရေးလေ့ကျင့်ခန်းတွေကို မှန်မှန်လုပ်ဖို့လိုတာနော်၊ နှလုံးရောဂါဖြစ်တဲ့သူတွေထဲမှာ အမျိုးသမီးက ၄၅ ရာခိုင်နူန်းလောက် ရှိတယ်ဆိုတော့ သတိထားမှ တော်ယုံကျမှာကို သတိပေးလိုက်ပါရစေ၊ လူသားအားလုံး ကျန်းမာကြပါစေ၊မမဆရာဝန် 

Comments
Add New Search
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More