You are here: Home သတင်းဆောင်းပါး Health HIV/ Aids ဆိုတာဘာလဲ၊

HIV/ Aids ဆိုတာဘာလဲ၊

E-mail Print PDF

        HIV ဆိုတာ လူ.ခုခံစွမ်းအားကို ကျဆင်းစေသော ဗိုင်းရပ်စ်ရောဂါပိုး တစ်မျိုးပါ။ HIV ပိုး ကူးစက်ခံရပြီဆိုရင် အဲဒီပိုးဟာ ခန္ဓာကိုယ်အတွင်းရှိ သွေးဖြူဥဆဲလ်များကို ဖျက်ဆီးတော့တယ်၊ ကျွန်ုပ်တို့သည် ရောဂါကာကွယ်နိုင်ရန် အတွက် သွေးဖြူဥဆဲများ လိုအပ်သည်၊ သွေးဖြူဥဆဲလ်များ ပျက်စီးသွားပါက ပြင်ပက ၀င်လာတဲ့ ရောဂါပိုးတွေကို ခုခံနိုင်စွမ်းအား မရှိတော့ပါ၊ အဲဒီလို ခုခံစွမ်းအား ဖျက်ဆီးခြင်းခံရတာကို ခုခံအားကျဆင်းရောဂါ (Aids) လို့ခေါ်ပါတယ်၊ မှတ်ချက်၊ HIV ပိုးကူးစက်ခံရပေမယ့်လည်း သာမန်လူတယောက်လို သွားလာလှုပ်ရှား နိုင်တယ်ဆိုတာ မမေ့ပါနဲ့၊ 

ကူးစက်နိုင်သည့်နည်းလမ်းများ 

လိင်ဆက်ဆံမှုမှ တဆင့်ကူးစက်ခြင်း

       HIV ရောဂါပိုးရှိသူ တစ်ဦးနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ လိင်တူ။ လိင်ကွဲ ဆက်ဆံခြင်း၊ (မိန်းမကိုယ်ဖြင့်လည်းကောင်း။ စအိုဖြင့်လည်းကောင်း။ ပါးစပ်ဖြင့်လည်းကောင်း အကာအကွယ် မသုံးပဲ လိင်ဆက်ဆံခြင်း)

        သွေးမှ တဆင့်ကူးစက်ခြင်း၊ ရောဂါပိုးရှိသူ. သွေးကိုသွင်းမိခြင်း၊ ရောပိုးရှိသူနှင့် ချွန်ထက်မြက်စူးရှတတ်သော အသုံးအဆောင်များ မျှဝေသုံးစွဲခြင်း၊ (ဥပမာ- ဘရိတ်ဓါး။ ဆေးထိုးအပ်။ ဆေးမှင်ကြောင်ထိုးခြင်း)

        ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားကို ကူးစက်ခြင်း၊ ရောဂါပိုးရှိသော မိခင်မှတဆင့် ၄င်း. ကလေးထံသို့ သားဖွားစဉ် (သို့) ကလေး နို့ရည်တိုက်ကျွေးခြင်း၊ 

သတိပြုရမည့်အချက်များ

        HIV ပိုးသည် ခြင်။ ကြမ်းပိုး ကိုက်ခြင်းမှတဆင့် မကူးစက်နိုင်ပါ၊

        HIV ပိုးသည် နှာချေခြင်း။ ချောင်းဆိုးခြင်း မှတဆင့် မကူးစက်နိုင်ပါ၊

        HIV ပိုးရှိသူတစ်ဦးနှင့် အိမ်သာတစ်ခုတည်းကို အတူတကွအသုံးပြုခြင်းဖြင့် ရောဂါမကူးစက် နိုင်ပါ၊

        HIV ပိုးရှိသူတစ်ဦးနှင့် ပွေ့ဖက် နမ်းရှုပ်ခြင်းဖြင့် ရောဂါ မကူးစက်နိုင်ပါ၊

        HIV ပိုးရှိသူတစ်ဦး. အ၀တ်အစားများကို ၀တ်ဆင်ခြင်းဖြင့် ရောဂါမကူးစက် နိုင်ပါ၊

        HIV ပိုးရှိသူတစ်ဦးနှင့် အစားအသောက်အတူစားခြင်း။ ပန်းကန်တစ်ခုထဲတွင် စားသောက်ခြင်းဖြင့် ရောဂါပိုး မကူးစက်နိုင်ပါ၊ 

HIVAids ရောဂါကို ကုသနိုင်ပါသလား၊      

မကုသနိုင်ပါ၊ ယခုတိုင် HIV ရောဂါကို မကုသနိုင်သေးပါ၊ ၄င်းအပြင် ကျွန်ုပ်တို့ကို HIV ပိုးကူးစက်ခြင်း မခံရအောင် ကာကွယ်ပေးနိုင်သော ဆေးလည်းမရှိသေးပါ၊ ကျွန်ုတို့ လုပ်ဆောင်နိုင်တာ တစ်ခုတည်းသော အရာကား HIV ပိုးများ ခန္ဓာကိုယ်အတွင်းသို့ မ၀င်ရောက်နိုင်အောင် ကာကွယ်တားဆီးခြင်း ပင်ဖြစ်ပါသည်၊ 

ခန္ဓာကိုယ်အတွင်းသို့ HIV ပိုးဝင်ရောက်ခြင်းမှ ဘယ်လို တားဆီးနိုင်သလဲ၊

        လိင်ဆက်ဆံသောအခါတိုင်းတွင် ကွန်ဒုံး ကို အသုံးပြုခြင်း၊

        ဆေးထိုးအပ် (သို့) သင်.အရေပြားကို ထိုးဖောက်နိုင်သော အခြားပစ္စည်း ကိရိယာများကို ကောင်းမွန်သေချာစွာ ပိုးသန့်ပြီးမှ သုံးစွဲပါ၊ မလိုအပ်သော အရေပြားထိုးဖောက်ခြင်းကို ရှောင်ပါ၊ ဥပမာ- ဆေးမှင်ကြောင်ထိုးခြင်း၊

        သွေးသွင်းရန် အသုံးပြုမည့် သွေ့း HIV ပိုးမရှိကြောင်း သေချာစေရန် စစ်ဆေးရမည်၊ တခြားသူများ. သွေး (သို့) ကိုယ်အရည်များနှင့် ထိတွေ့ရသော အလုပ်ကို သင်လုပ်ကိုင်ရပါက လက်အိတ်များစွတ်ခြင်းဖြင့် ကာကွယ်ပါ၊

        ကိုယ်ဝန်ဆောင် မိခင်များသည် မိမိတွင် HIV ပိုးရှိကြောင်း သိရှိပါက လျင်မြန်စောစီးစွာ ဆေးကုသမှု ခံယူရမည်၊ သားဖွားပြီးနောက် ကလေးကို မိခင်နို့ရည်မတိုက်ပဲ အထူးဖော်စပ်ထားသော နို့မုန့်များကိုသာ တိုက်ကျွေးရမည်၊ 

HIV ပိုးရှိမရှိ ဘယ်လိုသိနိုင်မလဲ၊

        အပြင်ပန်းကြည့်ရုံနဲ့ မသိနိုင်ပါဘူး၊ ရောဂါပိုးရှိသူဟာ သာမာန်လူတွေလိုဘဲ ကျန်းမာသန်စွမ်းနေနိုင်ပါတယ်၊

        ရောဂါပိုး ရှိ။ မရှိ ကို သွေးစစ်ကြည့်မှသာ သိနိုင်ပါတယ်၊

        HIV ပိုးဝင်ပြီး အင်တီဘော်တီ လုံလုံလောက်လောက်ထက်ဖို့ရာ အချိန် သုံးလကြာတဲ့အတွက် ပထမအကြိမ် သွေးစစ်ပြီး HIV ပိုးမရှိသော်လည်း နောက်သုံးလအကြာတွင် သွေးထပ်စစ်ရန် လိုအပ်ပါတယ်၊ 

Aids ရောဂါ လက္ခဏာ များကတော့

        ကြာရှည်ဖျားခြင်း၊        ကိုယ်အလေးချိန် သိသိသာသာလျော့ခြင်း၊

        မကြာခဏ ၀မ်းပျက်ခြင်း၊

        အကြိတ်ရောင်ခြင်း၊        ရေယုန်ပေါက်ခြင်း၊

        ပါးစပ်အတွင်း မက်ခရု ပေါက်ခြင်း၊ 

လိင်တူဆက်ဆံသူများအကြား အသုံးပြုလေ့ရှိသည့် လိင်ဆက်ဆံနည်းများ      

များသောအားဖြင့် လိင်တူဆက်ဆံသူတွေ ကြားမှာ အသုံးပြုလေ့ရှိတဲ့ လိင်ဆက်ဆံနည်းတွေကတော့ -

        ပါးစပ်ခြင်း နမ်းစုပ်ခြင်း၊

        လိင်အင်္ဂါကို ပါးစပ်နှင့် ဆက်ဆံခြင်း၊ (69 ပုံစံဖြင့် ဆက်ဆံခြင်း)

        စအိုနှင့် ဆက်ဆံခြင်း၊

        အချင်းချင်း လက်ဖြင့် အာသာဖြေသည့်နည်းဖြင့် ဆက်ဆံခြင်း၊

        အုပ်စုအလိုက် ဆက်ဆံခြင်း၊

        လိင်တံတု (သို့) လိင်ကစားစရာများနှင့် ဆက်ဆံခြင်း၊စသည့်နည်းတွေကို အသုံးပြုလေ့ရှိ ကြပါတယ်၊ 

HIVAids နဲ့ပက်သက်လို့ လိင်တူဆက်ဆံသူများအကြား သတိထားသင့်တဲ့ အချက်များ ပါးစပ်နှင့်ဆက်ဆံရင် သတိထားရမည့်အချက်      

HIV ပိုးဟာ လိင်အင်္ဂါကထွက်တဲ့ အရည်နဲ့ သွေးတွေမှာပါနေတဲ့အတွက် ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါ အထူးသတိထား သင့်ပါတယ်၊ သွားဖုံးတွေက အင်မတန်မှ နူးညံ့တော့ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံ မိမယ်ဆိုရင် သွားဖုံးအနာတရဖြစ်ပြီး သွေးတွေယိုဆင်း နိုင်တဲ့အတွက် ရောဂါပိုးကူးစက်နိုင်ပါတယ်၊ ဖြစ်နိုင်ရင် လိင်အင်္ဂါကို လိင်တံစွပ် (condom) စွပ်ပြီး ဆက်ဆံမယ်ဆိုရင်တော့ ပိုပြီးလုံခြုံမှု ရှိမှာပါ၊ 

စအိုနဲ့ ဆက်ဆံရင် သတိထားရမယ့်အချက်      

စအိုနဲ့ ဆက်ဆံတဲ့နည်းဟာ အန္တာရယ်အများဆုံးသော လိင်ဆက်ဆံနည်းလို့ ဆိုနိုင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ စအိုဝဟာ အလွန်ပျော့ပြောင်းနူးညံ့တဲ့ သွေားကြောမျှင်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမိမယ်ဆိုရင် အဲဒီအသားမျှင် သွေးကြောမျှင်လေးတွေက စုတ်ပြတ်ပွင့်ထွက်သွားနိုင်ပါတယ်၊ အဲဒီလို အနာတရဖြစ်ပြီဆိုရင်တော့ HIV ပိုးကူးစက်ဖို့ရန်အတွက် အရမ်းကိုလွယ်ကူ သွားပါတော့တယ်၊ ဒါကြောင့် စအိုနဲ့ လိင်ဆက်ဆံမယ်ဆိုရင်တော့ လိင်တံစွပ်ကို အသုံးပြုတာ အကောင်းဆုံး။ အလုံခြုံဆုံး ဖြစ်ပါတယ်၊ 

အရက်ကို အလွန်အကျွံမသောက်မိပါစေနဲ့      

အရက်ကို အလွန်အကျွံသောက်ပြီးတော့ လိင်ဆက်ဆံတဲ့အပြုအမူကို ရှောင်ကြဉ်သင့်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အရက်မူးလွန်သွားရင် လိင်ဆက်ဆံခါနီး ကာမဆန္ဒဇောကများ အရက်ကလည်းမူးနဲ့ နောက်ဆုံးတော့ အကာအကွယ်သုံးပြီး လိင်ဆက်ဆံဖို့ သတိလက်လွတ်ဖြစ်သွားတတ်ပါတယ်၊

 

Comments
Add New Search
Moenya   |202.169.233.xxx |2009-09-24 21:40:52
Very good for not only boy but also girl. Because, HIV/AIDS is very important f
or human life. We red uce HIV/AIDS over the world. We need to reduce man y knnow
ladge for human esceipally youth. Very good information . Thank you very much f
or behalf of h uman.
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More