You are here: Home သတင်းဆောင်းပါး In & Out ပေးဆပ်တဲ့အချစ်က အကောင်းဆုံးလို့ပြောတဲ့ စု နဲ့တွေ့ဆုံခြင်း

ပေးဆပ်တဲ့အချစ်က အကောင်းဆုံးလို့ပြောတဲ့ စု နဲ့တွေ့ဆုံခြင်း

E-mail Print PDF

ဒီတစ်ပတ် အင်တာဗျူးကဏ္ဍလေးကတော့ ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာ နေထိုင်တဲ့ အမျိုးသမီးချင်းချစ်သူတစ်ယောက်ဖြစ်တဲ့ မစုကို မေးမြန်းထားခြင်းပဲ ဖြစ်ပါတယ်။ မစုရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဘ၀အကြောင်းလေးတွေကို စာဖတ်ပရိသတ်ကြီး ဆက်လက်ဖတ်ရှု အားပေးပါဦးနော်၊

အမေး         ။ ညီမလေးနာမည်က။

စု      ။ ။ နာမည်ရင်းကတော့ မစု။ မြသက်မွန်လို့လည်းတချို့ကခေါ်တယ်။ ဒါပေမယ့် အများစုခေါ်တာ အများစုသိတာကတော့ စုစု လို့ပဲပေါ့နော်။ 

အမေး         ။ မစုရဲ့ လိင်စိတ်ခံယူမှုကို (ဥပမာ - မိန်းကလေးအချင်းချင်းစိတ်ဝင်စားတာ ချစ်တာကို) ဘယ်အသက်အရွယ်လောက်ကတည်းက စပြီး သတိထားမိလဲ။ ဘယ်လိုအဖြစ်အပျက်မျိုးနဲ့စပြီး သတိထားမိတာလဲ ပြောပြပါလား။

စု      ။ ။ ၈ နှစ် ၉ နှစ်လောက်ကတည်းက စသတိထားမိလာတယ်ပေါ့နော်။ အဓိကဆိုရင်တော့ ရှစ်တန်းအရွယ်လောက်ဆို သေသေချာချာသိနေပြီ။ ကောင်မလေးတွေမြင်တယ်ဆိုရင် အရမ်းခင်တယ်ပေါ့နော်။ အရမ်းလည်းချစ်တယ် ထူးထူးခြားခြားပေါ့နော်။ ရင်ခုန်တာတို့ဘာတို့ပေါ့။ ၈တန်းအရွယ်လောက်ဆို သေသေချာချာကို သိနေပြီ။  

အမေး         ။ ဘယ်အချိန်လောက် ကတည်းကစပြီး ကိုယ့်ကိုယ်ကို လိင်တူချစ်သူ အမျိုးသမီးတယောက်အနေနဲ့ ပွင့်ပွင့်လင်းလင်း စတင်နေထိုင်တာလဲ။

စု      ။ ရှမ်းပြည်(ထိုင်းနိုင်ငံ) ကိုစရောက်တဲ့ အချိန်ပေါ့။ အသက်ကတော့ ၂၁ လောက်တော့ရှိပြီ။ ထိုင်းနိုင်ငံစရောက်ရောက်ချင်းကတော့ အသက် ၂၀ ပေါ့နော်။ တနှစ်လောက်ကတော့ အေးအေးဆေးဆေးပဲ နေခဲ့တယ်။ နောက် ၂၁ နှစ်လောက်ရောက်တော့ ပွင့်ပွင့်လင်းလင်းပဲနေလိုက်တော့တယ်။ ထိုင်းနိုင်ငံမှာမို့လို့ အခုလို ပွင့်ပွင့်လင်းလင်းနေလို့ရတာ။  

အမေး         ။ ဘာဖြစ်လို့ ဗမာပြည်မှာကျတော့ပွင့်ပွင့်လင်းလင်းမနေရဲတာလဲ။

စု                ။ ဗမာပြည်ထဲမှာဆိုရင်တော့ နေလို့မရဘူးလေ။ ကိုယ့်ရဲ့မိဘတွေရှိတယ် မောင်နှမတွေရှိတယ။် အဲဒီအတွက်ကြောင့် သူတို့ကအဲလိုနေတာမကြိုက်ဘူး။ မကြိုက်ဘူးဆိုပေမယ့် အမေကတော့ရတယ်။ ငယ်ငယ်လေးထဲက ယောက်ျားလေးလိုပဲ ၀တ်ဆင်တယ်။ အင်္ကျီဝတ်တာကအစ အင်္ကျီတွေဝယ်ပေးတာကအစ မိန်းကလေးအင်္ကျီတွေမျိုးဆို မ၀တ်ချင်ဘူး။ ယောက်ျားလေးအင်္ကျီတွေဆင်ပေးမှပဲဝတ်တယ်။ ရှမ်းပြည်ရောက်မှပဲ ကိုယ့်ဟာကိုယ် ပွင့်ပွင့်လင်းလင်း ကြိုက်သလိုနေလို့ရတော့တယ်ပေါ့နော်။ 

အမေး         ။ ဘာဖြစ်လို့ ထိုင်းမှာကျတော့ပွင့်ပွင့်လင်းလင်းနေရဲတာလဲ။

စု      ။ ဒီမှာကျတော့ ကိုယ့်ကိုဆူမယ့်လူလည်းမရှိဘူး။ ပြောမယ့်လူလည်းမရှိဘူး။ တကိုယ်ရေတကာယဆိုတော့ ပွင့်ပွင့်လင်းလင်း နေချင်သလိုနေလို့ရတယ်။ ဘယ်သူရဲ့ မျက်နှာမှ ထောက်စရာမလိုဘူးပေါ့နော်။ အချစ်ကို စတင်ရှာဖွေတွေ့ရှိတာလဲ ဒီထိုင်းနိုင်ငံရောက်မှပေါ့နော်။ 

အမေး         ။ အခုလို ပွင့်ပွင့်လင်းလင်းနေထိုင်လိုက်တဲ့အတွက်ကြောင့် မိသားစုဖက်ကတုန့်ပြန်မှုကရော ဘယ်လိုရှိလဲ။

စု                ။ တုန့်ပြန်မှုတော့သိပ်မရှိပါဘူး။ ပြောရမယ်ဆိုရင်တော့ ဝေးနေလို့လည်းဖြစ်နိုင်တယ်။ နီးရင်တော့ ဘယ်လိုဖြစ်မလဲဆိုတာမသိဘူးပေါ့။ ဒီမှာက မောင်နှမတွေလည်းမရှိဘူး။ တယောက်ထဲဆိုတော့ ပြောမယ့်သူလည်းမရှိဘူး။ အင်း မိဘတွေရှေ့မှာမဟုတ်ဘူးဆိုတော့ မသိဘူးပေါ့နော် မသေချာဘူး။ ပြောတော့ မပြောဘူးလို့ထင်တာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဟာကိုယ် လုပ်စားကိုင်စားနိုင်တဲ့ အရွယ်ဖြစ်သွားပြီ။ သူတို့ရဲ့လက်အောက်မှာ နေတဲ့အရွယ်လည်း မဟုတ်တော့ဘူးဆိုတော့လေ လွတ်လပ်ခွင့်တော့ ရှိလိမ့်မယ်လို့ထင်တယ်ပေါ့နော်။  

အမေး         ။ အခုလိုမျိုးပွင့်ပွင့်လင်းလင်း လိင်တူချစ်သူတယောက်အနေနဲ့ နေထိုင်ရတဲ့အတွက် ပတ်ဝန်းကျင်ကရော ဘယ်လိုမျိုးတုန့်ပြန်ပြောဆိုလဲ။ စုအနေနဲ့ရောဘယ်လိုခံစားရလဲ။

စု      ။ အစပိုင်းဆိုရင်ကိုယ့်ကိုယ်ကို ရှက်တယ်ပေါ့နော်။ ငယ်ငယ်တုန်းကဆိုရင် ဂန်ဒူးမလို့ခေါ်ခံရရင် တအားစိတ်ဆိုးတယ်။ တော်တော့ကိုစိတ်ဆိုးတယ်။ တချို့သူငယ်ချင်းတွေကို ခေါ်ကိုမခေါ်တော့ဘူး။ တအားစိတ်ဆိုးတာ။ ပတ်ဝန်းကျင်ကတော့ ပြောကြတာပေါ့။ အထူးသဖြင့် ကောင်မလေးတွေနဲ့ ခင်ပြီဆိုရင်ပေါ့။ ဒီလူတွေက မကောင်းတဲ့သူတွေ ဘာညာပေါ့။ ဒါပေမယ့် အဲဒီပြောတဲ့လူတွေနဲ့ ပြန်ရင်းနှီးသွားပြီဆိုရင်တော့ မပြောကြတော့ဘူးပေါ့။ ဂယက်ကတော့ ရိုက်တယ်ပေါ့။ ခံလည်းခံရတယ်ပေါ့။ အထူးသဖြင့် ကိုယ်နဲ့ တွဲနေတဲ့ကောင်မလေးတွေကိုဆိုရင် ပိုအားနာတာပေါ့။ နောက်ဆုံးတော့လည်း သူလည်းခံနိုင်ရည်ရှိသွား၊ ကိုယ်လည်းခံနိုင်ရည်ရှိသွားတော့လည်း အသားကျသွားတာပေါ့နော်။ 

အမေး         ။ အပွင့်ဘ၀တုန်းကခံစားချက်နဲ့ အပုန်းဘ၀တုန်းကခံစားချက်နှစ်ခုမှာ ဘယ်လိုကွာခြားချက်တွေရှိလဲ။

စု                ။ အပုန်းဘ၀တုန်းကတော့ အရာရာကိုထိန်းချုပ်နေရတယ်။ ငါဒါလုပ်လိုက်လို့ရှိရင် ကောင်းမလားမကောင်း ဘူးလား။ ငါ့ကိုဘယ်သူတွေက ဘာပြောနေလဲမသိဘူးပေါ့နော် အဲလိုစိုးရိမ်နေရတယ်။ ကိုယ့်အဖြစ်ကို လူသိသွားမှာကလည်း စိုးရိမ်တယ်။ ပြီးတော့ ကိုယ်ကလည်းလိုက် ဖြေရှင်းနေရတယ်။ ပွင့်လိုက်ပြန်တော့လည်း ဘာမှမကြောက်တော့ဘူး။ ဘယ်သူဘာပြောပြော အကုန်လုံးကိုခံနိုင်ရည်ရှိသွားပြီ။ အပုန်းနဲ့ အပွင့်နဲ့ကွာတာကတော့ အဲဒါပါဘဲ။  

 အမေး         ။ ကောင်လေးတွေက စုစုကို ရည်းစားစကားပြောတာ ရည်းစားစာလိုက်ပေးတာကြုံဖူးလား။

စု                ။ ကောင်းလေးတွေရည်းစားစကားလာပြောပြီဆိုရင် ဟီးးးဟီးးဟီးး တမျိုးပဲ ရီချင်သလိုလိုကြီး။ ဘာကိုကြည့်ပြီး ငါ့ကိုအဲသလောက်ကြိုက်သွားသလဲပေါ့နော်။ တကယ်လို့သာအဖြေပေးလိုက်မိပြီဆိုရင်လည်း သူတို့ဖြစ်စေချင်တဲ့ မိန်းမလိုပုံစံမျိုး ၀တ်စားနေထိုင်ရတော့မယ်လေ။ အကျဉ်းထောင်ထဲ ပြန်ဝင်သလို ပုံစံခွက်ထဲကို ပြန်ဝင်ရတော့မှာ ကျဉ်းကျပ်တယ်လေ။ ဟဲဟဲဟဲ--ရည်းစားစာပေးခံရတာလည်း ကြုံဖူးတယ်။ ဒီရှမ်းပြည်မှာပဲ NGO တခုမှာ အလုပ်ဝင်ကူလုပ်ပေးတုံးကပေါ့။ ကောင်လေးတယောက်က ပန်းသီးပေးသလိုလိုနဲ့ ရည်းစားစာပါလာပေးတယ်။ အင်း ---တမျိုးတော့တမျိုးပဲ။ ကိုယ်ကမခံစားဖူးဘူးဆိုတော့လေ ဘယ်လိုပြောရမလဲ ဖီလင်ကတော့ တမျိုးပဲ။ ဒါပေမယ့် ကိုယ့်ရဲ့ဘ၀ဆုံးရမှာကြောက်လို့ အဖြေတော့မပေးဖြစ်လိုက်ဘူးပေါ့နော်။ အဖြေပေးဖို့စဉ်းစားလိုက်တိုင်း ကိုယ့်ရဲ့ဘ၀စွန့်ရမှာကို အရမ်းစိုးရိမ်တယ်။ အခုချိန်ထိ သူနဲ့ သူငယ်ချင်းလိုပဲခင်နေတုန်းပါပဲ။ 

အမေး         ။ လိင်တူချစ်သူ အမျိုးသမီးတယောက်ဖြစ်ရတဲ့ဘ၀မှာ ထူးထူးခြားခြားစိတ်ဝင်စားစရာ အဖြစ်အပျက်လေးတွေရှိရင် နည်းနည်းပြောပြပါလား။

စု                ။ အဖြစ်အပျက်ကတော့ ပထမဦးဆုံး စချစ်ခဲ့ရတဲ့သူနဲ့ ဖြစ်တဲ့အတွေ့အကြုံပေါ့နော်။ တယောက်နဲ့ တယောက်ကလည်း အရမ်းချစ်တယ်ဆိုတာသိတယ်။ ပထမဦးဆုံးချစ်တာဆိုတော့ ရူးရူးမူးမူးပေါ့နော်။ ပြီးတော့ သူမှာကလည်း ရည်းစားနဲ့လေ။ ကိုယ့်ကို ကျတော့ရည်းစားနဲ့ ပြတ်သွားပြီဆိုပြီးအမြဲတမ်းပြောတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ သူတို့ဆက်နေတာကို ဖမ်းမိသွားတယ်။ သိသွားတဲ့အခါကျတော့ တော်တော်လေးကို ခံစားလိုက်ရတယ်။ ရည်းစားဦးဆိုတော့ တော်တော်ချစ်တယ်။ တော်တော်လေးကို ခံစားလိုက်ရတယ်။ နောက်ဆုံးတော့ လမ်းခွဲလိုက်ကြတယ်။ နောက်ဆိုရင် ဘယ်သူ့ကိုမှ ရူးရူးမူးမူး မချစ်တော့ဘူး။ ရယူပိုင်ဆိုင်ချင်တဲ့စိတ်နဲ့ မချစ်တော့ဘူး။ ပေးဆပ်ရတဲ့အချစ်နဲ့ပဲချစ်တော့တယ်။ စိတ်ထဲမှာလည်း သြော်သူတို့က ကိုယ်နဲ့အတူတူမနေနိုင်ဘူး အချိန်တန်ရင်သူတို့ဟာသူတို့ သွားကြတော့မယ်ပေါ့ဆိုပြီးပဲဖြေလိုက်တာပေါ့နော်။  

အမေး         ။ စုလည်း သက်တန့်ရောင်စဉ်အဖွဲ့ဝင်တယောက်ဖြစ်တယ်လို့ သိရတယ်။ အဖွဲ့အစည်းရဲ့ လုပ်ငန်းဆောင်တာတွေထဲမှာ စုရဲ့ ပါဝင်လှုပ်ရှားပုံအကြောင်းလေးကိုပါသိရစေ။

စု      ။ စုတို့အဖွဲ့ကအရမ်းပျော်စရာကောင်းပါတယ်။ စုစုစည်းစည်းလေးလည်းဖြစ်တယ်။ စရိုက်တူတဲ့သူတွေနဲ့ဖွဲ့ထားတာပေါ့နော်။ ဂျီမတွေ၊ အလှဖန်တီးရှင်တွေ၊ ကတတ်တဲ့သူတွေနဲ့ စုစုစည်းစည်း ဖွဲ့စည်းထားတာပေါ့နော်။ တယောက်တသီးတခြားစီနေတာထက် စုစုစည်းစည်းနေကြတော့ အရမ်းကောင်းတာ မြင်တော့ ကိုယ်လည်းတတ်နိုင်တဲ့ဖက်က တတ်နိုင်သလောက် ကူညီပံ့ပိုးပေးပါတယ်။ ဥပမာ- ကပွဲတွေဘာတွေ ရှိပြီဆိုရင်ဝိုင်းဝန်းကူညီလုပ်ပေးတာ။ အစည်းအဝေးတွေဘာတွေ ရှိပြီဆိုရင် ဓါတ်ပုံ မှတ်တမ်းလိုက်ပေးတာတို့ပေါ့နော် တတ်နိုင်သလောက်တော့ ပါဝင်ပါတယ်။ သက်တန့်ရောင်စဉ် အဖွဲ့အစည်းလေး ခုလိုစည်းစည်းလုံးလုံးလေးနဲ့ အချင်းချင်းဝိုင်းဝန်းကူညီကြတာ အရမ်းကောင်းပါတယ်။ ဒီလိုမျိုး ဂျီမတွေရော လိင်တူချစ်သူတွေအားလုံး ပါဝင်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလေးတွေ တခြားနေရာမှာရောရှိစေချင်တယ်လေ။  

အမေး         ။ မစုရဲ့ ဘ၀ရည်မှန်းချက်လေးကိုရော ပြောပြလို့ရနိုင်မလား။

စု                ။ အနာဂတ်မှာ လူတွေကို လမ်းညွန်ပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတယောက်ဖြစ်ချင်တယ်။ အဲဒါကြောင့် လက်မှုပညာတွေလည်းကြိုးစားသင်ယူနေတယ်။ အသိပညာဗဟုသုတအတွက်လည်း တတ်နိုင်သလောက် သင်တန်းတွေဘာတွေတက်ပြီးလေ့လာတယ်။ ပြီးတော့ စီးပွားရေးလေးတခုခု အဆင်ပြေပြေနေနိုင်ပြီဆိုရင်တော့ ကိုယ့်ရဲ့ဘ၀ကိုအေးအေးချမ်းချမ်းလေး နေနိုင်သွားမယ်လို့တော့လည်း မျှော်လင့်တာပေါ့နော်။ 

အမေး         ။ မြန်မာပြည်က လိင်တူချစ်သူတွေအတွက် ဘာစကားလက်ဆောင်များပါးချင်ပါလဲ။

      ။ မြန်မာပြည်က လိင်တူချစ်သူတွေကို ပြောချင်တာကတော့ ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူတယောက်လို နေဖို့အတွက် တခါတလေ ကိုယ်မိဘမောင်နှမတွေကို ငဲ့ရတာကလည်း တပိုင်းပေါ့နော်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ပွင့်ပွင့်လင်းလင်းနေလိုက်ရင် စိတ်ကပိုပြီးတော့မှ ပျော်ရွင်တာပေါ့။ ကိုယ့်ကိုယ် ထိမ်းချုပ်မှုများလွန်းပြီဆိုရင် စိတ်ဖိစီးမှုကလည်း များလာတယ်။ စိတ်ဖိစီးမှုများလာရင် မူးယစ်ဆေးဝါး တခုခုကို သုံးဖို့ဖြစ်လာတယ်။ စွဲလာတယ်။ အဲလိုစိတ်ဖိစီးမှုမများအောင် ကိုယ့်ကျန်းမာရေးအတွက် ကိုယ့်ကိုယ်ကို ဂရုစိုက်၊ ကိုယ်စိတ်ကိုယ်လည်း ပွင့်ပွင့်လင်းလင်းနဲ့ နေထိုင်ကြပါလို့ စကားလက်ဆောင်ပါလိုက်ချင်ပါတယ်။ နောက်ဆုံးတခုကတော့ လိင်တူချစ်သူတွေထဲမှာမှ Lesbian လိင်တူချစ်သူအမျိုးသမီးတွေကိုပါးချင်တာကတော့ ကိုယ့်ချစ်သူကိုချစ်တဲ့အခါ ဘယ်တော့မှ ရယူပိုင်ဆိုင်ချင်တဲ့စိတ်နဲ့ မချစ်ပါနဲ့၊ ပေးဆပ်တဲ့အချစ်မျိုးနဲ့သာချစ်ကြပါလို့ ပြောချင်ပါတယ်။

Comments
Add New Search
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Guys Of Myanmar Club 
သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ 
Guys Of Myanmar Blog

Mplus Thailand  
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society  
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

GMyanmar
ယောက်ျားလေးချင်းနှစ်သက်သူတွေအတွက်

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More