လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် ဧပြီလ ၁၀ ရက်ကကျင်းပခဲ့တဲ့ နီပေါလ်နိုင်ငံ ပါလီမန်အမတ်ရွေးချယ်ပွဲမှာ နီပေါလ်နိုင်ငံ လွတ်တော်နေရာ ၆၀၁ နေရာရှိတဲ့အနက် ကွန်မြူနစ်ပါတီက ၅ နေရာရရှိခဲ့တဲ့နေရာမှာ ကွန်မြူနစ်ပါတီမှ ဆူနီဘာဘူပန့်က တနေရာကို အောင်အောင်မြင်မြင်ရရှိခဲ့ပါတယ်၊
ကွန်ပြူတာ အင်ဂျင်နီယာ ဘာသာရပ်နဲ့ ဘလာရိုတ်နိုင်ငံမှာ ပညာသင်ခဲ့တဲ့ နီပေါလ်နိုင်ငံသား ဆူနီဘာဘူ ပန့်ဟာ လိင်တူချစ်သူများဆိုင်ရာ ဥပဒေရေးရာအတွက် တက်ကြွစွာလှုပ်ရှား ဆောင်ရွက်ခဲ့သူ ပထမဦးဆုံးသော နီပေါနိုင်ငံသား လိင်တူချစ်သူအမျိုးသား တယောက်ဖြစ်ပါတယ်၊ သူဟာ မိမိရဲ့လိင်စိတ်ခံယူမှု အကြောင်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟထုတ်ဖော်ထားသည့် ရှားရှားပါးပါး လိင်တူချစ်သူ အမျိုးသားတယောက် လဲဖြစ်ပါတယ်၊
“လိင်တူချစ်သူတွေနဲ့ လူနည်းစု အခွင့်အရေးတွေ အတွက် ပိုမိုအာမခံချက် ရှိနိုင်ဖို့အတွက် ကျွန်တော်တို့က ဆူနီဘာဘူပန့်ကို ရွေးချယ်လိုက်တာ ဖြစ်တယ်” လိုဏ္ဍ နီပေါလ်နိုင်ငံ ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေမှူး ဂါနက်ရှ် ရှားက အေအက်ဖ်ပီ သတင်းဌာနကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်၊ ထို့ပြင် “ပန့်ဟာ နီပေါနိုင်ငံက လိင်တူချစ်သူလူနည်းစု အသိုင်းအ၀ိုင်းရဲ့ ပထမဦးဆုံး ကိုယ်စားပြုလွတ်တော် အမတ်လည်း ဖြစ်ပါလိမ့်မယ်” လို့ ဂါးနက်ရှ်က ထပ်လောင်း ပြောဆိုခဲ့ပါတယ်၊
ပန့်ဟာ စိန်ပြာရောင် အသိုင်းအ၀န်း လို့ခေါ်တဲ့ နီပေါနိုင်ငံရဲ့ တခုထဲသော လိင်တူချစ်သူများ အသင်းအဖွဲ့ကို လွန်ခဲ့သည့် ၂၀၀၁ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်၊ ပန့်ကတော့ လွတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အရွေးချယ်ခံရမှု အပေါ်ပြောဆိုခဲ့ရာမှာ သူဟာ “လိင်ပိုင်းဆိုင်ရာ လူနည်းစုအသိုင်းအ၀ိုင်း ကိုယ်စားလှယ်တယောက် အနေနဲ့ လာမယ့်အခြေခံဥပဒေ ရေးဆွဲရေးမှာ အခြားနည်းဖြင့် သန်စွမ်းသူများ အခွင့်အရေး။ တိုင်းရင်းသားလူနည်းစုများ အခွင့်အရေး။ လူနည်းစု လိင်တူချစ်သူများ အခွင့်အရေးနှင့် ဇာတ်နိမ့်သူများ. အခွင့်အရေးများကို အခြေခံဥပဒေကနေ ကာကွယ်မှု ပေးနိုင်အောင် ကြိုးစားသွားမှာ ဖြစ်တယ်”လို့ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်၊
တင်းကြပ်တဲ့ ဟိန္ဒူဘာသာတရား ဓလေ့ထုံးတမ်းတွေ။ လူမျိုးစု ဇာတ်နိမ့်ဇာတ်မြင့် ပြဿနာတွေ ရှေးရိုးအစဉ်အလာ ယဉ်ကျေးမှု တွေနဲ့ ဖွဲ့စည်း တည်ဆောက်ထားတဲ့ နီပေါလိုနိုင်ငံမျိုးမှာ အခုလို လိင်တူချစ်သူ အမျိုးသားတယောက် အမတ်နေရာရခဲ့တဲ့ ဖြစ်စဉ်ဟာ နီပေါနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှာ ထူးခြားတဲ့ သမိုင်းအပြောင်းအလဲ ဖြစ်ပါတော့တယ်၊
By Ramon Johnson, About.com
| Comments |
|
|
||||||||
|
||||||||
|
||||||||
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.