You are here: Home သတင်းဆောင်းပါး Entertainment ရုပ်ရှင်အညွှန်း အတွဲ (၃)

ရုပ်ရှင်အညွှန်း အတွဲ (၃)

E-mail Print PDF

ဇာတ်လမ်းနာမည်       - MILK

 

ဒါရိုက်တာ       - ဂတ်စ် ဗဲန် ဆန့်တ် (Gus Van Sant) 

 

သရုပ်ဆောင်များ        - Sean Penn

                           - Emile Hirsch

                           - Josh Brolin

                           - Diego Luna

                           - James Franco

                           - Alison Pill

                           - Victor Garber

 

မူရင်းဇာတ်အိမ်တည်ရာနိုင်ငံ   - အမေရိကန်ပြည်ထောင်စု

 

ဇာတ်ညွှန်း         - ဒပ်စ်စတင် လန်းစ် ဘလက် (Dustin Lance Black)

 

ဘာသာစကား     - အင်္ဂလိပ်အမေရိကန်

 

ကြာချိန်                - ၁၂၉ မိနစ်

 

ဇာတ်လမ်းအကျဉ်းချုပ်

 

ဒီဇာတ်လမ်းလေးက လွန်ခဲ့တဲ့ ၁၉၇၇ခုနှစ် ဝန်းကျင်လောက်က အမေရိကန်နိုင်ငံ ဆန်ဖရန်ဆစ္စကိုမြို့ ကပ်စထရိုရပ်ကွက်က လိင်တူချစ်သူများ အခွင့်အရေးအတွက် စွမ်းစွမ်းတမံ လှုပ်ရှားဆောင်ရွက်ခဲ့သူ ဟာဗေးလ် မိလ်က် (Harvey Milk)ရဲ့ ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်းလေးကို ပြန်လည်ရိုက်ကူး တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဟာဗေးလ် မိလ်က်ဟာ အသက် ၄ဝပြည့်တဲ့အချိန်အခါမှသာ လိင်တူချစ်သူတွေ အခွင့်အရေးအတွက် စတင်လှုပ်ရှား ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ လိင်တူချစ်သူတွေ အခွင့်အရေးအတွက် အဓိက စတင်ပါဝင်လှုပ်ရှားလာခဲ့ရတဲ့ အကြောင်းအရင်ကတော့ လိင်တူချစ်သူတွေကို ဆန်ဖရန်ဆစ္စကို လူမှုဝန်းကျင်က ခွဲခြားဖိနှိပ်ဆက်ဆံတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ လိင်တူချစ်သူများ အခွင့်အရေးအတွက် နိုင်ငံရေးနယ်ပယ်မှာ သူ့ရဲ့လှုပ်ရှားမှုကို တိုးမြင့်ပေးလိုက်တဲ့အရာလို့ ဆိုရမယ့်အချက်တွေကတော့ လိင်တူချစ်သူတွေရဲ့ နိုက်ကလပ်နဲ့ ဘားတွေကို ရဲတွေက မတရားဝင်ရောက်ဖမ်းဆီး ရိုက်နက် နှောက်ယှက် တဲ့အချက်တွေလို့ ဆိုရမှာဖြစ်ပါတယ်။ အစပိုင်းမှာ မိလ်က်တယောက် သူ့နေထိုင်တဲ့ ပတ်ဝန်းကျင်အနီးတ၀ိုက်က လိင်တူချစ်သူအခွင့်အရေးအတွက် စိတ်ဝင်စားမှုမရှိတဲ့ လိင်တူချစ်သူအတော်များများကို ခက်ခက်ခဲခဲနဲ့ စည်းရုံးလှုံ့ဆော်ခဲ့ရတာတွေကို တွေ့ရပါတယ်။်မိလ်က်ဟာ နောက်ပိုင်းမှာ သူရဲ့လှုပ်ရှားမှုကို တိုက်ရိုက်နှောက်ယှက်တဲ့ တိုက်ခိုက်မှုတွေ အတော်များများကို ထိပ်တိုက်သော်လည်းကောင် သွယ်ဝိုက်ပြီးတော့လည်းကောင်း အခက်အခဲတွေကို နည်းမျိုးစုံနဲ့ ဆုံတွေ့ဖြေရှင်းခဲ့ရပါတယ်။ နောက်ဆုံး သူကိုယ်တိုင် ဆန်ဖရန်ဆစ္စကိုမြို့ ကတ်စထရိုဒေသရဲ့ စီမံအုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံတော့ အောင်မြင်မှုရခဲ့ပါတယ်။ အဲဒီလို အောင်မြင်မှုတွေ ရလာတာနဲ့တပြိုင်နက် အန္တရာယ်ကလည်း ထပ်ချပ်မခွာလိုက်လို့ လာခဲ့ပါတယ်။ မိလ်က်ဟာ လိင်တူချစ်လူငယ်လေးတွေကို တော်တော်ဂရုပြုအလေးထားတဲ့လူတယောက်ဖြစ်ကြောင်းကိုလည်း ဒီဇတ်လမ်းလေးထဲမှာတွေ့ရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို ဘယ်လိုဇတ်သိမ်းထားတယ် ဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဖန်သားပြင်မှာ ဆက်လက်ရှုစားကြပါနော်။ ဒီဖြစ်ရပ်မှန်ဇတ်လမ်းလေးမှာ ဟားဗေးလ်ရဲ့ ဘဝခံယူချက်၊ အချစ်ရေး၊ လိင်မှုကိစ္စ၊ လိင်တူချစ်သူများ အခွင့်အရေးနှင့် ဘာသာရေး၊ လူမှုရေး ပဋိပက္ခ စတဲ့အချက်တွေကို ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက် ရိုက်ကူးတင်ပြထားတာ ဖြစ်ပါတယ်။

 

ဒီဇတ်ကားဟာ ၂ဝဝ၈ခုနှစ်ရဲ့ အော်စကာဆုအတွက် စကာတင်ဆု ဆု စာရင်းတင်သွင်း ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီ စကာတင်စာရင်းထဲကမှ အကောင်းဆုံးရုပ်ရှင်သရုပ်ဆောင်ဆု (အမျိုးသား)ဆုနှင့် အကောင်းဆုံးဇာတ်ညွှန်းဆုတွေကို အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Comments
Add New Search
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More