You are here: Home သတင်းဆောင်းပါး Entertainment ကနားစီး မပြုံး

ကနားစီး မပြုံး

E-mail Print PDF

ဇာတ်ကားအမည်။ ။ ကနားစီးမပြုံး

ဇာတ်ညွှန်းနှင့် ဒါရိုက်တာ။ ။ မိုးကြိုး

ဝတ္ထု။ ။ အောင်မြင့်သန်း

သရုပ်ဆောင်များ။ ။ ထူးခန့်ကျော်၊ ရဲအောင်၊ မျိုးစန္ဒီကျော်

၂ဝဝဝ ခုနှစ်နောက်ပိုင်းတွေမှာ လိင်တူချစ်သူတွေနဲ့ ပတ်သက်တဲ့ မြန်မာရုပ်ရှင်ဇတ်လမ်းတွေ တော်တော်များများ ထွက်လာခဲ့ကြပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း ရှောက်သီးဆေးပြားသည်လိုလို၊ ကေရောကေချာရုပ်ပြောင်လိုလို သရော်လှောင်ပြောင်စရာ ဇာတ်ရုပ်တွေလို ပုံစံမျိုးတွေသာ အတွေ့ရများပါတယ်။ ပြီးတော့ ဇာတ်သိမ်းခန်းမှာ အားလုံးလိုလို တူညီကြတဲ့ တချက်ကတော့ မိန်းမလျာနှင့် ယောက်ျားလျာများသည် နောက်ဆုံးမတော့ ယောက်ျားစင်စစ် မိန်းမစင်စစ် ဖြစ်သွားကြကုန်၏ဆိုတဲ့ပုံစံမျိုးနဲ့သာ အဆုံးသတ်သွားကြတာများပါတယ်။ အမှန်ဆိုတော့ အဲဒီဇတ်သိမ်းခန်းကအရေးအကြီးဆုံး အပိုင်းဖြစ်သလို ပရိတ်သတ်ကို ပေးချင်းတဲ့ Message သတင်းစကားကလည်း အဲဒီမှာအဓိကမူတည်နေတာပါ။ ဒါပေမယ့်ခုနကပြောသလို မိန်းမလျာ ယောက်ျားလျာတွေက မိန်းမလျာ ယောက်ျားလျာဖြစ်မလာတော့ပဲ ပြောင်းလဲသွားတယ်ဆိုတော့ လိင်တူချစ်သူဖြစ်တာဟာ မှားယွင်းတဲ့အရာ၊ ကုသလို့ရတဲ့အရာ၊ ပြုပြင်ပြောင်းလဲလို့ရတဲ့အရာ ဖြစ်တယ်ဆိုတဲ့ သတင်းအမှားကြီးကိုပေးနေသလို ဖြစ်နေပါတယ်။ ဆိုတော့ အဲဒီလိုသတင်းအမှားတွေပေးနေတဲ့ မိန်းမလျာ ယောက်ျားလျာဇာတ်လမ်းတေတပုံကြီးထဲကမှ အခုတင်ပြမယ့် ကနားစီးမပြုံးဇာတ်လမ်းလေးက လုံးဝကိုကွဲထွက်နေတယ်။ ပြီးတော့ မိန်းမလျာတွေရဲ့ Myanmar Transgender တန်ဖိုးကို ကောင်းကောင်းကြီး မီးမောင်းထိုးပြနိုင်တဲ့အတွက် ဒီဇာတ်လမ်းအကျဉ်းလေးအား ပရိတ်သတ်ကြီးဆီကို တဆင့်ဝေမျှလိုက်ပါတယ်။

ဇာတ်လမ်းအကျဉ်း။ ။ ဇာတ်လမ်းလေးကတော့ မိသားစု တစ်ခုလုံးကို နတ်ကပြီး နတ်ကတော်ဘဝနဲ့ လုပ်ကျွေးပြုစုနေတဲ့ မပြုံးရဲ့ ဘဝကို ပေါ်လွင်အောင် ရိုက်ကူးပြထားတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအစမှာတော့ နတ်ကပြီးရတဲ့ ပိုက်ဆံတွေနဲ့အတူ အမေကို ကန်တော့နိုင်ပြီဆိုပြီး ဝမ်းသာအားရနဲ့ ပြန်လာတဲ့မပြုံး၊ အိမ်ပေါ်ကို ရောက်လို့ အမေတို့ ခယ်မတို့နှင့် ပျော်ရွှင်ဝမ်းမြောက်စွာ စကားလက်ဆုံကျလို့မှ မဆုံးသေး အရက်မူးပြီး အိမ်ပေါ်ကို ရောက်လာတဲ့ အစ်ကိုဖြစ်သူနဲ့ စကားများ၊ ရန်ဖြစ်ရပြန်တဲ့ မပြုံး၊ အစ်ကိုဖြစ်သူရဲ့ နာကျည်းစက်ဆုပ်ဖွယ်ကောင်းတဲ့ အခြောက်မ... အခြောက်မ မင်းလိုလူမျိုးနဲ့ ငါညီအစ်ကိုတော်ရတာ ရှက်တယ်ဆိုပြီး လက်ညှိုးငေါက်ငေါက်ထိုးပြီး ပါးစပ်ဖြင့် ဆဲဆို၍တစ်မျိုး ကိုယ်ထိလက်ရောက်ဖြင့်တစ်ဖုံ စော်ကားမှုအမျိုးမျိုးကို ခံရပြန်တဲ့ မပြုံး၊ သိပ်မကြာခင်မှာပဲ အစ်ကို့ဖြစ်သူရဲ့ မိန်းမမှာ ကိုယ်ဝန်ရှိလာပြန်တော့ အစ်ကိုလုပ်တဲ့သူက ဝမ်းသာရကောင်းမှန်းမသိတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင် လွယ်ထားရတဲ့ကိုယ်ဝန်လို ဝမ်းသားအားရ ဖြစ်ရပြန်တဲ့ မပြုံး၊ အစ်ကို့မိန်းမဖြစ်သူကို ကိုယ်ဝန်အတွက်စိတ်မပူဖို့နဲ့ ကလေးဖွေးဖွားနိုင်ဖို့ရန်အတွက် ပိုက်ဆံတွေကို အလိုအလောက်ဖြစ်အောင် သူကိုယ်တိုင် နတ်ကပြီး ရှာထားမယ်လို့ တဖွဖွပြောပြန်တဲ့ မပြုံး၊ ရပ်ရွာအတွင်း ပြဿနာတွေ အမျိုးမျိုးလုပ်ပြီး အရက်သမားဘဝမှာ နစ်မြောနေတဲ့ အစ်ကိုဖြစ်သူကို ကိုယ့်ကို ဒီလောက်အထိစော်ကား နှိပ်စက်ထားတာကို စိတ်မနာနိုင်ပဲ အိမ်ကိုပြန်လာပါရန် ပြန်လည်ဖျောင်းဖျ ချော့မော့ ခေါ်ယူရပြန်တဲ့ မပြုံး၊ နောက်ဆုံး အစ်ကို့စိတ်နဲ့ အမေပါတစ်ခါ ဆုံးသွားပြန်တော့ လောကကြီးအလယ်မှာ တယောက်တည်းအဖြစ် ရင်ကွဲနာ ကျရပြန်တဲ့ မပြုံး၊ ကလေးမွေးလာပြန်တော့ အဖေလည်း မကြည့် အမေဖြစ်သူကလည်း စွန့်ပစ်ထားခဲ့တဲ့ ကလေးမလေးကို ကိုယ့်သမီးအရင်းကဲ့သို့ လိုလေးသေးမရှိအောင် ပြုစုစောင့်ရှေက်ပေးခဲ့တဲ့ မပြုံး၊ သမီးလေး ကြီးလာရင် ဆရာဝန်မကြီးဖြစ်စေရမယ့်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နတ်ကပြီး ပိုက်ဆံတွေ စုနေခဲ့တဲ့ မပြုံး၊ တနေ့ သမီးလေး ကျောင်းကပြန်လာတော့ ကျောင်းက မင်းအမေဟာ နတ်ကတဲ့ နတ်ကတော်အခြောက်မကြီးဆိုပြီး ပြောလိုက်တဲ့စကားကို သမီးဖြစ်သူက ရှက်ပြီး ငိုယိုကာ အမေပြုံးကို နတ်ဆက်မကဖို့ ပြောတာကို သမီးလေးကို ချစ်တဲ့စေတနာ မေတ္တာတွေကြောင့် ကိုယ်ဝါသနာပါတဲ့ နတ်ကတဲ့ နတ်ကတော်အလုပ်ကို စွန့်လွှတ်မယ်လို့ ကတိပေးလိုက်ရတဲ့ မပြုံး၊ နတ်ကတော်ဘဝကို စွန့်လွှတ်ပြီးနောက် ပန်းရောင်းတဲ့ ပန်းသည်မ ဘဝနဲ့ သမီးလေးကို ပြုစုပျိုးထောင်ပေးရပြန်တဲ့ မပြုံး၊ နောက်ဆုံး သမီးလေးကို ဝမ်းနဲ့လွယ်ပြီးမွေးခဲ့တဲ့ အမေဖြစ်သူပြန်လာခေါ်တာကို ကိုယ့်အသည်းကို အကွဲခံပြီး သမီးလေးကို ထည့်ပေးလိုက်ရတဲ့ မပြုံးရဲ့ အဖြစ်၊ စသဖြင့် နောက်ဆုံးမှာ နတ်ကတော်မ၊ ပန်းသည်မ မပြုံးရဲ့ ဘဝကို ဘယ်လိုအဆုံးသတ်ထားတယ်ဆိုတာကို ဖန်သားပြင်ပေါ်မှာ ပရိတ်သတ်ကြီး ဆက်လက်ရှုစား လိုက်ကြပါဦးနော်။

မှတ်ချက်။ ။ ဒီဇာတ်ကားလေးဟာ နတ်ကတော်မ မပြုံးရဲ့ ဘဝကို ပေါ်လွင်အောင်ရေးသားတင်ဆက်ထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ နတ်ကတော်မ အခြောက်မလိင်တူချစ်သူတယောက်ရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ပေးဆက်မှုတွေကို တင်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ပရိတ်သတ်တွေ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါ။

 

သက်တံ့အယ်ဒီတာအဖွဲ့

www.coloursrainbow.com

Comments
Add New Search
ချစ်ဝေယံကြီး  - ကြည့်ဦးမယ်     |203.81.72.xxx |2009-10-01 19:37:13
မတွေ့ မိသေးဘူး
ရအောင်ရှာပြီး ကြည့်ဦးမယ်
ကြည့်ပြီးရင် ထပ်ပြီး ကွန်မန့် ထပ်တင်
ဦးမယ်
Tiger  - ပန်းသုံးပွင့် ၏ ချစ်အိပ်မက်   |220.255.7.xxx |2010-01-07 12:16:10
ပန်းသုံးပွင့် ၏ ချစ်အိပ်မက် ကို ကြိုက်တယ်
(ရဲ အောင် ။ မို့ မို့ မြင့်အောင်
။ စိုးမြတ်သူဇာ ။ ထွန်းအိန္ဒြာဗို)
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More