You are here: Home သတင်းဆောင်းပါး Entertainment ရုပ်ရှင်အညွှန်း အတွဲ (၁)

ရုပ်ရှင်အညွှန်း အတွဲ (၁)

E-mail Print PDF

ရုပ်ရှင်အညွန်း မဆုံးသောနွေ (Eternal Summer) 

 

ဒါရိုက်တာ                 - လက်စီချန်း

ဘာသာစကား            - တိုင်ဝမ် (အင်္ဂလိပ်စာတန်းထိုး)

ဇာတ်အိမ်တည်ရာ နိုင်ငံ  - တိုင်ဝမ်

သရုပ်ဆောင်များ          -  ဂျိုးဇက်ချန်း    ဘရိုင်ယန်ချန်း      ကိတ်ရွန်း

ဇာတ်လမ်းအညွန်း        - ဇာတ်ကားလေးက ထိုင်ဝမ်နိုင်ငံမှာ တည်ထားတဲ့ ဇာတ်လမ်းလေးပါ၊ ကောင်လေးနှစ်ယောက်နဲ့ ကောင်မလေးတယောက်တို့ရဲ့ ချစ်ခြင်းမေတ္တာ အနှောင်အဖွဲ့လေးတွေကို တင်ပြထားတာပါ၊ ဒါပေမယ့် ကောင်မလေးတယောက်ကို ကောင်လေးနှစ်ယောက်က အပြိုင်ဝိုင်းကြိုက်ကြတဲ့ ပုံစံခွက် ဇာတ်လမ်းမျိုးလိုတော့ မထင်လိုက်ပါနဲ့၊ မှားသွားပါလိမ့်မယ်၊       ဖြစ်စဉ်က ဒီလိုပါ၊ ကောင်လေး (ရှိန်း)ကို ကောင်လေး(ဂျော်နတန်)က ချစ်ကြိုက်နေပြီး။ ကောင်လေး(ဂျော်နသန်)ကို ကျတော့ ကောင်မလေး(ကယ်ရီ)က ကြိုက်နေပါတယ်၊ ကောင်မလေး(ကယ်ရီ)ကို ကျပြန်တော့ ကောင်လေး(ရှိန်း)က ပြန်ပြီးချစ်ကြိုက်နေတဲ့ ဇာတ်လမ်းလေးပါ၊ စိတ်ဝင်စားစရာ ကောင်းတာက ဒီသုံးပွင့်ဆိုင်အချစ်မှာ ကောင်လေး(ဂျော်နတန်)က ယောက်ျားလေးအချင်းချင်းသာ စိတ်ဝင်စားပြီး ကောင်မလေးတွေကို ကြိုက်လို့မရပေမယ့် ကောင်လေး(ရှိန်း)ကတော့ ယောက်ျားလေးရော မိန်းကလေးရော စိတ်ဝင်စားလို့ရတယ်၊ စဉ်းစားစရာလေး တခုပေးသွားတာကတော့ ကောင်လေး(ရှိန်း)က သူငယ်ချင်းကောင်လေး(ဂျော်နတန်)ကိုလည်း ချစ်တယ်။ ချစ်သူ ကောင်မလေး(ကယ်ရီ)ကိုလည်း ချစ်တယ်။ ဘယ်တယောက်ကိုမှလည်း သူစွန့်ပစ်မသွားရက်သလို နှစ်ယောက်လုံးက သူ့ကိုစွန့်ပစ်သွားမှာကိုလည်း မလိုလားဘူး၊ အင်း ဘယ်လိုဇာတ်သိမ်းမလဲ ဆိုတာကို ဖန်သားပြင်ပေါ်မှာ ပြန်ပြီး ခံစားကြည့်လိုက် ကြတာပေါ့နော်၊   

 

Love of Siam  

ဒါရိုက်တာ                 - ချိုကီယပ် ဆပ်ဗီးအကူ

ဘာသာစကား            - ထိုင်း (အင်္ဂလိပ်စာတန်းထိုး)

ဇာတ်အိမ်တည်ရာ နိုင်ငံ  - ထိုင်းနိုင်ငံ

သရုပ်ဆေင်များ           - ၀ီထွီဆစ် ဟီရာညံဝမ်ကူ   မာရီယို မော်ရေး    ချာမန်ဘွန်ရာဆပ်

ဇာတ်လမ်းအညွှန်း       - ဒီဇာတ်လမ်းလေးက ထိုင်းနိုင်ငံရဲ့ အော်စကာဆုလို့ ပြောနိုင်တဲ့ ဟင်္သာရုပ်တုဆု ၁၃ ဆု တိတိဆွတ်ခူးခဲ့တဲ့ ကားလေးဖြစ်ပါတယ်၊ နိုင်ငံတကာမှာလည်း အာရှအကောင်းဆုံးဇာတ်ကားဆု တော်တော်များများကိုလည်း ရရှိခဲ့တဲ့ ဇာတ်ကားလေးပါ၊ ၀တ္ထုဇာတ်လမ်းကို ဒါရိုက်တာကိုယ်တိုင် ရေးခဲ့တာဖြစ်ပါတယ်၊ ဇာတ်လမ်းလေး အောင်မြင်သလို သမရိုးကျ ဇာတ်လမ်းတွေကနေ ကွဲထွက်လာခဲ့တဲ့ အတွက် ထိုင်းလူထုအကြားမှာ အတော်လေး ဂယက်ရိုက်ဆူညံခဲ့တဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်၊       ဇာတ်လမ်းလေးက ချစ်ခြင်းမေတ္တာ အမျိုးအစား အမျိုးမျိုးကို တင်ဆက်သွားတာဖြစ်ပါတယ်၊ သရုပ်ဆောင် ဆယ်ကျော်သက် လူငယ်လေးတွေက အဖြေရှာမရတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို လိုက်လံစူးစမ်းရှာဖွေရင်း တွေ့ဆုံကွေကွင်းကြရတဲ့ အဖြစ်အပျက်တွေနဲ့ ဇာတ်အိမ်ကို တည်ထားတာ ဖြစ်ပါတယ်၊ ဒီဇာတ်ကားလေးမှာ တင်ပြထားတဲ့ စိတ်ဝင်စားစရာ အချက်တစ်ချက်ကတော့ ဒီကနေ့ ခေတ်အချိန်အခါဟာ ပိုမိုပွင့်လင်းလာတဲ့ ခေတ်ကာလကို ရောက်ရှိလာသလို ချစ်မှုရေးရာမှာ ဆယ်ကျော်သက် လူငယ်လေးတွေ နားမလည်နိုင်လောက်အောင် ရှုပ်ထွေးလာတဲ့ အချိန်အခါ ဖြစ်နေပြီဆိုတာကို တင်ပြထားတာပါ၊ ဒီလိုကာလမှာ လူငယ်လေးတွေ အချစ်ဆိုတာကို စတင်ရှာဖွေခါစအချိန်မှာ လူကြီးတွေရဲ့ ကူညီလမ်းပြမ့တွေဟာ အလွန်အရေးကြီးကြောင်းကို ဒီဇာတ်လမ်းလေးက မီးမောင်းထိုးပြထားတာပဲဖြစ်ပါတယ်၊  

Butterfly  

ဒါရိုက်တာ                - ရန်ရန်မတ်

ဘာသာစကား           - ကွမ်တုန်စကားပြော (အင်္ဂလိပ် စာတန်းထိုး)

ဇာတ်အိမ်တည်ရာနိုင်ငံ  - ထိုင်ဝမ်

ဇာတ်လမ်းအညွှန်း       - ဇာတ်လမ်းလေးက အမျိုးသမီးချင်းချစ်တဲ့ ကျောင်းဆရာမလေးတယောက်နဲ့ အမျိုးသမီးချင်းချစ်တဲ့ အဆိုတော်မလေးတို့ အကြားက အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်၊ ကျောင်းဆရာမလေးက ငယ်ငယ်တုန်းကတော့ အမျိုးသမီးချင်းချစ်သူ ရည်းစားထားခဲ့ဖူးပေမယ့် မိဘတွေရဲ့ အတင်းအဓမ္မတိုက်တွန်းမှုကြောင့် အချစ်မနှစ်သက်သူနဲ့ အိမ်ထောင်ကျခဲ့ရပြီး နောက်ဆုံးတော့ အိမ်ထောင်လည်းကွဲ ကလေးတယောက်နဲ့ တခုလပ်ဘ၀ကို ရောက်ခဲ့ရသူ။ အဆိုတော်မလေးကျပြန်တော့ သူ့ရည်းစား ချစ်သူမလေးနဲ့ ရည်ငံနေတုန်း မိဘတွေသိသွားလို့ လမ်းခွဲခဲ့ရသူ။ ဒါပေမယ့် လက်ရှိဘ၀မှာ သူမဘ၀ကို ရဲရဲရင့်ရင့် သတ္တိရှိရှိနဲ့ ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူ အမျိုးသမီးဘ၀ကို ခံယူရင်း ဘ၀ကို ရှေ့ဆက်လျောက်လှမ်းနေသူ အောင်မြင်သည့် အဆိုတော် ဘ၀၊ ဒီလိုနဲ့ လိင်တူချစ်သူအဖြစ် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ကျောင်းဆရာမလေးက အဆိုတော်မလေးကို တွေ့လိုက်ရတော့ အလွန်အားကျသွားတယ်၊ ပြီးတော့ သဘောကျလာတယ်၊ အဲဒီနောက် ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဗီဒီယိုဖန်သားပြင်မှာ ဆက်လက်ရှုစားကြပါစို့လားကွယ်၊ ဒီဇာတ်လမ်းလေးက ၂၀၀၄ခုနှစ် ဟောင်ကောင်ရဲ့ အမြင့်ဆုံးရုပ်ရှင်ဆုမှာ အကောင်းဆုံးဇာတ်ပို့မင်းသမီးဆုကို ဆွတ်ခူးခဲ့ပြီး ထိုင်ဝမ်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ ရွှေမြင်းရုပ်ဆုအတွက် စကာတင်စာရင်း ၀င်ခဲ့ပါတယ်၊      

Comments
Add New Search
ညပင ညပင   |85.214.22.xxx |2009-07-12 20:02:02
အဲဒီကားတွေကိုတယောက်ယောက်ကနယ်ဘက်မှာဖြန့်ပေးရင်ကောင်းမယ်
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More