You are here: Home သတင်းဆောင်းပါး Straight Talk လိင်တူစိတ်ဝင်စားမှုနဲ့ လူငယ်တွေရဲ့အမြင်

လိင်တူစိတ်ဝင်စားမှုနဲ့ လူငယ်တွေရဲ့အမြင်

E-mail Print PDF

          ဒီအင်တာဗျူးလေးကိုတော့ ကမ္ဘာကျော် အမေရိကန်အဆိုတော် စင်ဒီလောဘတ်ရဲ့ True Colors လို့ခေါ်တဲ့ စစ်မှန်တဲ့အရောင် သီချင်းလေးနဲ့ စတင်ထားပါတယ်။ လူမှု့အသိုင်းအဝိုင်းမှာရှိနေတဲ့ လိင်တူချင်းစိတ် ဝင်စားသူတွေရဲ့ အခက်အခဲ၊ ခံစားချက်တွေကို လူသားတဦးအနေနဲ့ နားလည်ကူညီဖေးမတဲ့ အကြောင်း ရေးဖွဲ့ထားတဲ့သီချင်းကို အမ်ပီစီ ရုပ်မြင်သံကြားအစီအစဉ်မှာ သီဆိုသွားတာပါ။

         အမေရိကန်လို လူ့အခွင့်အရေးတွေ လေးစားလိုက်နာပါတယ်ဆိုတဲ့ နိုင်ငံမှာတောင် လိင် တူချင်း စိတ်ဝင်စားသူတွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်လှုပ်ရှားနေရဆဲဘဲ့လို့ အဆိုတော် စင်တီလောဘတ်က ပြောပါတယ်။

  ဒီနေ့ခေတ်မှာ လိင်တူချင်းစိတ်ဝင်စားသူတွေဟာ ပညာတတ်အသိုင်းအဝိုင်းနဲ့ အနုပညာရှင် အသိုင်းအဝိုင်းတို့မှာသာမက လူ့အခွင့်အရေးလှုပ်ရှားသူတွေအဖြစ် ထင်ထင်ရှားရှား ရပ်တည်လာ ကြပါတယ်။ ဒါပေမယ့် သူတို့တွေနဲ့ပတ်သက်လာရင် လူ့အသိုင်းအဝိုင်းအတွင်းမှာ ကန့်သတ်မှုတွေ ကလည်း အတော်လေး ကြီးကြီးမားမား ရှိနေပါတယ်။ Buddha ရဲ့ တရားတော်အရဆိုရင် ဂေါတမ မြတ်စွာဘုရား မတိုင်ခင်ကတည်းကိုက ယောင်္ကျားစိတ်ပေါက်နေသူနဲ့ မိန်းမစိတ်ပေါက်နေသူတွေ ရှိနေပါတယ်။ ဒါကြောင့် ဘာသာရေးနဲ့ ဆေးပညာရှုထောင့်ကနေပြီးတော့ လိင်တူချင်းစိတ်ဝင်စား သူတွေ ဘာကြောင့်ဖြစ်လာသလဲဆိုတဲ့ သုံးသပ်ချက်တွေ အမျိုးမျိုးရှိနေပါတယ်။

        ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့အခြေစိုက် မြန်မာနိုင်ငံလူ့အခွင့်အရေးပညာပေးရေးဌာနရဲ့ ညွန်ကြား ရေးမှုးလည်းဖြစ်၊ လိင်တူချင်းစိတ်ဝင်စားသူတဦးလည်းဖြစ်တဲ့ ကိုအောင်မျိုးမင်းကတော့ “ ဒါက နဂို ကတည်းက ရှိလာတဲ့အရာတွေ ဖြစ်တယ်။ ဒါပေမယ့် ဒါကို ကိုယ်ကနေ သတိထားမိပြီးတော့ လက် ခံလာတာရယ်၊ ဒါကို ပွင့်ပွင့်လင်းလင်း ပြောလာတာရယ် အဲလို အဆင့်မျိုးဘဲ့ ရှိတယ်။ ကျနော်တို့ က ရှိပြီးသားတခုကို ချက်ချင်းပြောင်းလဲတာမဟုတ်ဘူး။ နဂိုကတည်းကိုက ဒီဟာမျိုး ရှိတယ်။ ဘာ ဖြစ်လို့ ဒီလိုဖြစ်လာတာလဲ၊ ဘာကြောင့် လိင်တူချင်းချစ်တာဆိုတဲ့ အကြောင်းအရာကိုတော့ တ ယောက်နဲ့တယောက် အခုအချိန်အထိ အငြင်းပွားတုန်းဘဲ့။ သေချာတာတခုကတော့ အရင်တုန်း က သတ်မှတ်ထားတဲ့ လိင်တူချင်းချစ်တယ်ဆိုတဲ့ဟာက စိတ်ဝေဒနာတခုမဟုတ်ဘူးဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကိုယ်တိုင်ကိုက အသိအမှတ်ပြုပြီးသား။ ကုသမှုလိုတဲ့ ရောဂါပုံစံမျိုးလည်း မဟုတ်ဘူး။ ဒါက စိတ်သဘောထားပြောင်းလဲမှုလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတိအကျ ပြဌာန်း ထားတယ်။ အဲတော့ တယောက်နဲ့တယောက် ဘယ်လိုမျိုး ဖြစ်လာလဲ၊ ဘာကြောင့် ဖြစ်လာလဲဆို တာ တယောက်နဲ့တယောက် မတူပေမယ့် သေချာတာကတော့ ဒါက စိတ်မမှန်တဲ့စိတ်ရောဂါတခု မဟုတ်တာတော့ သေချာပါတယ်။

      အခုအချိန်ထိ လူ့အဖွဲ့အစည်းတော်တော်များများက လိင်တူချင်းစိတ်ဝင်စားသူတွေဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် လက်ခံအသိအမှတ်ပြုဘို့ ခက်ခဲနေပါတယ်။ ဒါကြောင့် ဘယ်လိုအကျိုးဆက် တွေ ဖြစ်လာပါသလဲ။ ထိုင်းနိုင်ငံကိုရောက်နေတဲ့ ခေတ်ပညာတတ် မြန်မာလူငယ်ကိုမျိုး ပြောပြ တာကတော့ “ မြန်မာပြည်မှာက လူတွေရဲ့အသိုင်းအဝိုင်းက လက်မခံဘူး။ လက်မခံတဲ့အခါကျ တော့ သူတို့က ဘယ်လိုလဲဆိုရင် သူတို့အသိုင်းအဝိုင်းက သူတို့သက်သက်၊ အလှပြင်တဲ့ အလှဖန် တီးရှင်၊ ဗြူတီပါလာဖွင့်စားတဲ့သူတွေ၊ စိန်ရွှေရတနာပိုင်ရှင်ကုန်သည်တွေ၊ အဲလိုမျိုးတွေက သက် သက်၊ သူတို့အသိုင်းအဝိုင်းက ဒီလိုအသိုင်းအဝိုင်းမျိုးပေါ့လေ။ တခြားလူတွေက တခြားလူတွေ သက်သက်။ အဲလိုမျိုး ဟက်ဟက်ပက်ပက်လည်း မရှိကြဘူး။ တချို့ကလည်း သူ့ဟာနဲ့သူဘဲ့ နေ တယ်။ အဲလိုမျိုး အသိုင်းအဝိုင်းမှာ မရပ်တည်နိုင်တဲ့သူတွေကြတော့လည်း ဗမာပြည်မှာတော့ “အ ပုန်းမ” ခေါ်တယ်ပေါ့။ အပုန်းမဆိုတာက အပြင်ပန်းကတော့ အဝတ်အစားအပြင်အဆင်မှာတော့ ယောက်ျားဘဲ့။ ဒါပေမယ့် သူဟာ မိန်းမစိတ်တွေ ရှိတဲ့လူ၊ အဲလိုမျိုးတွေ ရှိတယ်။

         ကိုအောင်မျိုးမင်းရဲ့ အတွေ့အကြုံမှာ ဆိုရင်လည်း “ ကျနော်တို့ ဒီလိုမျိုး လိင်တူချင်းချစ်တဲ့ သူတွေအပေါ်မှာ ဖိအားတွေကတော့ ဟိုးအရင်ကတည်းက ရှိခဲ့ပါတယ်။ ဒီယဉ်ကျေးမှုအရ လက်မ ခံနိုင်ဘူးဆိုတာတွေ၊ အဲတော့ ကျနော်တို့ အများဆုံး ကြုံတွေခဲ့ရတာတွေကတော့ ဒါကတော့ ဘယ် ဘာသာမှ ဒီလိုမျိုး လိင်တူချင်းချစ်တဲ့သူတွေကို အားမပေးဘူးဆိုတဲ့ ဖိအားတွေ အများကြီး ရှိလာ တယ်။ နောက် ထုံးတမ်းစဉ်လာအရ ပြောကြားတယ်ဆိုတဲ့နေရာမှာ ဒီလိင်တူချင်းချစ်တဲ့သူတွေက အရင်ဘ၀တုန်းက ဖောက်ပြန်ခဲ့လို့ ဖြစ်တယ်ဆိုတဲ့အကြောင်းအရာတွေ၊ နောက် စိတ်အနေ အထားမမှန်ဘဲနဲ့ စိတ်ဝေဒနာရှင်တွေလို မြင်တဲ့အရာတွေ အရင်တုန်းက အများကြီးရှိခဲ့တယ်။ အဲဒါ ကြောင့်မို့လို့ လိင်တူချစ်သူတွေအနေနဲ့ သူတို့ရဲ့ဘဝကို ထုတ်ဖော်မပြောရဲတာတွေ ဖြစ်နေတဲ့အ ပေါ်မှာ သူတို့အနေနဲ့ ဒါကို စိတ်ထဲမှာ သိမ်ငယ်မှုတွေ ဖြစ်နေတဲ့ဟာတွေ၊ တချို့ဆိုရင် ဒါကို သိမှာ ကြောက်လို့ တခြားသူတွေကို ဖုံးကွယ်ရင်း၊ ဖုံးကွယ်ရင်းနဲ့ လူ့အသိုင်းအဝိုင်းကနေ ကင်းကွာသွား ပြီးတော့ တခါတလေ မူးယစ်ဆေးဝါးစွဲတဲ့သဘောမျိုးဖြစ်တဲ့ အကြောင်းအရာတွေ ဖြစ်လာတယ်။”

           ဒါ့အပြင် ကျန်းမာရေးရှုထောင့်အရပါ စိုးရိမ်စရာတွေ ဖြစ်လာတယ်လို့ ကိုမျိုးက ဆိုပါတယ်။

          ပွဲတော်တွေပေါ့။ ဥပမာ- မြန်မာပြည်မှာရှိတဲ့နတ်ပွဲတွေ၊ ဆယ့်နှစ်လရာသီပွဲတော်တွေမှာ များသောအားဖြင့် အဲလို အခြောက်ကပွဲတွေ ရှိတယ်လေ။ မိန်းမလျာကပွဲတွေ ရှိတယ်။ အဲဒီမိန်းမ လျာကပွဲတွေမှာ များသောအားဖြင့် မူးပြီးတော့ အဲဒီမှာ အဖော်ရှာတယ်၊ အိပ်ဖော်ရှာတယ်ပုံစံမျိုး ပေါ့၊ အဲလိုမျိုးတွေ လုပ်ကြတယ်။ ပြီးတော့ သူတို့က ပုန်းလျှိုးကွယ်လျှိုးတွေ လုပ်ရတဲ့အခါမှာ သူတို့ က ဘယ်လိုမျိုးလဲဆိုတော့ ကျန်းမာရေးနဲ့ပတ်သက်လို့ အဲလိုပေါ၊့ ကွန်ဒုံးမသုံးတာတေ၊ွ အဲလိုမျိုး တွေ ရှိတယ်။ နောက်ပြီးတော့ ပေါင်းသင်းဆက်ဆံရေးအပိုင်းမှာကျတော့လည်း ဂေးတွေဆိုလို့ရှိရင် လူတွေက တဆင့်နှိမ့်ထားတယ်သဘောမျိုးပေါ့။ လူစဉ်မမှီဘူး၊ လူသားမစစ်ဘူးဆိုတဲ့သဘောမျိုး ဆက်ဆံတယ်လေ။ အဲတော့ သူတို့မှာလည်း သိမ်ငယ်စိတ်တော့ ရှိတယ်။”

         ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ ဖယ်ကြဉ်တာကို ခံရပေမယ့် သိမ်ငယ်စိတ်ကို ပယ်ဖျောက် ပြီး ယုံကြည်ချက်၊ ခံယူချက်တွေနဲ့အတူ ကြိုးစားခဲ့တဲ့အတွက် အာဆီယံဒေသအတွင်းမှာ လူ့အခွင့် အရေး ဦးဆောင်လှုပ်ရှားနေသူတဦးအဖြစ် အများက လက်ခံအသိအမှတ်ပြုလာတာကို ကိုအောင် မျိုးမင်းက အခုလို ပြောပြပါတယ်။

          “ကိုယ်ကိုယ်တိုင်က ငါမမှားဘူးဆိုတဲ့ စိတ်ဓါတ်မျိုးကို ယူပြီးတော့ ဒီဟာတွေကို ရင်ဆိုင် လာတဲ့အခါမှာ ကိုယ်က ဒါကိုကျင့်သားရလာတယ်။ တချိန်တည်းမှာဘဲ့ ကိုယ့်အပေါ်မှာအချင်းချင်း နားလည်တဲ့သူတွေက ပိုလာတယ်။ ကျနော်တို့ပြဿနာတခုက ဒီဟာကို ဆွေးနွေးနိုင်မယ့်သူတွေ၊ ဒီဟာကို မမှားပါဘူးဆိုပြီးတော့ ရှေ့ကနေ ထိုးထွင်းဖောက်ပြီးတော့ ပြောပြနိုင်တဲ့သူတွေ မရှိတဲ့အ တွက် ပတ်ဝန်းကျင်ကအမြင်တွေ အရင်က မှားယွင်းခဲ့တာ ရှိခဲ့တယ်။ ဒါပေမယ့် ဒါတွေကို သေသေ ချာချာ ရှင်းပြပြီးတော့ လူတိုင်းက သူတို့ထင်သလို မဟုတ်ပါဘူးဆိုတဲ့ စံပြပုံစံမျိုး လုပ်လာတဲ့အခါ မှာ တချို့လူတွေက အရင်တုန်းက အမြင်မှားပေမယ့်  နောက်ပိုင်းကိုယ့်ကို လက်ခံလာကြတဲ့ဟာ တွေ ရှိတယ်။ အဲဒါတွေက ကျနော်တို့အတွက် အားအတွက် ဖြစ်လာတယ်။”

          ထိုင်းနိုင်ငံလို လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ ပတ်ဝန်းကျင်ရှိနေတဲ့အတွက် လိင်တူ ချင်း စိတ်ဝင်စားသူတွေဟာ လူ့အဖွဲ့အစည်းကို ဘယ်လိုအကျိုးပြုနိုင်သလဲဆိုတာ ပြသခွင့်ရတယ် ဆိုတာ သူက အခုလို ရှင်းပြပါတယ်။

        ထိုင်းနိုင်ငံမှာ ဒီလိင်တူချင်းချစ်တဲ့သူတွေအပေါ်မှာ လက်ခံမှုဘာကြောင့် ပြောင်းလာသလဲ ဆိုတော့ သူတို့မှာ မြန်မာနိုင်ငံလို ဒီလိင်တူချစ်တဲ့သူတွေအပေါ်မှာ ဥပဒေအရ အပြစ်ပေးတဲ့ပုဒ်မ (၃၇၇) ဆိုတာ သူတို့မှာ လုံးဝမရှိခဲ့ဘူး။ ဒါက အရင်တုန်းက ကိုလိုနီခေတ်တုန်းက ကျန်ခဲ့တဲ့ဥပဒေ ဟောင်းဖြစ်တယ်။ အဲတော့ ဥပဒေရဲ့သက်ရောက်မှုက လုံးဝမရှိဘူး။ နောက်တခါ သူတို့ရဲ့ Social ကြားထဲမှာဆိုလို့ရှိရင် ထိုင်းနိုင်ငံက Sexual Orientation လို့ ခေါ်တဲ့ လိင်စိတ်သဘောထား ခံယူ ချက်နဲ့ပတ်သက်လို့ သူက တော်တော်လေး ပွင့်ပွင့်လင်းလင်းရှိတယ်။ နောက်တခါ ကျောင်းတွေ မှာလည်း ဒီအကြောင်းကို တော်တော်လေး ပွင့်ပွင့်လင်းလင်းပြောနိုင်တဲ့ အရာတွေရှိတယ်။ နောက် တခါမှာ ဒီလိင်တူချစ်တဲ့သူတွေထဲမှာ ဆိုလို့ရှိရင်လည်း ကျနော်တို့ မြန်မာပြည်မှာလို့ ဒီဆံပင်ညှပ် တဲ့၊ ရှောက်သီးဆေးပြားနဲ့ နတ်ကတော် ဆိုတဲ့အရာမျိုးမဟုတ်ဘဲနဲ့ ဒီအကြောင်းကို လူ့အခွင့်အရေး ရှုထောင့်ကနေ မြင်ပြီးတော့ ဒီဟာကို လူ့အခွင့်အရေးရှုထောင့်တရပ်အနေနဲ့ လှုံ့ဆော်တဲ့သူတွေ တော်တော်များလာတယ်။ အဲတော့ အဲဒီလူတွေကနေ လိင်တူချင်းချစ်တဲ့သူတွေကလည်း လူတွေ ဘဲ့ဖြစ်တယ်။ အဲတော့ လူသားတွေအားလုံးက ဘယ်အရာမှ ခွဲခြားမှုမရှိဘဲနဲ့ တန်းတူခံစားခွင့်ရှိ တယ်ဆိုတဲ့ အတွေးအမြင်တွေ၊ ဒါတွေကို ရေးသားချက်တွေ၊ ရေဒီယိုထဲကနေ လွတ်လွတ်လပ် လပ် ထုတ်ဖော်ပြောဆိုမှုတွေဟာ လူတွေကြားထဲမှာ အခုနကလို ဒီမုန်းတီးမှုတွေ၊ အထင်အမြင် လွဲမှားမှုတွေ မရှိတဲ့ပုံစံမျိုးတွေ ဖြစ်လာတယ်။”

          ရန်ကုန်က လူငယ်တဦးကလည်း မြန်မာပြည်မှာ စာပေလွတ်လပ်ခွင့်အပါအဝင် အခြေခံလူ့ အခွင့်အရေးတွေ အပြည့်အဝရမယ်ဆိုရင် ဒီနေ့ခေတ်မြန်မာလူငယ်တွေအနေနဲ့ နားလည်လက်ခံ လာနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

          “အခုနောက်ပိုင်းမှာ အပြောင်းအလဲလေး နည်းနည်းလေးဖြစ်တယ်ဗျာ့။ အဲဒါ ဘာလဲ ဆိုလို့ ရှိရင် လူငယ်တွေကြားထဲမှာဘဲ့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ပြဿနာတရပ်လို့ မမြင်ကြတော့တဲ့ လူငယ်တွေ ရှိလာတယ်။ ဒါပေမယ့် ဒီကိစ္စကို ပြဿနာတရပ်အဖြစ် မမြင်ကြတော့တာဟာ လူငယ် တွေကိုယ်တိုင်ကိုက လူသားဆန်တဲ့အတွေးလေး တွေးမိလို့ဘဲ့။ အော်….. သူမှာလည်း ငါတို့လိုဘဲ့ မျှော်လင့်ချက်တွေ၊ ခံစားချက်တွေ၊ ငါတို့နဲ့မတူပေမယ့်လို့ ငါတို့လိုမျိုး ခံစားချက်၊ မျှော်လင့်ချက် တွေ ရှိနေလိမ့်မယ်ဆိုတဲ့ လူသားဆန်တဲ့ အတွေးအခေါ်ကြောင့်သာ ဖြစ်လာတာ ဖြစ်တယ်။ အခု ကျနော်တို့ ရန်ကုန်မှာရှိတဲ့ လူငယ်တွေရဲ့အနေအထားက အပြင်ကို ထွက်ကြည့်ချင်တယ်။ ထွက် ချင်ကြတယ်။ ဒါပေမယ့် ဖောက်ထွက်လို့မရသေးဘူး။ အဲတော့ ခြေဖျားလေးထောက်ပြီး လှမ်းမျှော် မျှော် ကြည့်နေရတယ် အခါကျတော့ လက်ခံသလားဆိုတဲ့ဥစ္စာကလည်း ပီပီပြင်ပြင် ပေါ်မလာသေး ဘူး။ အဲဒါဖြစ်ရင် ဟိုတုန်းကလိုဘဲ့ အတွေးအခေါ် အဟောင်းတွေနဲ့ ဒီလိုလူစားမျိုးတွေအပေါ်မှာ ချိုးနှိမ်နေတုန်းဘဲ့လား ဆိုတော့ အဲလိုလည်း မဟုတ်ဘူး။ ကြားခုလပ်ကိုရောက်နေတယ်ပေါ့ဗျာ။ အဲတော့ ဒီလိုအချိန်မျိုးမှာ တကယ်လို့များ ထိုက်သင့်တဲ့ စာပေလွတ်လပ်ခွင့်နဲ့ ကိုယ့်ခံစားချက်တွေ ကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်ရတဲ့ စနစ်တရပ်မျိုးက ဖြစ်လာမယ်ဆိုလို့ရှိရင် ကျနော်ထင် တယ်ဗျာ့၊ ယနေ့ခေတ်လူငယ်တွေအနေနဲ့ ဒီကိစ္စကို ပြဿနာတရပ်လို့ မမြင်တဲ့အပြင် မှားယွင်းတဲ့ အတွေးအခေါ်တခုလို့လည်း မြင်တော့မှာမဟုတ်ဘူး”။

          ကမ္ဘာမှာ တိုးတက်ဖွံ့ဖြိုးမှုအရှိဆုံး နိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်၊ ဥရောပမှာဆိုလို့ရှိရင် လည်း သမ္မတ၊ ဝန်ကြီးချုပ်နေရာတွေအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြသူတွေဟာ လိင်တူချင်း စိတ် ဝင်စားသူတွေရဲ့အရေးတွေကို မဖြစ်မနေ ထည့်သွင်းပြောဆိုလာရပါတယ်။ ဒီလူတွေအပေါ်မှာထား တဲ့ သူတို့ရဲ့အမြင်တွေကို ကြည့်ပြီး ခေါင်းဆောင်တဦးအနေနဲ့ အမြင်ကျယ်မှု ရှိ၊ မရှိ ဆိုတာကို ပြည် သူတွေက ဆုံးဖြတ်လာကြပါတယ်။ ဒါကြောင့် နိုင်ငံတကာရေစီးကြောင်းမှာတော့ လိင်တူချင်း စိတ် ဝင်စားသူတွေရဲ့အရေးကို တဖြည်းဖြည်းနေရာပေးလာတာကို တွေ့မြင်နေကြရပါတယ်။

 

မှတ်ချက်။       ။ အထက်ပါ မေးမြန်းဆွေးနွေးမှုမှာ RFA အပတ်စဉ်ကဏ္ဍ၊ ခေတ်လူငယ် အစီအစဉ်တွင် ထုတ်လွှင့်သော လိင်တူစိတ်ဝင်စားမှုနှင့် မြန်မာလူငယ်တွေအမြင် ဟူသောခေါင်း စဉ်အောက်မှ ဆွေးနွေးမေးမြန်းမှု အစီအစဉ်ဖြစ်ပါတယ်။

Comments
Add New Search
lieyinminn   |203.81.72.xxx |2009-11-18 01:36:20
ဒီလိုပညာပေးရေးထားတဲ.websiteတွေဖတ်ရတဲ.အတွက်အထူးကိုေ ကျးဇူးတင်မိပါတယ်။နော်ထပ်လဖတ်ခ
ျင်ပါသေးတယ်။့
့homo ဆိုတာသူ.ရဲ.အခွင်.၊အရေးရှိပါတယ်။တချို.ချစ်စရာကောင်းတဲ.အချက်
လေးတွေအများကြီးပါ၊မိန်းမရှာနဲ.homo ကလဲမတူပါ ဘူး၊အများကြီးကွာခြားပါတယ်။ဒါပေမဲ.ခြံ
ုငုံပြီးပြောရရ င်တော.ယောက်ျားကောင်းတို.မွေးထုတ်ပေးတဲ.ကျောင်းပါလို .ပြောနေတဲ.( ကိ
ုယ်.ဟာကိုယ်ပြောနေတဲ.နေရာ)ကလာပြီးသူများရဲ.အခွင်.အရေးတွေပိတ်ပင်နေတဲ.လူတွေနဲ.ယှဉ်လ
ိုက်ရင် သူတို.အများကြီးလေးစားရမှာပါ၊ဖယ်ကျဉ်တဲ.အပြု၊အမူကလည်းမှားယွင်းတဲ.အပြု၊အမူ
လို.မြင်ပါတယ်၊အခုလိုcomments ရေးခွင်.ရလို.လဲကျေးဇူးအထူးတင်ပါတယ်ဗျာ။
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More