You are here: Home သတင်းဆောင်းပါး Editorial LBGT and Pride parade

LBGT and Pride parade

E-mail Print PDF

အခုကာလမှာ လိင်တူချစ်သူများအတွက် ဂုဏ်ယူမှုဆိုင်ရာ စီတန်းလှည့်လည်ပွဲတွေကို နိုင်ငံအတော်များများမှာ ကျင်းပလာခဲ့ကြပါပြီ။

အချို့နိုင်ငံတွေမှာ ကျင်းပခဲ့တာ နှစ်ပေါင်းအတော်တော်များများရှိခဲ့ကြပါပြီ။ နိုင်ငံရဲ့ နိုင်ငံခြားခရီးသွားလုပ်ငန်းတွေမှာတောင် အခုလိုပွဲတွေကို တခမ်းအနားကြော်ငြာခဲ့ပြီး လူအများစိတ်ဝင်စားအောင် ဆွဲဆောင်လာခဲ့ကြပါတယ်။

အစဉ်အလာကြီးမားခဲ့တဲ့ ဆစ်ဒနီမြို့ပွဲတွေ၊ ဆန်ဖရန်စစ္စကိုမြို့ပွဲတွေ၊ ဘရာဇီးနိုင်ငံ ရီးယိုမြို့ပွဲတွေဟာ တကမ္ဘာလုံးက အာရုံစိုက်ရလောက်အောင် ခမ်းနားတဲ့ စီတန်းလမ်းလျှောက်ပွဲတွေပါဘဲ။

 စီတန်းလှည့်လည်လမ်းလျှောက်ပွဲတွေရဲ့အဓိကအနှစ်သာရကတော့ လိင်တူချစ်သူတွေရဲ့ဖြစ်တည်ရပ်တည်မှု ကို အသိအမှတ်ပြုဖို့၊ လိင်တူချစ်သူတွေအနေနဲ့ မိမိရဲ့လိင်စိတ်သဘောထားကို ရှက်ရွံ့စရာမဟုတ်ဘဲ ဂုဏ်ယူစရာတခုအဖြစ်အနေနဲ့ လက်ခံတင်ပြနိုင်ဖို့၊ လိင်တူချစ်သူတွေအကြား ချစ်ခင်ရင်းနှီးမှုတွေ တည်ဆောက်နိုင်ဖို့ပါ။

စီတန်းလှည့်လည်မှုတိုင်းမှာ တန်းတူ ညီမျှမှုရရှိရေး၊ ခွဲခြားမှုပပျောက်ရေး၊ အကြမ်းဖက်မှုကနေ ကာကွယ်ပေးရေးဆိုတဲ့ တောင်းဆိုမှုတွေအပြီး လိင်တူချစ်သူတွေအကြား ရင်ဆိုင်ရလေ့ရှိတဲ့ အေအိုင်ဒီအက်စ် တားဆီးရေး၊ တန်းတူလက်ထပ်ထိမ်းမြားခွင့်ရရှိရေးဆိုတဲ့ တောင်းဆိုသံတွေ လွှမ်းမိုးနေလျက်ရှိပါတယ်။ တဖက်မှာ လိင်တူချစ်သူ တွေရဲ့စီတန်း လှည့်လည်ပွဲတွေကို အောင်အောင်မြင်မြင် ခမ်းခမ်းနားနားနဲ့ ကျင်းပနိုင်ခဲ့သလို တချို့နိုင်ငံတွေမှာ အခက်အခဲ၊ အတားအဆီးနဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်နေရဆဲပါ။

ရုရုားနိုင်ငံမှာ လိင်တူချစ်သူတွေရဲ့ စီတန်းလှည့်လည်ပွဲကို အာဏာပိုင်တွေက ပိတ်ပင်တားဆီးခဲ့ပါတယ်။ ဒါ့အပြင် ချက်သမ္မတနိုင်ငံ၊ အီတလီနိုင်ငံက စီတန်းလှည့်လည်ပွဲတွေမှာတော့ လိင်တူချစ်သူတွေအပေါ် လှောင်ပြောင်မှုတွေ၊ အကြမ်းဖက်မှုတွေရှိခဲ့တဲ့အတွက် တာဝန်ရှိသူတွေက အထူးလုံခြုံရေးတင်းကြပ်ခဲ့ရပါတယ်။

 အခုလိုစီတန်းလှည့်လည်ပွဲတွေဆိုတာ လိင်တူချစ်သူတွေဟာ လူ့အသိုင်းအ၀ိုင်းထဲမှာ တစိတ်တဒေသတခုအနေနဲ့ ပါဝင်နေတယ်။ လိင်တူချစ်သူတွေအနေနဲ့ ပတ်ဝန်းကျင်ကို အန္တရာယ်မပြုမချင်း ကိုယ့်ရဲ့လိင်စိတ်ခံယူမှုအပေါ် ဂုဏ်ယူနေကြတယ်ဆိုတဲ့အကြောင်းကို ထုတ်ဖော်တဲ့ အခမ်းအနားပါဘဲ။

အခုလိုမွန်မြတ်တဲ့အခမ်းအနားတွေကို အကြမ်းဖက်မှုတွေနဲ့ တုန့်ပြန်မှုတွေရှိနေတာဟာ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာအပေါ် လက်ခံနားလည်မှု လိုအပ်နေသေးတယ်ဆိုတာပြသနေတာဘဲဖြစ်ပါတယ်။  

ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်၊ အသင်းအဖွဲ့ဖွဲ့စည်းခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေဆိုတာ လူသားတိုင်း ခွဲခြားခြင်းမရှိဘဲ ခံစားရမဲ့ အခွင့်အရေးတွေလို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းမှာ တိတိကျကျဖော်ပြထားပါတယ်။

လိင်စိတ်ကွဲပြားတာကြောင့် အခြားလူတွေခံစားခွင့်ရှိတဲ့ အခြေခံအခွင့်အရေးတွေကို မဆုံးရှုံးသင့်ပါဘူး။  လူသားတိုင်းမှာ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်။ ကိုယ်နဲ့မတူလို့ အခြားလူတယောက်ကို မှားယွင်းနေတယ်လို့သတ်မှတ်ယူဆချက်တွေဟာ အမှန်တော့ ကိုယ့်ရဲ့ မှားယွင်းတဲ့အမြင်အယူအဆပဲ ဖြစ်ပါတယ်။

လိင်စိတ်မတူညီတာကြောင့် ပြောင်းလဲပစ်တာ၊ မုန်းတီးမှုတွေရှိလာတာ၊ အကြမ်းဖက်လိုစိတ်ပေးလာတာတွေဟာ မှားယွင်းတဲ့ အမြင်တွေရဲ့ စေ့ဆော်မှုတွေဘဲ ဖြစ်ပါတယ်။ အခုလိုမျိုး မှားယွင်းတဲ့ အမြင်တွေမပြောင်းနိုင်သမျှတော့ လောကကြီးမှာ လိင်တူချစ်သူတွေအပေါ် ခွဲခြားမှုတွေ အကြမ်းဖက်မှုတွေ ဆက်လက်ရှိနေအုန်းမှာပါဘဲ။ 

လိင်တူချစ်သူတွေအနေနဲ့ အခုလို ခွဲခြားအကြမ်းဖက်မှုတွေကို တွန်းလှန်နိုင်ဖို့အတွက် မိမိကိုယ်မိမိဂုဏ်ယူနိုင်တဲ့စိတ်ရှိပြီး လိင်စိတ်ကွဲပြားနေမှုအပေါ် အားငယ်စိတ်မရှိဖို့ လိုအပ်လှပါတယ်။ မိမိတဦးချင်းရဲ့ ရပ်တည်ချက်နဲ့အတူ အခြားသူတွေကိုပါ စွမ်းအားမြှင့်နိုင်လာခဲ့ရင်တော့ ခွဲခြားအကြမ်းဖက်မှုတံတိုင်းကြီးတွေကို ဖြိုဖျက်နိုင်မှာဖြစ်ပါတယ်။ အဲဒီလိုသာဆိုရင်တော့ လိင်တူချစ်သူတွေအတွက် ဂုဏ်ယူစီတန်းလှည့်လည်ပွဲတွေဟာ အနှစ်သာရရှိရှိနဲ့ လူတိုင်းပါဝင်ဆင်နွှဲလာတဲ့ အခမ်းအနားတွေဖြစ်လာစေမှာပါ။  

Comments
Add New Search
kyawnandako  - princeofsex^-^     |203.81.166.xxx |2009-04-22 16:36:56
hello
i m gay ....i like homosexcual ...i g et strong mind and power for
ur letter....thanks u so much .........
kyawnandako  - i like     |203.81.166.xxx |2009-04-22 16:38:22
hello
i like this website ....i get strong mind for ur letter ......than
u so much
kyawwai  - i m homo.i m friendly all homo people.     |203.81.166.xxx |2009-05-27 23:15:23
dddd
Nay Oo   |203.81.166.xxx |2009-07-06 13:52:42
I want to see gay parade in Iran...
Anonymous   |203.127.73.xxx |2009-09-15 15:12:46
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More