သက်တံ့အယ်ဒီတာအဖွဲ့
စက်တင်ဘာ ၁၊ ၂ဝဝ၉
ထိုင်းနိုင်ငံရဲ့ နိုင်ငံ့ဂုဏ်ဆောင် လက်ဝှေ့သမားဖြစ်တဲ့ ဝေါ်ရာပို့ခ်ျ ပက်ခ်ျခုမ်(Worapoj Petchkhoom)တယောက် ထိုင်းနိုင်ငံထုတ် ဂေးမဂ္ဂဇင်းတအုပ်မှာ အတွင်းခံဘောင်းဘီဝတ်ပြီး မော်ဒယ်သရုပ်ဆောင် လုပ်ပေးခဲ့မိတဲ့အတွက် ထိုင်းလက်ဝှေ့ အစည်းအရုံးကနေ (၃)လလောက် လုပ်ငန်းခွင်က ပိတ်ပင်ခံရနိုင်ချေ ရှိကြောင်းကို Khaosod လို့ ခေါ်တဲ့ ထိုင်းလက်ဝှေ့မဂ္ဂဇင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တကယ်လို့သာ ပိတ်ပင်ခံရမယ်ဆိုရင်တော့ လာမယ့် ၂ဝ၁၂ မှာကျင်းပမယ့် အိုလံပစ်အားကစားပွဲနဲ့ မကြာခင် လာအိုနိုင်ငံမှာကျင်းပတော့မယ့် ဆီးဂိမ်းမှာလည်း ပိတ်ပင်ခံရနိုင်ဖွယ် ရှိတယ်လို့ ဆိုကြပါတယ်။ ဘယ်လိုဥပဒေမျိုး၊ စည်းကမ်းချက်တွေကြောင့် အခုလို အပြစ်ပေး အရေးယူရတာဖြစ်တယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိပါဘူး။ တချို့သောသူများရဲ့ ထင်မြင်ချက်တွေကတော့ ဂေးမဂ္ဂဇင်းမှာပါဝင်ခြင်းဟာ လက်ဝှေ့လောကရဲ့ ဂုဏ်ကိုညှိုးနွမ်းစေတာကြောင့်လို့လည်း ထင်ကြေးပေးကြပါတယ်။ အသက် ၂၈နှစ်ရှိပြီဖြစ်တဲ့ ပက်ခ်ျဟာ ၂ဝဝ၄ ခုနှစ်က နိုင်ငံအတွက် ငွေတံဆိပ်ဆုကို ဆောင်ကျဉ်းပေးနိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။
အခုလိုမျိုး ဖြစ်ပျက်တာနဲ့ပတ်သက်လို့ ပက်ခ်ျက သူ့ပရိတ်သတ်ကို တောင်းပန်တယ်လို့ဆိုပါတယ်။ ပြီးတော့ အဲဒီမဂ္ဂဇင်းကလည်း ဂေးပရိတ်သတ်အတွက် ရည်ရွယ်တဲ့ မဂ္ဂဇင်းဖြစ်နေမှန်းကိုလည်း သူကမသိပဲနဲ့ ဓါတ်ပုံရိုက်ပေးမိခဲ့တာလို့ ဆိုပါတယ်။ နောက်ပိုင်း သူ့ချစ်သူမိန်းကလေးက ဂေးမဂ္ဂဇင်းဖြစ်နေမှန်းသိလို့ ဆက်မရိုက်တော့ဘူးလို့ ငြင်းဆိုပြန်တော့ မိမိက သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးသား ဖြစ်နေပြန်တယ်လို့ဆိုပါတယ်။ အဲဒီစာအုပ်မှာ မော်ဒယ်လုပ်ပေးတဲ့အတွက် ပက်ခ်ျက ဘတ် ၁၅ဝဝဝ (မြန်မာငွေ လေးသိန်းရှစ်သောင်းခန့်) လောက်ပဲ ရရှိတာလို့ဆိုပါတယ်။
Source; www.fridae.com
http://www.samesame.com.au/news/international/4369/Thai-Boxer-Faces-Ban-For-Posing-Gay.htm
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.