သက်တံ့ရောင်အယ်ဒီတာအဖွဲ့
အောက်တိုဘာ ၂၉ ရက်၊ ၂ဝဝ၉ခုနှစ်

ဝါဆက်စတာ(Worcester)၊ ကလပ်တက္ကသိုလ်(Clark University)က စိတ်ပညာပိုင်းဆိုင်ရာ သုတေသနပညာရှင် ပရောဖက်ဆာ အက်ဘီ အီး ဂိုးလ်ဘတ်(Abbie E. Goldberg)က မကြာသေးခင်ကမှ သူမ ရေးသားထုတ်ဝေလိုက်တဲ့ “လက်စဘီယံမိသားစု၊ ဂေးမိသားစုများနှင့် ၄င်းတို့၏ရင်သွေးလေးများ”လို့ အမည်ရတဲ့ စာအုပ်မှာ ဂေးစုံတွဲမိဘတွေဟာ မိမိကလေးကို စောင့်ရှောက်တဲ့နေရာမှာ အခြားလိင်ကွဲမိဘတွေထက် ပိုကောင်းအောင် မိမိတို့ရင်သွေးကို စောင့်ရှောက်နိုင်ကြောင်း ထုတ်ဖော်ရေးသားခဲ့ပါတယ်။
လိင်တူချစ်တဲ့ မိဘတွေနဲ့ လိင်ကွဲချစ်တဲ့မိဘတွေ မိမိရင်သွေးကို ပြုစုစောင့်ရှောက်တဲ့ပုံစံ အတော်များများက ဆင်တူကြပေမယ့်လို့ အချို့နေရာတွေမှာက ဂေးစုံတွဲမိဘတွေက ပိုကောင်းတဲ့ အကွက်တွေရှိတယ်လို့ ဖော်ပြထားပါတယ်။ ဥပမာ ကလေးငယ်ရဲ့အနာဂတ် ကောင်းမွန်အောင် လိုက်လံထိမ်းသိမ်းစောင့်ရှောက်တဲ့ နေရာမျိုးတွေမှာဆိုရင် ဆွေမျိုးမိသားစုဝင်တွေအားလုံးကို ကလေးအတွက် ပိုပြီးတော့ အချိန်ပေးနိုင်အောင် လိုက်လံစည်းရုံးနိုင်တာမျိုးတွေလို့ ဆိုပါတယ်။ ပိုပြီးတော့ ထူးခြားတာကတော့ ဂေးစုံတွဲတွေနဲ့ ကြီးပြင်းလာတဲ့ကလေးတွေဟာ ရှေးရိုးစွဲ ကျား မ ပုံစွံခွက်တွေနဲ့ ပတ်သက်ပြီး ကြုံရလေ့ရှိတဲ့ ဒွိဟပြဿနာတွေ သိပ်မဖြစ်ကြဘူးလို့ ဆိုပါတယ်။

ပြီးတော့ ဂေးစုံတွဲတွေရဲ့ကလေးတွေက အခြားလိင်ကွဲစုံတွဲတွေရဲ့ ကလေးတွေထက်စာရင် ပိုလို့တောင် ဂေး ပုံမထွက်ကြကြောင်းလည်း ထုတ်ဖော်ရေးသားထားပါတယ်။
Source; http://www.advocate.com/article.aspx?id=101161
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.