သက်တံ့ရောင်အယ်ဒီတာအဖွဲ့
နိုဝင်ဘာ ၁၁၊ ၂ဝဝ၉ ခုနှစ်

လွန်ခဲ့တဲ့ အောက်တိုဘာလက အီကွေဒေါးနိုင်ငံ ကီတိုမြို့မှာနေထိုင်ကြတဲ့ Transgender (ဆန့်ကျင်ဖက်လိင်လို ဝတ်စားဆင်ယဉ်နေထိုင်သူ)များ အခွင့်အရေးအတွက် လှုပ်ရှားနေသူ ဂျီမတသိုက် ဆန့်ကျင်ဘက်လိင်လို ဝတ်စားဆင်ယဉ်နေထိုင်တဲ့ လိင်တူချစ်သူအမျိုးသားတွေနဲ့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတဲ့ မုန်းတီးမှုတွေ လျှော့နည်းသွားစေဖို့ရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြို့လယ်ခေါင် တလျှောက်မှာရှိတဲ့ ပလက်ဖောင်းတွေပေါ် မိတ်ကပ်စဉ်တွေခင်းပြီး လမ်းဖြတ်လျောက်သွားတဲ့သူတွေကို အခမဲ့မိတ်ကပ်လိမ်းချယ်ပေးတဲ့ လှုပ်ရှားမှုလေးတခုကို စိတ်ဝင်စားဖွယ်ရာ ပြုလုပ်သွားခဲ့ကြပါတယ်။
လှပဆွဲဆောင်မှုရှိတဲ့ အလှပြင်စားပွဲလေးတွေနဲ့အတူ ရောင်စုံထီးလေးတွေကို အပေါ်ကအုပ်မိုးလို့ထားပြီး ပလက်ဖောင်းတွေပေါ် ဖြတ်လျှောက်လာတဲ့လူတကာကို “ကဲကဲ အခမဲ့မိတ်ကပ်ပြင်ပေးနေပါတယ်၊ တခါမှ မခံစားဖူးတဲ့ ဆန့်ကျင်ဖက်လိင်တယောက်လို ဝတ်စားဆင်ယဉ်တဲ့အခါမှာ ခံစားရမယ့် ထူးခြားဆန်းပြားတဲ့ ခံစားမှုအသစ်လေးတွေကို ခံစားဖူးချင်တယ်ဆိုရင်တော့ နှစ်ခါမတွေးနဲ့ ဟောဒီမှာ အခမဲ့မိတ်ကပ်လှလှလေးတွေ ပြင်ပေးနေတယ်နော် လာလာ ခံစားမှုအသစ်လေးတွေကို ခံစားကြည့်ကြမယ်နော်” လို့လည်း တစာစာအော်ခေါ်လို့ တလမ်းလုံး ကြက်ပျံမကျ စီကားခဲ့ကြတယ်လို့ ဆိုပါတယ်။

“ကျမတို့က အရမ်းချောမောခန့်ညားတဲ့ အမျိုးသားတွေကို ကျမတို့က မီနစ်ပိုင်းအတွင်းမှာ အလွန်အင်မတန်မှ လှပချောမောတဲ့ အမျိုးသမီးတယောက်ဖြစ်အောင် ပြင်ဆင်ပေးနိုင်သလို အရမ်းလှပချောမောတဲ့ အမျိုးသမီးကိုလည်း ခန့်ညားတည်ကြည်တဲ့ အမျိုးသာပုံပေါက်အောင် ကျမတို့ရဲ့ မိတ်ကပ်ပညာနဲ့ ဖန်တီးပေးနိုင်တဲ့သူတွေလေ။ ဆိုတော့ အဓိကရည်ရွယ်ချက်ကတော့ လူတွေအားလုံးကို ဘဝမှာ ဆန့်ကျင်ဖက်လိင်လို တခါလောက်တော့ ဝတ်ဖူးခိုင်းစေချင်တယ်။ အဲဒီတော့မှ သူတို့က ဆန့်ကျင်ဖက်လိင်တယောက်လို ဝတ်စားဆင်ယင်တာဟာ ဘယ်လူသားတဦးတယောက်ကိုမှ အနှောက်အယှက်မပေးပါလား ဆိုတာကို သူတို့သဘောပေါက် နားလည်သွားကြမှာဖြစ်သလို ဒီလှုပ်ရှားမှုက ပျော်စရာလည်းကောင်းပါတယ်”လို့ Transgender များအခွင့်အရေး လှုပ်ရှားသူ မိတ်ကပ်ပညာရှင်တဦးက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
မှတ်ချက်။ ။ ဂျီမဆိုတဲ့စကားလုံးကို မိမိတို့ ဂျီမတွေအကြားသုံးနှုန်းနေကြအတိုင်း သဘောရိုးဖြင့်သာ သုံးနှုန်းခဲ့ခြင်းဖြစ်ပြီး ခွဲခြားဖိနှိပ်လိုသည့် ရည်ရွယ်ချက်ဖြင့် သုံးနှုန်းရခြင်း မဟုတ်ကြောင်းကို အသိပေးအပ်ပါသည်။
Source; http://gaylife.about.com/b/2009/10/27/trans-women-offer-free-makeover-in-ecuador.htm
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.