You are here: Home သတင်းဆောင်းပါး Hot News ရုပ်သံဇာတ်လမ်းတွဲများတွင် ဂေးဇာတ်ကောင်အရေအတွက် တိုးတက်လာ

ရုပ်သံဇာတ်လမ်းတွဲများတွင် ဂေးဇာတ်ကောင်အရေအတွက် တိုးတက်လာ

E-mail Print PDF

နေရန်လင်းခန့်

အောက်တိုဘာ ၆ရက် ၂ဝဝ၉

queerasfolk ရုပ်ရှင်ဇာတ်ကားမျက်နှာဖုံး

အမေရိကန်နိုင်ငံတွင် ထုတ်လွှင့်လျှက်ရှိသော ရုပ်သံဇာတ်လမ်းတွဲ စီးရီးများတွင် လိင်တူခြင်းနှစ်သက်သူ ဂေးဇာတ်ကောင်များအား ထည့်သွင်းရိုက်ကူးမှု များပြားလာကြောင်း သိရသည်။

Gay & Lesbian Alliance Against Defamation အဖွဲ့မှ ကောက်ယူခဲ့သော တစ်နှစ်စာ စစ်တမ်းအရ အမေရိကန် နိုင်ငံတွင် ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်အတွက် ထုတ်လွှင့်လျှက်ရှိသည့် ရုပ်သံစီးရီးပေါင်း ၆ဝဝရှိရာတွင် လိင်တူခြင်းနှစ်သက်သူများ ( gay, lesbian, bisexual or transgender) ဇာတ်ကောင်များပါဝင်သည့် ဇာတ်လမ်း ၁၈ ခုရှိသည်ဟု သိရသည်။ အဆိုပါ စစ်တမ်းအရ ယခုနှစ် ရုပ်သံဇာတ်လမ်းတွဲအားလုံး၏ ၃ရာခိုင်နှုန်းတွင် ဂေးဇာတ်ကောင်များ ပါဝင်ခြင်းဖြစ်ပြီး၊ ယခင်နှစ်များက ၂.၆ ရာခိုင်နှုန်းနှင့် ၁.၁ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ အလားတူ ကေဘယ်ဖြင့် ထုတ်လွှင့်သော ရုပ်သံလိုင်းများတွင် ယခင်နှစ်က ဂေးဇတ်ကောင်ပါဝင်သော ဇာတ်လမ်း ၃ဝခုရှိခဲ့ပြီး ယခုနှစ်တွင် ၂၅ခု ရှိခဲ့သည်၊ အဆိုပါစစ်တမ်းသည် လူများစုအတွက် ရည်ရွယ်ထုတ်လွှင့်သော ရုပ်သံလိုင်းများကိုသာ ကောက်ယူထားခြင်းဖြစ်ပြီး၊ ဂေးပရိသတ်များအတွက် သီးသန့် ထုတ်လွှင့်နေသော Here! TV  ကဲ့သို့ ရုပ်သံလိုင်းများ မပါဝင်ပေ။

ယခုကဲ့သို့ လူများစုကြည့်ရှုသော ရုပ်သံလိုင်းများတွင် ဂေးဇာတ်ကောင်များ ပိုမိုပါဝင်လာခြင်းသည် လူထုအတွင်း ဂေးများအပေါ် ပိုမိုနားလည် လက်ခံလာခြင်းနှင့် ဂေးပရိသတ်များပြားလာခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

လက်ရှိ အမေရိကန်နိုင်ငံတွင် လူကြိုက်အများဆုံး ဇာတ်လမ်းတွဲတစ်ခုဖြစ်နေသော Desperate Housewives ဇာတ်လမ်းတွဲတွင် ဂေးဇာတ်ကောင်များစွာ ပါဝင်ကြောင်း တွေ့ရသည်။ အဆိုပါ ဇာတ်လမ်းသည် လူကုန်ထံရပ်ကွက်ရှိ အမျိုးသမီ ငါးဦးအကြောင်း ဗဟိုပြုရိုက်ကူးထားခြင်းဖြစ်ပြီး သားဖြစ်သူ ဂေးဖြစ်နေကြောင်း သိရပြီး အစပိုင်းတွင် လက်မခံနိုင်သော်လည်း နောက်ပိုင်း နားလည်လက်ခံသွားပုံ၊ ဂေးများအား တရားဥပဒေအရ အကာအကွယ်ပေးထားပုံ၊ အသစ်ပြောင်းရွှေ့လာသော အိမ်နီးချင်း လိင်တူအမျိုးသားစုံတွဲအား ရင်းနှီးခင်မင်စွာ ဆက်ဆံကြပုံကို အပြုသဘောဆောင်ကာ ရိုက်ကူးထားသည်။ ဂေးများအကြောင်း အသားပေး ရိုက်ကူးထားသော ဇာတ်လမ်းများ အနက် Queer As Folk ဇာတ်လမ်းတွဲမှာ အထင်ရှားဆုံးဖြစ်ပြီး Here! TVမှ ထုတ်လွှင့် လျှက်ရှိသော Dante's Cove ဇာတ်လမ်းတွဲသည် လိင်ကိစ္စအသားပေး ဇာတ်လမ်းများအနက် လူကြိုက်အများဆုံးဖြစ်သည်။

Dante's Cove ရုပ်ရှင်ဇာတ်လမ်းအဖုံး


Source: Gay characters gain ground on network TV, lose it on cable

သတင်းများကို ရေးသားပို့ပေးသော ကိုနေရန်လင်းခန့်အား သက်တံ့ရောင်စာစောင်မှ အထူးကျေးဇူးတင်ရှိပါသည်၊

Comments
Add New Search
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More