You are here: Home သတင်းဆောင်းပါး Hot News ဂေးစုံတွဲ ခရီးသွားဧည့်သည်များကို ဗာတီကန်မြို့တော်က အလိုမရှိ

ဂေးစုံတွဲ ခရီးသွားဧည့်သည်များကို ဗာတီကန်မြို့တော်က အလိုမရှိ

E-mail Print PDF

သက်တံ့ရောင်အယ်ဒီတာအဖွဲ့

နိုဝင်ဘာ ၁၇၊ ၂ဝဝ၉ခုနှစ်

ကက်သလစ်ဘာသာဝင်တို့၏ သန့်ရှင်းသောမြို့တော် ဗာတီကန်

မကြာသေးမှီကပဲ အင်တာနက်သတင်းစာတစောင်ဖြစ်တဲ့ eTurbo News လို့ခေါ်တဲ့ သတင်းစာတစောင်က ဂေးစုံတွဲတွေကို ဗာတီကန်က လက်ခံသင့်မခံသင့်ဆိုတာနဲ့ပတ်သက်လို့ ဘုန်းတော်ကြီး ကာလေတာကို မေးမြန်းခဲ့ရာ ဘုန်းတော်ကြီးက အခုလိုဖြေကြားသွားခဲ့ပါတယ် ဘုန်းဘုန်းတို့ရဲ့ ခရစ်ယာန်အသင်းတော်တွေမှာ ဆုံးမသွန်သင်တဲ့ လမ်းညွှန်ချက်တွေက သမ္မာကျမ်းစာကနေ တိုက်ရိုက်ယူထားတာဖြစ်ပါတယ်။ တကယ်လို့သာ သမ္မာကျမ်းစာမှာ ပါတဲ့အချက်တွေကို ပြုပြင်ပြောင်းလဲလိုက်မယ်ဆိုရင် ဘုန်းဘုန်းတို့ ကက်သလစ်ဘာသာတရားလည်း ရှိတော့မှာမဟုတ်ဘူး။ အဲဒါကိုက ဘုန်းဘုန်းတို့ ကက်သလစ်ဘာသာဝင်တွေရဲ့ သင်္ကေတအမှတ်အသားပါ။ ဒါကြောင့် ဒီ လိင်တူချင်းစိတ်ဝင်စားတဲ့ သူတွေနဲ့ပတ်သက်လို့ ကက်သလစ်ဘာသာက ဘယ်တော့မှ သူ့ရဲ့သဘောထားခံယူချက်ကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ပြီးတော့ လာမယ့်အနာဂတ်မှာ လိင်တူချင်းစိတ်ဝင်စားတဲ့သူတွေကို ဗာတီကန်မြို့တော်ထဲ ဆန္ဒပြဖို့ ဝင်ခွင့်ပြုမှာလားလို့မေးတော့ ဘုန်းဘုန်းတို့ဘာသာမှာ အဲဒီလိုမျိုးအပြုအမူ အကျင့်စရိုက်ကို သင့်တင့်လျောက်ပတ်တဲ့ အကျင့်စရိုက်လို့ မသတ်မှတ်ဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဗာတီကန်ရှိ ဗိမ္မာန်တော်

နောက်ထပ် တကယ်လို့ လမ်းလျှောက်ချီတက်တာမျိုးမဟုတ်ပဲ ခရီးသွားအနေနဲ့ လာရောက်လည်ပတ်တာမျိုးဆိုရင်ရော ခွင့်ပြုမှာလားလို့ ထပ်မေးတော့ တကယ်လို့ ကိုယ့်ကိုယ်ကို ဂေးဖြစ်တယ်၊ လိင်တူချင်းစိတ်ဝင်စားတဲ့သူဖြစ်တယ်ဆိုတာသိသိနဲ့ ဒီနေရာလာကိုလာခဲ့မယ်ဆိုရင်တော့ ဒီသန့်ရှင်းတဲ့နယ်မြေရဲ့ စည်းမျဉ်းတွေကိုချိုးဖောက်တာဖြစ်သလို ဘုန်းဘုန်းတို့ ကက်သလစ်ဘာသာဝင်တွေရဲ့ အဆောက်အဦးတွေကို စော်ကားရာလည်းရောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းဘုန်းတို့ဘာသာက ဒီလိင်တူချင်းစိတ်ဝင်စားတာ ကက်သလစ်ဘာသာဝင်တွေရဲ့ ဘာသာရေးကျင့်စဉ်နဲ့ လုံးဝဆန့်ကျင်နေလို့ပါ၊ ဥပမာ အစ္စလာမ်တွေရဲ့ ဗလီထဲကိုမဝင်ရလို့ သတ်မှတ်ထားတဲ့စည်းကမ်းကို ချိုးဖောက်ရာရောက်သလိုမျိုးပါပဲပေါ့။ ဘုန်းဘုန်းပြောချင်တာက ဘုန်းဘုန်းတို့ဘာသာက ကက်သလစ်ဘာသာဝင်မဟုတ်တဲ့ အခြားလူတွေကိုလေးစားသလို ဘုန်းဘုန်းတို့ဘာသာရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလဲ အသိအမှတ်ပြုလေးစားပေးစေချင်ပါတယ်။ တကယ်လို့ ဘုန်းဘုန်းတို့ဘာသာတရားနဲ့ သဘောထားမတိုက်ဆိုင်ဘူးဆိုရင်လည်း အခြားနေရာကို သွားရောက်လည်ပတ် နိုင်ပါတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

http://fridae.com/newsfeatures/2009/11/06/9327.gay-tourists-not-welcome-in-vatican-city?n=sec

Comments
Add New Search
အမွှေမ   |118.172.60.xxx |2009-11-19 01:44:37
သွားကို သွားလည်ချင်လာပြီ
Anonymous   |203.81.166.xxx |2009-11-20 16:54:31
သွားလည်ပစ်လိုက်အုံးမှ လော်ကင်နဲ့ အချေတွေကိုပညာပေးရ အောင်
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Guys Of Myanmar Club 
သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ 
Guys Of Myanmar Blog

Mplus Thailand  
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society  
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

GMyanmar
ယောက်ျားလေးချင်းနှစ်သက်သူတွေအတွက်

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More