You are here: Home သတင်းဆောင်းပါး Hot News နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ဆန့်ကျင်ဖက်လိင်ကဲ့သို့ ပြောင်းလဲနေထိုင်သူများအတွက် အထိမ်းအမှတ်နေ့ကို နိုင်ငံတကာတွင်ကျင်းပ

နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ဆန့်ကျင်ဖက်လိင်ကဲ့သို့ ပြောင်းလဲနေထိုင်သူများအတွက် အထိမ်းအမှတ်နေ့ကို နိုင်ငံတကာတွင်ကျင်းပ

E-mail Print PDF

နိုဝင်ဘာ ၂၄၊ ၂ဝဝ၉ ခုနှစ်

အပွင့်မ

 

အောက်မေ့သတိရဆုတောင်းနေကြပုံ
လွန်ခဲ့တဲ့နိုဝင်ဘာလ ၂ဝ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲနေထိုင်တဲ့သူတွေအတွက် အထိမ်းအမှတ်နေ့ (International Transgender Day of Remembrance)ကို နိုင်ငံအတော်များများမှာ ဆင်နွှဲကျင်းပခဲ့ကြပါတယ်။

အဲဒီလို အထိမ်းအမှတ်နေ့ကို  ဆင်နွှဲကျင်းပရတဲ့ အဓိကရည်ရွယ်ချက်တွေကတော့ ဆန့်ကျင်ဖက်လိင်လို ဝတ်စားဆင်ယဉ်ပြုမူနေထိုင်သွားလာတဲ့အတွက် ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်းကနေ ဖယ်ကျင်ခံခဲ့ရတဲ့သူတွေ၊ ခွဲခြားဖိနှိပ်ခံခဲ့ရတဲ့သူတွေ၊ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသူတွေ၊ ဆန့်ကျင်ဖက်လိင်လို ဝတ်စားဆင်ယဉ်နေထိုင်သူတွေကို မုန်တီးတဲ့သူတွေ၊ ကြောက်ရွံ့တဲ့သူတွေရဲ့ လက်ချက်ကြောင့် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့သူတွေကို ပြန်လည်အောက်မေ့ သတိရတဲ့အနေနဲ့ အထိမ်းအမှတ်ပွဲအခမ်းအနားတွေကို ပြုလုပ်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

အဲဒီအပြင် အဲဒီလိုမျိုး အတွေ့အကြုံဆိုးတွေကို ဆန့်ကျင်ဖက်လိင်လို ဝတ်စားဆင်ယဉ်သူနေထိုင်သူတွေသာမကပဲ သာမန်ယောက်ျားမိန်းမတွေလို ဝတ်စားဆင်ယဉ်နေထိုင်တဲ့ အခြားလိင်တူချစ်သူတွေ (gay, lesbian, bisexual and intersex people)ကပါ ဒီကနေ့ဒီအချိန်အထိ တွေ့ကြုံခံစားနေကြရဆဲဖြစ်ကြောင်းကို နိုင်ငံတကာက သိမြင်လာစေရန်အတွက် ပြုလုပ်ရခြင်းလည်းဖြစ်ကြောင်း အထိမ်းအမှတ်ပွဲများကို ကြီးမှူးကျင်းပခဲ့တဲ့ နိုင်ငံတကာအဖွဲ့အစည်းတိုင်းတွေက ထုတ်ဖော်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

အဲဒီလို လိင်ကွဲပြားမှုနှင့် လိင်စိတ်ခံယူမှုကွဲပြားမှုအပေါ်အခြေခံပြီး ခွဲခြားဖိနှိပ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရတဲ့သူတွေအများစုထဲမှာ လိင်တူချင်းချစ်သူများအခွင့်အရေးအတွက် လှုပ်ရှားနေသူတွေ၊ ကျောင်းသူ ကျောင်းသားတွေ၊ ပြည့်တန်ဆာတွေ၊ အစိုးရဝန်ထမ်း စတဲ့သူတွေအများအပြားပါဝင်လေ့ရှိကြပါတယ်။

အခုလိုအခမ်းအနားကို ကျင်းပခဲ့တဲ့နိုင်ငံတွေကတော့ သြစတြေးလျှ၊ ဘယ်လ်ဂျီယံ၊ ဘယ်လာရုစ်၊ ကနေဒါ၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီ၊ အင်ဒိုနီးရှား၊ အိုင်ယာလန်၊ အစ္စရေး၊ အီတလီ၊ ကင်ညာ၊ မလေးရှား၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေ၊ ဖီလစ်ပိုင်၊ စကော့တလန်၊ ဆွီဒင်၊ တူရကီ၊ အမေရိကန်နိုင်ငံရှိပြည်နယ်အတော်များများမှာရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများက ဝိုင်းဝန်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

Transgender အလှမယ်လေး

မြန်မာနိုင်ငံမှာလည်း လိင်တူချင်းချစ်သူတွေအပါအဝင်နဲ့ အထူးသဖြင့်ဆန့်ကျင်ဖက်လိင်လိုဝတ်စားဆင်ယဉ် နေထိုင်ကြတဲ့ (အရပ်ကအခေါ် မိန်းမလျာများနှင့် ယောက်ျားလျာ) သူတွေအတော်များများဟာ အခြားသောလိင်တူချစ်သူများထက်စာရင် နေ့တာဓူဝဆိုသလို ပတ်ဝန်းကျင်လူမှုအသိုင်းအဝိုင်းရဲ့ သရော်လှောင်ပြောင် ကဲ့ရဲ့ပြစ်တင်ပြောဆိုခြင်း၊ လိင်ပိုင်းဆိုင်ရာအရ ထိကပါးရိကပါး စော်ကားနှောက်ယှက်ခြင်း၊ မိသားစု ဆွေမျိုးအသိုင်းအဝိုင်းမှ ဖယ်ကျင်ခံရခြင်းစတဲ့ အတွေ့အကြုံဆိုးများကို ဒီကနေ့ထိ တွေ့ကြုံခံစားနေကြရဆဲပဲဖြစ်ပါတယ်။ ဒီထက်အပြင် ပိုမိုဆိုရွားတဲ့ အဖြစ်အပျက်တွေလည်းရှိနိုင်ပေမယ့်လို့ လူမှုပတ်ဝန်းကျင်ထဲမှာ လိင်တူချင်းချစ်တဲ့သူတွေအကြောင်းကို ပြောဆိုကြတာ အလွန်အင်မတန်မှနည်းတဲ့အတွက် သူတို့တွေရဲ့အဖြစ်အပျက်၊ သူတို့တွေရဲ့အသံတွေဟာ လူမှုပုံစံသွတ်သွင်းခြင်းရဲ့ လွှမ်းမိုးမှုအောက်မှာ တိုးတိတ်ပျောက်ကွယ်နေတာလည်း ဖြစ်နိုင်ပါတယ်။

ဒီကနေ့ဒီအချိန်ထိ မြန်မာနိုင်ငံမှာ ဗြိတိသျှကိုလိုနီလက်ထက်က အမွေဟောင်း ဥပဒေပုဒ်မ ၃၇၇ ဆိုတာ ဒီနေ့အထိ တည်ရှိနေဆဲပဲဖြစ်ပါတယ်။ ပုဒ်မ ၃၇၇ ဟာ သဘာဝမကျတဲ့နည်းနဲ့ အမျိုးသားအချင်းချင်း လိင်ဆက်ဆံမှုအပေါ် တားမြစ်ထားတာဖြစ်ပြီး တကယ်လို့အဲဒီပုဒ်မကို ကျူးလွန်မိမယ်ဆိုရင်တော့ အနည်းဆုံးထောင်ဒဏ် ၁ဝနှစ်ကနေ  တသက်တကျွန်းထိ ချနိုင်တာဖြစ်ပါတယ်။ အချို့သူတွေပြောဆိုချက်အရ အဲဒီဥပဒေပုဒ်မကို အသုံးမပြုတော့တာ ကြာပြီလို့ဆိုကြပေမယ့် အဲဒီဥပဒေတရားဝင်ရှိနေသေးတာကိုက လိင်တူချစ်သူတွေအတွက် မလိုလားအပ်တဲ့ အန္တရာယ်အမျိုးမျိုး အချိန်မရွေးကျရောက်နိုင်တယ် ဆိုတာကိုထောက်ပြနေပါတယ်။

 

Sources; http://www.transgenderdor.org/

http://fridae.com/newsfeatures/2009/11/19/9365.international-transgender-day-of-remembrance-nov-20
Comments
Add New Search
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Guys Of Myanmar Club 
သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ 
Guys Of Myanmar Blog

Mplus Thailand  
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society  
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

GMyanmar
ယောက်ျားလေးချင်းနှစ်သက်သူတွေအတွက်

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More