You are here: Home သတင်းဆောင်းပါး Hot News လိင်ပြောင်းလိုသူများ ၁ နှစ်စောင့်ဟု ထိုင်းပြဌာန်း

လိင်ပြောင်းလိုသူများ ၁ နှစ်စောင့်ဟု ထိုင်းပြဌာန်း

E-mail Print PDF

ကိုထွေး

Sunday, 29 November 2009

 

လိင်ပြောင်းလဲမှုများ မလုပ်ဆောင်မီ ၁ နှစ်ခန့် ကြိုတင်၍ ပြင်ဆင်မှုများ ပြုလုပ်၍ အသက် ၁၈ နှစ်ပြည့်မှ သာလျှင် ခွဲစိတ်ခြင်းကို ခွင့်ပြုရန် ထိုင်းနိုင်ငံက ဥပဒေတခု ထုတ်ပြန်လိုက်ကြောင်း အေပီ သတင်းတွင် ရေးသားထားသည်။

ခွဲစိတ်ကုသမခံမီ ၁နှစ် အလိုတွင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု အနေဖြင့် အမျိုးသမီး ၀တ်စုံများကို ၀တ်ဆင်ရမည်ဖြစ်ကြောင်း ဥပဒေတွင် ပါရှိသည်ဟု သိရသည်။

ယင်းဥပဒေသည် ပြီးခဲ့သည် ဗုဒ္ဓဟူးနေ့မှ စတင်၍ အသက် ၀င်မည် ဖြစ်သည်ဟုလည်း ယင်းသတင်းတွင် ရေးသားထားသည်။

ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံများနှင့် ဆေးခန်းများကို ယခင်နှစ် အတွင်းက လိင်ပြောင်း ၀န်ဆောင်မှုများယာယီ ရပ်ဆိုင်းရန်နှင့် ခွဲစိတ်ကုသမှုကို သေချာစွာ စောင့်ကြည့်ရန် ညွန်ကြား ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဆေးပညာ ကောင်စီမှ ဒေါက်တာ Dr. Sampandh Komritက ဒါဟာ ဘ၀အတွက် အရမ်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်တရပ်ပါ၊ ခွဲစိတ်ပြီးရင် ဘယ်လိုမှ ပြန်ပြောင်းလို့ မရတော့ဘူး၊ ဒါဟာ အသေး အမွှားကိစ္စ မဟုတ်ပါဘူး၊ ဆယ်ကျော်သက် အနေနဲ့ သူငယ်ချင်းလုပ်လို့ လိုက်လုပ်လို့ မရပါဘူး၊ ခွဲစိတ် မယ့်သူတွေ အနေနဲ့ တနှစ် အနည်းဆုံးစောင့်ရမယ်ဟု ယင်းသတင်းက ဆိုသည်။

လိင်တူချစ်သူတဦး ဖြစ်သူ ကရင် အဆိုတော် ယူရီကထိုင်းနိုင်ငံမှာ အခုလို ဥပဒေ ထုတ်လိုက်တာ အရမ်း ကောင်းပါတယ်၊  ၁နှစ် အတောအတွင်းမှာလည်း ဆရာဝန်က မျက်ခြည်မပြတ် စောင့်ကြည်မယ် ဆိုတော့ ပိုကောင်းတာပေါ့နော်၊ ထိုင်းနိုင်ငံက လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီးတော့ အရင်က ဥပဒေမရှိဘူး၊ တားမြစ်တာ မရှိသလို ထောက်ခံတာလည်း မရှိခဲ့ဘူး၊ အခုတော့ လိင်ပြောင်းတာနဲ့ပတ်သက်တဲ့ ဥပဒေ ထွက်လာတဲ့ အခါကျတော့  နိုင်ငံရေးအရ တော်တော်လေး အခြေအနေကောင်းပါတယ်၊ နောက်ထပ် ဒီထက်ပိုတဲ့ အလေးပေးမှုတွေရမှာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ ဆိုရင်တော့ အရမ်းကောင်းမှာပဲလေဟု ဆိုသည်။

အဆိုပါ ဥပဒေသည် ယခင်ကတည်းက ရှိခဲ့သော်လည်း ခွဲစိတ်မှုပြုလုပ်ရန် ၃နှစ်ခန့် စောင့်ဆိုင်းရကြောင်း၊ လိင်ပြောင်းလဲလိုသူများသည် အသက် ၁၈နှစ် ပြည့်ရန်နှင့် အုပ်ထိန်းသူက ခွင့်ပြုရန် လိုအပ်ကြောင်း ယင်းကာလအတွင်း  တပတ်လျှင် တကြိမ်ကျ ဆရာဝန်နှင့် တွေ့ဆုံရန်လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

လူကို လူလိုသာ မြင်တတ်မယ်ဆိုလို့ရှိရင် လိင်တူချစ်သူတွေကို ဖိနှိပ်မှာလဲ မဟုတ်ဘူး၊ လိင်တူ ချစ်သူတွေ လည်း သူတို့ခံစားချက်နဲ့သူတို့ပဲလေ၊  မြန်မာပြည်မှာက သူတို့ အစွဲထဲမှာက လိင်တူချစ်သူတွေဆိုရင် အခြောက်တွေ၊ ရှောက်သီးဆေးပြားရောင်းတဲ့သူတွေ ဆိုပြီးတော့ နှိမ်ချင်ကြတယ်၊ဟု ယူရီက ဆိုသည်။

ရန်ကုန်မြို့တွင်လည်း သြဂုတ်လအတွင်းမှ စတင်ကာ လိင်ပြောင်းလဲခြင်းဆိုင်ရာ ၀န်ဆောင်မှု စနစ်သစ်တခုကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် ပေါင်လို (၀်) ဆေးရုံကြီး (Paolo Memorial Hospital) ၏ မြန်မာနိုင်ငံရုံးခွဲက ပထမဆုံးအကြိမ်အဖြစ် စတင်ဝန်ဆောင်မှု ပေးနေပြီဖြစ်သည်။

အမျိုးသားဘ၀မှ အမျိုးသမီးအဖြစ်သို့ လိင်ပြောင်းလဲမည်ဆိုပါက အချိန်နှစ်ပတ်ကြာ ဆေးရုံ တက်ကုသမှု ခံယူရမည်ဖြစ်ပြီး အမျိုးသမီးဘ၀မှ အမျိုးသားအဖြစ်သို့ လိင်ပြောင်းလဲပါက ၁ နှစ်မှ ၂ နှစ်အထိ အချိန်ယူ ဆေးကုသမှုခံယူပြီးမှ ခွဲစိတ်ပြုပြင်လိင်ပြောင်းလဲနိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့မှ လိင်တူချစ်သူ အမျိုးသားတဦးကမူ အမျိုးသားဘ၀မှ အမျိုးသမီးဘ၀သို့ လိင်ပြောင်းလဲ ချင်ကြ သော လိင်တူချစ်သူအမျိုးသားအများအပြား ပြည်တွင်းတွင်ရှိနေပြီး ငွေလည်းတတ်နိုင်ကြကြောင်း၊ လိင်ပြောင်းလဲရန် မည်သို့မည်ပုံ ပြည်ပဆေးရုံများနှင့် ဆက်သွယ်ဆောင်ရွက်ခွဲစိတ်မှုခံယူရမည်ကိုမသိရှိကြ သူက အများစုဖြစ်နေကြောင်း ပြောဆိုသည်။

 

www.irrawaddy.org မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Comments
Add New Search
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More