သက်တံ့အယ်ဒီတာအဖွဲ့
ဖေဖော်ဝါရီ ၂၂၊ ၂ဝ၁ဝခုနှစ်

Starz’s Spartacusလို့အမည်ရတဲ့ ဂလေဒီရိတ်တာ(Gladiators)များအကြောင်း တင်ပြရိုက်ကူးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲဟာ ဝတ်လစ်စလစ်ပုံများနှင့် လိင်အသားပေးဇာတ်ဝင်ခန်းအမြောက်အမြားပါဝင်ကြောင်းကို ပရိသတ်အတော်များများသိရှိပြီး ဖြစ်ပါတယ်။ လာမယ့်အပတ်မှာတင်ဆက်ပြသမယ့် ဇာတ်လမ်းတွဲမှာတော့ လိင်တူချစ်သူ ဂလေဒါနှစ်ယောက်က သူတို့အုပ်စုထဲမှာ မိမိကိုယ်ကိုယ်မိမိ လိင်တူချစ်သူဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလိုက်တဲ့အခန်းတွေ စတင်ပါဝင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအပြင် ရှားရှားပါးပါးလိင်တူချစ်သူဂလေဒါနှစ်ယောက် ချစ်တင်းနှောတဲ့အခန်းများကိုလည်း စတင်တွေ့မြင်ကြရတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဂလေဒီရိတ်တာများသည် ခန္ဓာကိုယ်ကျင့်လင့်သံမာထွားကြိုင်းပြီး ရဲစွမ်းသတ္တိအပြည့်ရှိသည့် ရောမခေတ်က ရက်ရက်စက်စက်ကြေးစားလူသတ်သမားများဖြစ်သည်။ အဲဒီလိုလူတွေရဲ့ပုံရိပ်ကို ဂေးကာရိုက်တာအနေနဲ့ မြင်တွေ့ရတာဟာ ဒီတစ်ခါပထမဦးဆုံးဖြစ်သည်။




Source: advocate.com
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.