သက်တံ့အယ်ဒီတာအဖွဲ့
ဖေဖော်ဝါရီ ၂၂၊ ၂ဝ၁ဝခုနှစ်

Martin Ssempa
ယုဂန်ဒါနိုင်ငံက တရားဟောဆရာတယောက်ဖြစ်တဲ့ မာတင်စီးပ(Martin Ssempa)တယောက် လိင်တူချစ်သူများအပေါ် မုန်းတီးစိတ်များဖြစ်ပေါ်လာစေရန်ဆိုသည့် ရည်ရွယ်ချက်နဲ့ ဘုရားကျောင်းအတွင်း လိင်တူချင်းဆက်ဆံသည့် ရုပ်ရှင်၊ ဗွီဒီယိုအခွေများကို ပြသပေးနေကြောင်း မျက်နှာဖုံး၏နောက်ကွယ်မှာလို့ အမည်ရတဲ့ အာဖရိကန်လိင်တူချစ်သူများ အခွင့်အရေးလှုပ်ရှားသူများက ဘီဘီစီသတင်းဌာနကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
စီးပဟာ ဘာကြောင့်ယုဂန်ဒါမှာ လိင်တူချင်းဆက်ဆံတာကို တားမြစ်တဲ့ဥပဒေလိုအပ်လဲဆိုတာကို ဘုရားကျောင်းထဲကလူတွေ ရှင်းရှင်းလင်းလင်းသိနားလည်သွားစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပြသကြောင်းသိရပြီး အသင်းသူ၊ အသင်းသား ၃ဝဝခန့်လာရောက် ကြည့်ရှုကြကြောင်းလည်း သိရသည်။
စီးပရဲ့ထုတ်ဖော်ပြောဆိုချက်အရဆိုရင် ရုပ်ရှင်ကြည့်နေစဉ်အတွင်းမှာပင် အချို့ပရိသတ်တွေက ချက်ခြင်းငိုယိုမြည်တမ်းကြတာကို တွေ့မြင်ရနိုင်သလို ဝမ်းနည်းပက်လက် ငိုညည်းနေသည့်အသံများကိုပါ တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒါဟာ ဘာကိုပြနေလဲဆိုတာကိုကြည့်လို့ရှိရင် လိင်တူဆက်ဆံတယ်ဆိုတာ ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာကို လူတွေမျက်မြင်သက်သေပြနေတာပဲလို့လည်း သူကအသင်းသူ၊ အသင်းသားများကို သတိပေးနှိုးဆော်လိုက်သလို အဲဒီအတွက်ကြောင့်ပဲ ယုဂန်ဒါနေနဲ့ လိင်တူချင်းဆက်ဆံတဲ့သူတွေကို ပြစ်ဒဏ်ခတ်တဲ့ဥပဒေရှိသင့်တာဖြစ်တယ်ဆိုတဲ့ သတင်းစကားကိုပါ ဟောကြားခဲ့တယ်လို့ သိရပါတယ်။
အာဖရိကန်လိင်တူချစ်သူများအခွင့်အရေး လှုပ်ရှားသူများကတော့ စင်ပါရဲ့လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး ဘီဘီစီသတင်းဌာနကို အခုလိုတုန့်ပြန်ခဲ့ပါတယ်။ “အမှန်ဆိုရင် ယုဂန်ဒါမှာ ဥပဒေအရ အပြာရုပ်ရှင်ပြသတာ၊ လိင်တူဆက်ဆံတာ၊ ကလေးတွေကိုလိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်တာတွေဟာ အားလုံး ရာဇဝတ်မှုမြောက်တဲ့အရာ ဖြစ်ပါတယ်။ အထူးသဖြင့် အသက်အရွယ်မပြည့်သေးတဲ့ ကလေးတွေပါရှိနေတဲ့ ဘုရားကျောင်းလိုမျိုးနေရာမှာ ညစ်ညမ်းတဲ့အပြာရုပ်ရှင်ဇာတ်လမ်းတွေ ပြသတာဟာ လုံးဝရာဇဝတ်မှုမြောက်နေပါတယ်။ ဒါကြောင့် ယုဂန်ဒါအစိုးရအနေနဲ့ စီးပကို တည်ဆဲဥပဒေနဲ့ ချက်ခြင်းအရေးယူပေးရမယ်လို့လည်း” ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
စီးပဟာ လိင်တူဆက်ဆံတာကို ပြောင်းလဲကုသလို့ရတယ်လို့ယုံကြည်တဲ့ တရားဟောဆရာတယောက် ဖြစ်တယ်လို့လည်းသိရသလို အလားတူရုပ်ရှင်ဗွီဒီယိုလိုက်လံပြသတဲ့ လုပ်ငန်းစဉ်တွေကိုလည်း နေရာအတော်များများမှာ လိုက်လံလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
တကယ်လို့သာ ယုဂန်ဒါမှာ လိင်တူဆက်ဆံတာကိုတားမြစ်တဲ့ ဥပဒေအတည်ပြုလိုက်မယ်ဆိုရင်တော့ လိင်တူချစ်သူအမြောက်အမြားက အသတ်ခံရနိုင်သလို မမျှော်လင့်တဲ့ သွေးထွက်သံယိုမှုတွေ အမြောက်အမြားဖြစ်လာနိုင်တယ်လို့ အချို့က ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ တကယ်လို့ လိင်တူဆက်ဆံတဲ့သူ ဘယ်သူလဲဆိုတာကို သိနေရက်သားနဲ့ သက်ဆိုင်ရာကို အကြောင်းမကြားပါကလည်း ထောင်ဒဏ် အကျဉ်းချခံရနိုင်တယ် ဆိုတာကိုလည်း အဲဒီဥပဒေအသစ်မှာဖော်ပြထားတယ်လို့ သိရပါတယ်။
Source: www.pinknews.co.uk
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.