You are here: Home သတင်းဆောင်းပါး Hot News ကလေးသူငယ်တွေကို လိင်တူဆက်ဆံဖို့ အားပေးအားမြှောက်ပြုသူဟု စွတ်စွဲခံရတဲ့ ရပ်ဘီဘောလုံးအားကစားသမား

ကလေးသူငယ်တွေကို လိင်တူဆက်ဆံဖို့ အားပေးအားမြှောက်ပြုသူဟု စွတ်စွဲခံရတဲ့ ရပ်ဘီဘောလုံးအားကစားသမား

E-mail Print PDF

သက်တံ့အယ်ဒီတာအဖွဲ့

ဖေဖော်ဝါရီ ၂၃၊ ၂ဝ၁ဝခုနှစ်

Gareth Thomas

ရပ်ဘီအားကစားသမား ဂရက်သ် သောမတ်စ်(Gareth Thomas)ကို အင်္ဂလန်နိုင်ငံမှ ခရစ်ယာန်အသင်းတော်တစ်ခုက လူငယ်လူရွယ်များကို လိင်တူဆက်ဆံဖို့အတွက် အားပေးအားမြှောက်ပြုတယ်လို့ စွတ်စွဲလိုက်ပါတယ်။

ပြီးခဲ့တဲ့လက အင်္ဂလန်မှာကျင်းပခဲ့သော လိင်တူချစ်သူများသမိုင်းကြောင်းနှင့်ပတ်သက်တဲ့ အထိမ်းအမှတ်ပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနားတွင် သောမတ်စ်ပါဝင်တက်ရောက်ခဲ့သည့်အတွက်ကြောင့် အခုလိုမျိုး စွတ်စွဲရခြင်းဖြစ်သည်။ ခရစ်ယန်အသင်းတော်ရဲ့ ပြောဆိုချက်အရ အခုလိုမျိုးအောင်မြင်ကျော်ကြားတဲ့ စံပြအားကစားသမားတယောက်အနေနဲ့ အဲဒီလိုရှက်ရွံ့ဖွယ်ကောင်းတဲ့ အခမ်းအနားကို တက်ရောက်တာဟာ လူငယ်တွေအတွက် အသိမြင် အတတ်သင်စရာ ဖြစ်စေတယ်လို့လည်း စွတ်စွဲခဲ့ကြသလို လူငယ်လူရွယ်တွေကို လိင်တူဆက်ဆံလာကြဖို့အတွက် လိုက်လံဆော်သြနေတာနဲ့ အတူတူပဲ၊ သောမတ်စ်ရဲ့ထုတ်ဖော်ပြောဆိုချက်အရဆိုလို့ရှိရင် အရွယ်မရောက်သေးတဲ့ ကလေးတွေ၊ လိင်စိတ်ခံယူမှု ကွဲကွဲပြားပြားမသိရှိသေးတဲ့ လူငယ်လူရွယ်တွေကို လမ်းမှားရောက်အောင် လုပ်ဆောင်ပေးနေတာနဲ့လည်း တူနေပါတယ်။ ကျမ်းစာထဲမှာ ဘုရားသခင် တိတိလင်းလင်းကြေညာထားပါတယ်။ အဲဒီလို ကလေးသူငယ်တွေကို လမ်းမှားရောက်အောင် ပြုလုပ်တဲ့သူကို လည်ပင်းမှာကျောက်တုံးဆွဲပြီးတော့ ရေတွင်းထဲကိုပစ်ချရမယ်လို့ မိန့်မှာထားတယ်လို့ လိင်တူချစ်သူများအပေါ် မုန်းတီးစိတ်များဖြစ်ပေါ်နိုင်စေမယ့် စွတ်စွဲချက်မျိုးကို ထုတ်ဖော်ပြသခဲ့ကြပါတယ်။

သောမတ်စ်ဟာ လွန်ခဲ့တဲ့ဒီဇင်ဘာလက မိမိကိုယ်မိမိ လိင်တူချစ်သူပါလို့ ပွင့်ပွင့်လင်းလင်းထုတ်ပြန်ကြေညာခဲ့တဲ့ ထင်ရှားတဲ့ဘောလုံးအားကစားသမားတယောက်ဖြစ်ပါတယ်။ အဲဒီလိုထုတ်ဖော်ပြောဆိုခဲ့တဲ့အတွက်လည်း ကစားဖော်သူငယ်ချင်းများရဲ့ နွေးထွေးတဲ့ကြိုဆိုမှုကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။

သောမတ်စ်ကတော့ အခုလိုမျိုးစွတ်စွဲခံရတာနဲ့ ပတ်သက်လို့ လူတိုင်းရဲ့ မတူညီကွဲပြားတဲ့ အတွေးအခေါ်နဲ့ အမြင်တွေကို ကျနော်လေးစား အသိအမှတ်ပြုပါတယ်။ အခုလိုမျိုး ကျနော့်အပေါ်စွတ်စွဲပြောဆိုတဲ့အတွက်လည်း ကျနော့်မှာ ဘာပြဿနာမှ မရှိပါဘူး။ လူတိုင်း ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုခွင့်ရှိတာပါပဲလို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သောမတ်စ်ရဲ့ ဘောလုံးအသင်းမန်နေဂျာကလည်း သောမတ်စ်ဟာ ဘောလုံးလောကမှာ စံပြလိင်တူချစ်သူ အားကစားသမားတယောက်ဖြစ်ကြောင်းနဲ့ လူငယ်များအတွက် စံပြအားကစားသမားတယောက်ဖြစ်တယ်ဆိုတာကို ဘယ်သူမှငြင်းလို့မရနိုင်ပါဘူးလို့ ထုတ်ဖော်ပြောကြားခဲ့သလို လိင်တူချစ်သူများအခွင့်အရေးလှုပ်ရှားသူ တယောက်ဖြစ်တဲ့ ဆူးဆန်းဒါးစ်(Sue Sanders)ကလည်း လိင်တူချစ်သူများသမိုင်းကြောင်းနေ့ အထိမ်းအမှတ်ပြုလုပ်တဲ့အပေါ် တန်ပြန်စွတ်စွဲခဲ့တဲ့ အဖွဲ့အစည်းများကို အခုလိုပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ကျမတို့ အခုလိုအခမ်းအနားတွေ ကျင်းပပြုလုပ်တယ်ဆိုတာ လူတွေကို အသိပညာပေးတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ ပြီးတော့ ကျမတို့ လူမှုအသိုင်းအဝိုင်းမှာရှိတဲ့ မတူကွဲပြားတဲ့အရာတွေကို အပြန်အလှန်လေးစား အသိမှတ်ပြုနိုင်ဖို့အတွက် ပြုလုပ်ရခြင်းသာဖြစ်ပါတယ်။ ဥပမာတစ်ခုပြောရရင် အင်္ဂလန်မှာ လူမည်းတွေရဲ့ သမိုင်းအကြောင်းနဲ့ပတ်သက်တဲ့ အခမ်းအနားနေ့တွေ ကျင်းပပြုလုပ်လေ့ရှိပါတယ်။ အဲဒီလိုအခမ်းအနားကျင်းပလိုက်လို့လည်း အခမ်းအနားကိုလာတဲ့လူတိုင်းက လူမည်းဖြစ်သွားကြတယ်ဆိုတာဟာမျိုး တစ်ခါမှမကြားဖူးခဲ့ပါဘူး။ အဲဒါကြောင့် လိင်တူချစ်သူများ သမိုင်းအကြောင်းအခမ်းအနားနေ့ကို လာတက်လို့လည်း ဘယ်သူမှ လိင်တူချစ်သူဖြစ်သွားကြမှာ မဟုတ်ပါဘူး။ ကိုယ်မသိသေးတဲ့အရာတစ်ခုကို လေ့လာသင်ယူတယ်ဆိုတာ ကိုယ့်ဘဝတစ်ခုလုံးကြီးကို ပြောင်းလဲပစ်လိုက်ဖို့ ဆိုတဲ့ရည်ရွယ်ချက်မျိုး မဟုတ်ပါဘူး။ လေ့လာသင်ယူတယ်ဆိုတာ အဓိက ကတော့ ကိုယ်မသိသေးတဲ့အရာတစ်ခုကို ကောင်းကောင်းနားလည်သဘောပေါက် လက်ခံလာတတ်ဖို့ပါလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

 

Source: www.pinknews.co.uk

Comments
Add New Search
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More