သက်တံ့အယ်ဒီတာအဖွဲ့
ဖေဖော်ဝါရီ ၂၄၊ ၂ဝ၁ဝခုနှစ်

Q Magazine မျက်နှာဖုံးမှ Strap-onနှင့်လေဒီဂါဂါ
လိင်အင်္ဂါနှစ်ခုစလုံးပါလာတဲ့သူ(Intersex) ဖြစ်ပါတယ်ဆိုပြီးတော့ အင်တာနက်သတင်းတွေမှာ သို့လော သို့လောနဲ့ နာမည်ကြီးနေတဲ့ လေဒီဂါဂါတစ်ယောက် ဗြိတိန်အခြေစိုက် တေးဂီတမဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Q Magazine မှာ အပေါ်ပိုင်းဝတ်လစ်စလစ်ပုံနဲ့ ဓါတ်ပုံအရိုက်ခံပြီး သူမဝတ်ဆင်လျှက်ရှိတဲ့ လိင်တံအတုခါးပတ်အကြောင်းကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အဲဒီမဂ္ဂဇင်းမျက်နှာဖုံးပုံမှာလည်း အပေါ်ပိုင်းအင်္ကျီဗလာနှင့် အောက်ပိုင်းမှာ လိင်တံအတုဝတ်ဆင်ထားတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရမှာဖြစ်ပါတယ်။ သူမဝတ်ဆင်ထားတဲ့ လိင်တံအတုကို အင်္ဂလိပ်လို စထွက်-အွန်(strap-on)လို့ခေါ်ပြီး လိင်တံမရှိတဲ့သူတွေက လိင်ဆက်ဆံတဲ့အခါ ခါးပတ်လိုပတ်ပြီး အသုံးပြုတဲ့ လိင်တံအတုနဲ့တွဲလျှက် ခါးပတ်ပဲဖြစ်ပါတယ်။
လေဒီဂါဂါကတော့ အခုလိုသူမကို လိင်တံရှိတဲ့သူပါလို့ဆိုပြီး အင်တာနက်စာမျက်နှာမှာ ဟိုးလေးတကျော်ကျော်ပြောကြတဲ့ ကိစ္စနှင့်ပတ်သက်ပြီး “ကျမအကြောင်း လူတွေပြောပြီဆိုလို့ရှိရင် အမြဲတမ်းမပါမဖြစ်တဲ့ အကြောင်းအရာတစ်ခုကတော့ လိင်တံကြီးနဲ့ အဆိုတော်မဆိုပြီး ပြောပြောနေကြတာ။ ကဲ သူတို့က ရှိပါတယ်လို့ ဒီလောက်တောင်ပြောနေကျမှတော့ ကျမကလည်း သူတို့လိုချင်တာကို ပြရတော့တာပေါ့”လို့ ထုတ်ဖော်ပြောဆိုခဲ့သလို “ကျမက ကျမရဲ့ပူစီနားမှာ ဒီပစ္စည်းကြီးကိုဆွဲထားရတာကို ကြိုက်မှကြိုက်ပါပဲ။ ဒါကြောင့် အခုလိုဝတ်ထားတာပါ”လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

Strap-on Dildo

Source: http://advocate.com
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.