သက်တံ့အယ်ဒီတာအဖွဲ့
ဖေဖော်ဝါရီ ၂၅၊ ၂ဝ၁ဝခုနှစ်

မနေ့က အာဂျင်တီးနား(Argentinian)နိုင်ငံမှာ ဒုတိယမြောက် လိင်တူချစ်သူစုံတွဲရဲ့လက်ထပ်ပွဲကို တရားသူကြီးတွေက အသိအမှတ်ပြုပေးခဲ့တယ်လို့ အေအက်ဖ်ပီသတင်းဌာနက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပထမဦးဆုံးလက်ထပ်ခဲ့တဲ့စုံတွဲကတော့ လွန်ခဲ့တဲ့ ၂ဝဝ၉ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပခဲ့တာဖြစ်ပြီး လက်တင်အမေရိကနိုင်ငံတွေထဲမှာ ပထမဦးဆုံး လိင်တူချင်းလက်ထပ်ထိမ်းမြားသူများအဖြစ် နိုင်ငံတကာမှာ လူသိများခဲ့ပါတယ်။
အခုခါလက်ထပ်ထိမ်းမြားမယ့်စုံတွဲဟာ အာဂျင်တီးနားရဲ့မြို့တော် ယူရှုအိုင်း(Ushuaia)မြို့မှာ လက်ထပ်ကြတာဖြစ်ပါတယ်။ အဲဒီအပြင် ဒေသခံအစိုးရကလည်း အဲဒီလက်ထပ်ထိမ်းမြားပွဲကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလက်ခံအားပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ လက်ထပ်ထိမ်းမြားခဲ့တဲ့ လိင်တူချစ်သူစုံတွဲဟာ အိတ်ခ်ျအိုင်ဗွီ အသိပညာပေးလုပ်ငန်းတွေကို အားမေးအားမြှောက်ပြုတဲ့အနေနဲ့ အနီရောင်ဝတ်စုံကိုယ်စီဝတ်ဆင်ခဲ့ကြတယ်လို့ သိရပါတယ်။
လက်တင်အမေရိကနိုင်ငံတွေမှာ တရားဝင်လက်ထပ်ထိမ်းမြားနိုင်တဲ့ နောက်ထပ်မြို့တစ်မြို့ကို ပြောရမယ်ဆိုရင် မက္ကဆီကိုမြို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်မတ်လမှာမှသာ တရားဝင်အသက်ဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။
Source: http://www.pinknews.co.uk
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.