သက်တံ့အယ်ဒီတာအဖွဲ့
ဖေဖော်ဝါရီ ၂၅၊ ၂ဝ၁ဝခုနှစ်

Lindsay Lohan and Samantha Ronson
လင်ဆေးလိုဟန်(Lindsay Lohan)က သူမနှင့်အရင်က သမီးရည်းစားဖြစ်ခဲ့တဲ့ မိန်းကလေးသူငယ်ချင်း ဒီဂျေ စမန်သ ရွန်စန်(DJ Samantha Ronson)ရဲ့ ချစ်ခြင်းမေတ္တာကိုသာ ပြန်မရဘူးဆိုရင် ယောက်ျားလေးရည်းစားတွေဖက်ကို ဦးလှည့်လာတော့မယ်လို့ ဗြိတိန်အခြေစိုက် The Sun သတင်းဌာနကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ပြီးတော့ စမန်တာတယောက်တည်းသာ သူမရဲ့ဘဝမှာ ချစ်မြတ်နိုးရတဲ့ တဦးတည်းသော အမျိုးသမီးရည်းစားဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။ စမန်သနဲ့ လင်ဆေးလိုဟန်ကို စမန်သရဲ့မိဘတွေက ပါပါရာဇီဓါတ်ပုံသမားရဲ့ မျက်စိအောက်မှာ လှုပ်ရှားသွားလာနေရတဲ့ လင်ဆေးလိုဟန်ရဲ့နေထိုင်ပုံစရိုက်ကို သဘောမကျတဲ့အတွက်ကြောင့် လမ်းခွဲခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ လင်ဆေးလိုဟန်ဟာ တချိန်တခါက ဆယ်ကျော်သက်လူငယ်များအကြိုက် နာမည်ကျော်ကြားခဲ့တဲ့ ဟောလီးဝုဒ်ရုပ်ရှင်သရုပ်ဆောင်တယောက် ဖြစ်ခဲ့ပါတယ်။Mean Girls, Herbie: Fully Loaded, Just My Luck, ..... တို့လိုအစရှိတဲ့ရုပ်ရှင်ဇာတ်ကားများကို ကြည့်ခဲ့ဖူးမယ်ဆိုရင်တော့ လင်ဆေးလိုဟန်ကို ကောင်းကောင်းမှတ်မိကြဦးမှာပါ။

Lindsay Lohan

Source: advocate.com
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.