You are here: Home သတင်းဆောင်းပါး Hot News ၂ဝ၁ဝခုနှစ်ရဲ့ လိင်တူချစ်သူများအတွက် အကောင်းဆုံး လုပ်ငန်းခွင်ကုမ္ပဏီများ

၂ဝ၁ဝခုနှစ်ရဲ့ လိင်တူချစ်သူများအတွက် အကောင်းဆုံး လုပ်ငန်းခွင်ကုမ္ပဏီများ

E-mail Print PDF

သက်တံ့အယ်ဒီတာအဖွဲ့

ဖေဖော်ဝါရီ ၂၆၊ ၂ဝ၁ဝခုနှစ်

အမေရိကန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Human Rights Campaign Foundation (HRC)အဖွဲ့က ၂ဝ၁ဝခုနှစ် အမေရိကန်နိုင်ငံက လိင်တူချစ်သူများအခွင့်အရေးကိုလေးစားလိုက်နာပြီး လိင်တူချစ်သူတွေအပေါ် မျှမျှတတ တန်းတူဆက်ဆံတဲ့စီးပွားရေးကုမ္ပဏီပေါင်း ၃ဝ၅ ဖွဲ့ရဲ့ အမည်စာရင်းတွေကို ပြီးခဲ့တဲ့တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီကုမ္ပဏီတွေဟာ သူ့တို့ဆီမှာအလုပ်လုပ်နေတဲ့ လိင်စိတ်ခံယူမှုကွဲပြားတဲ့ အလုပ်သမားတွေရဲ့အခွင့်အရေးတွေကို ပြည့်ပြည့်ဝဝ လေးစားအသိမှတ်ပြုပေးတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင်အတွင်း လူမှုရေးကိစ္စနဲ့ ပတ်သက်တဲ့ ခံစားခွင့်၊ ကျန်းမာရေးနှင့်ပတ်သက်တဲ့ ပြုစုစောင့်ရှောက်ခံယူခွင့်၊ လုံခြုံသည့်လုပ်ငန်းခွင်အတွင်းမှာ တန်းတူဆက်ဆံခံရပိုင်ခွင့် စတဲ့အခွင့်အရေးတွေကို ဥပဒေနဲ့အညီ တိတိကျကျလေးစား အသိမှတ်ပြုပေးတယ်ဆိုတာကိုလည်း သိရပါတယ်။

ပြီးတော့ Human Rights Campaign Foundation (HRC)အဖွဲ့က နှစ်စဉ်နှစ်တိုင်း ကုမ္ပဏီတွေအားလုံးထဲကနေပြီး အမှတ်100ရာခိုင်းနှုန်းအပြည့်ရတဲ့ကုမ္ပဏီကို လိင်တူချစ်သူတွေအတွက် အကောင်းဆုံးလုပ်ငန်းခွင်ဆု(Best Places to Work for LGBT Equality)ဆိုတဲ့ဆုကို ချီးမြှင့်ပေးလေ့ရှိပါတယ်။

၂ဝ၁ဝခုနှစ်အတွက်တော့ Index Company ကရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။ Index Companyဟာ လိင်စိတ်ခံယူမှုကွဲပြားမှုအပေါ်အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေကို ဆန့်ကျင်တားမြစ်ထားတဲ့ပေါ်လစီကို ကုမ္ပဏီအတွင်းမှာသီးသန့် သတ်မှတ်ထားပေးတယ်လို့လည်း သိရပါတယ်။ နောက်ပြီး မတူကွဲပြားမှုကို နားလည်သဘောပေါက်လာစေမယ့် အသိပညာပေးသင်တန်းတွေကိုလည်း ကုမ္ပဏီအလုပ်သမားတွေကြားမှာ လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။

အဲဒီထက်မက လုပ်ငန်းရှာဖွေနေတဲ့ လိင်တူချစ်သူများကိုလည်း အလုပ်ရနိုင်မယ့်နည်းလမ်းတွေကို ကောင်းကောင်းမွန်မွန်ညွှန်ကြားပေးတဲ့ အစီအစဉ်တွေကိုလည်း ကုမ္ပဏီထဲမှာ စီစဉ်ဆောင်ရွက်ထားပေးတယ်လို့ သိရပါတယ်။ ဒီနှစ်စာရင်းထဲမှာပါတဲ့ နာမည်ကြီးကုမ္ပဏီတွေကတော့ အဝတ်အစားဖက်ရှင်ထဲကဆိုရင် Levis company, Nike companyတို့ဖြစ်ပြီး ဓါတ်ပုံမှာဆိုရင် Kodak company, အစားအသောက်မှာဆိုရင် Coca Cola company, Pepsi company ကွန်ပျူတာကုမ္ပဏီတွေထဲမှာဆိုရင် Apple company, ဆော့ဝဲကုမ္ပဏီတွေထဲမှာဆိုရင် Microsoft Word Company, ဖျော်ဖြေရေးကဏ္ဍမှာဆိုရင် Warner Company, တယ်လီဖုန်းကုမ္ပဏီမှာဆိုရင် AT&T company, Motorolar company စတဲ့ကုမ္ပဏီများပါဝင်တယ်လို့ သိရပါတယ်။

 

Source: http://www.hrc.org

Comments
Add New Search
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More