သက်တံ့အယ်ဒီတာအဖွဲ့
မတ်လ ၁ရက်နေ့၊ ၂ဝ၁ဝ ခုနှစ်

Harry Potter မင်းသားလေး Daniel Radcliffe
ကျနော်တို့ရဲ့အချစ်တော် ဟယ်ရီပေါ်တာဇာတ်လမ်းတွဲတွေထဲက ကလေးသရုပ်ဆောင်လေးတယောက်ဖြစ်တဲ့ ဒယ်နီရယ် ရတ်ခလစ်(Daniel Radcliffe)တယောက် မိမိကိုယ်ကိုအဆုံးစီရင်ဖို့ ကြံစည်ကြိုးစားလေ့ရှိတဲ့ လူငယ်လေးတွေကို အဲဒီလိုအဖြစ်ကနေကယ်တင်ဖို့အတွက် အမေရိကန်အခြေစိုက် ထရယ်ဗို ပရောဂျက်လို့ခေါ်တဲ့ လိင်တူချစ်သူလူငယ်လေးတွေကို အဲဒီလိုမျိုးအဖြစ်ဆိုးကနေ ခွန်အားပေးကယ်တင်လေ့ရှိတဲ့ အဖွဲ့အစည်းတခုရဲ့ ရုပ်မြင်သံကြားကြော်ငြာတခုကို လက်ခံရိုက်ကူးပေးခဲ့တယ်လို့ ဆိုပါတယ်။
ရတ်ခလစ်က လူတွေဘာဖြစ်လို့ လိင်တူချင်းချစ်တဲ့သူတွေအပေါ် မုန်းတီးမှုတွေဖြစ်နေရတာလဲဆိုတာကို သူ့အနေနဲ့ အရမ်းအံ့သြမိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့သလို သူကတော့ ငယ်ငယ်လေးကတည်း လိင်တူချင်းချစ်တဲ့ သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေအများကြီးနဲ့ ကြီးပြင်းခဲ့ရတဲ့အတွက် လူယောက်ျားမိန်းမတွေမှာ လိင်တူချင်းချစ်တတ်တဲ့သူတွေရှိသလို လိင်ကွဲချင်းချစ်တဲ့သူတွေလည်းရှိတယ်ဆိုတာကို သူ့အတွက်တော့ ငယ်ငယ်ကတည်းက ထွေထွေထူးထူး စဉ်းစားစရာမလိုဘူးလို့လည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
“ကျနော့်အနေနဲ့ အဲဒီလိုလိင်တူချင်းချစ်တဲ့သူတွေအပေါ် မုန်းတီးတဲ့သူတွေကို အရမ်းမုန်းတယ်၊ အခုတော့ အဲဒီလိုမုန်းတီးတာတွေကို ရှုံ့ချဖို့ အခွင့်အရေးက ကျနော့်လက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီပေါ့”လို့လည်း အေပီသတင်းဌာနကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အခုကြော်ငြာကို ပြီးခဲ့တဲ့သောကြာနေ့က ထရေးဗိုပရောဂျက်ရုံးချုပ်မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး လာမယ့်နွေးဦးပေါက်မှာ အမေရိကန်နိုင်ငံတဝှမ်းကို ထုတ်လွှင့်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
အခုလိုမျိုးလုပ်ဆောင်ချက်နဲ့ပတ်သက်လို့ ABCသတင်းဌာနမှ လာရောက်မေးမြန်းခဲ့ရာမှာတော့ “ဟယ်ရီပေါ်တာလို လူကြိုက်များတဲ့ ဇတ်လမ်းတွဲထဲက သရုပ်ဆောင်တယောက်က ခုလိုမျိုးလုပ်ငန်းမှာ ပူးပေါင်းပါဝင်တာဟာ အရမ်းကိုအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ရတာလို့ ကျနော်ကမြင်တယ်၊ ပြီးတော့ ဂေးမဟုတ်တဲ့သူတွေက ဂေးတွေအပေါ်မုန်းတီးတဲ့အရာတွေကို ဆန့်ကျင်တဲ့အကြောင်းပြောတာဟာ တော်တော်လေးအရေးပါသလို လိင်ကွဲချင်းချစ်တဲ့သူတွေကလည်း လိင်တူချင်းချစ်တဲ့သူတွေရဲ့အရေးကို ဂရုပြုအလေးထားကြောင်းကိုလည်း နားလည်သဘောပေါက်စေနိုင်ပါတယ်”လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
Source; www.advocate.com
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.