သက်တံ့အယ်ဒီတာအဖွဲ့
မတ်လ ၁ရက်နေ့၊ ၂ဝ၁ဝခုနှစ်

မာလဝီ(Malawi)နိုင်ငံမှာ အခြေစိုက်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူများရဲ့ ရုံးခန်းအတွင်း အပြာရုပ်ရှင် ဗွီဒီယိုအခွေများ ရှာဖွေတွေ့ရှိတဲ့အတွက် မာလဝီရဲများက သဘာဝနှင့်ဆန့်ကျင်သော လိင်ဆက်ဆံမှုတွေပါဝင်တဲ့ ဗွီဒီယိုဇာတ်လမ်းဖြစ်တဲ့အတွက်ကြောင့် မာလဝီနိုင်ငံရဲ့ ဥပဒေနဲ့ညိစွန်းတယ်ဆိုပြီး အဲဒီအဖွဲ့အစည်းထဲမှာလုပ်ကိုင်နေသော လိင်တူချစ်သူများလို့ထင်ရတဲ့လူတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ပြီးတော့ “အဆိုပါ လူ့အခွင့်အရေးလှုပ်ရှားသူများရဲ့ ရုံးချုပ်ကိုလည်း ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်”လို့ ပြင်သစ်သတင်းဌာနတစ်ခုဖြစ်တဲ့ Agence France Presse reports က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
“လောလောဆယ် အဓိကအရေးပါအရာရောက်တဲ့သူတွေကို ကျနော်တို့လိုက်ရှာနေတယ်။ အဲဒီထဲမှာ ဥပဒေကျွမ်းကျင်သူတွေ ပါဝင်တယ်။ ဓမ္မဆရာတွေ ပါဝင်တယ်။ ပညာတတ်တော်တော်များတယ်”လို့ မာလဝီရဲဌာနက ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်ချီဝါလီ(David Chingwalu)က အခုလိုထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မာလဝီနိုင်ငံဟာ လိင်တူဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတဲ့ အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် လိင်တူချစ်သူများအခွင့်အရေးအတွက် တရားမဝင်လှုပ်ရှားနေတဲ့ မြေအောက်အဖွဲ့အစည်းအတော်များများရှိနေကြောင်းလည်း သိရပါတယ်။ အဲဒီအဖွဲ့အစည်းတွေကို ရဲတွေက လိုက်လံရှာဖွေဖမ်းဆီးနေတာဖြစ်တယ်လို့လည်း သိရပြန်ပါတယ်။
မာလဝီနိုင်ငံမှာ မကြာသေးမှီကပဲ လိင်တူချင်းလက်ထပ်မှုနဲ့ အမျိုးသားနှစ်ယောက်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ဖူးတာ ဖြစ်ပါတယ်။ အဲဒီစုံတွဲက မကြာခင်မှာ လိင်တူဆက်ဆံသည့်ဥပဒေပြဌာန်းမှုဖြင့် ထောင်ဒဏ် ၁၄နှစ်ချမှတ်ခံရနိုင်တယ်လို့လည်း ပြင်သစ်သတင်းဌာနက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
source: advocate.com
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.