You are here: Home သတင်းဆောင်းပါး Hot News ဂုရာနနိုင်ငံရဲ့ ဆန့်ကျင်ဖက်လိင်လို ဝတ်စားဆင်ယင်သူများကို ဖမ်းဆီးသည့်ဥပဒေကို ဆန့်ကျင်ဆန္ဒပြ

ဂုရာနနိုင်ငံရဲ့ ဆန့်ကျင်ဖက်လိင်လို ဝတ်စားဆင်ယင်သူများကို ဖမ်းဆီးသည့်ဥပဒေကို ဆန့်ကျင်ဆန္ဒပြ

E-mail Print PDF

သက်တံ့အယ်ဒီတာအဖွဲ့

မတ်လ ၁ရက်နေ့၊ ၂ဝ၁ဝခုနှစ်

ဂုရာန(Guyana)နိုင်ငံမှာရှိတဲ့ ဆန့်ကျင်ဖက်လိင်လိုဝတ်စားဆင်ယဉ်နေထိုင်တဲ့ အမျိုးသားတစ်စုက မကြာသေးမှီကပဲ ဗဟိုတရားရုံးချုပ်မှာ ဆန့်ကျင်ဖက်လိင်ကဲ့သို့ ဝတ်စားဆင်ယဉ်တဲ့သူတွေကို လိုက်လံဖမ်းဆီးခွင့်ပြုထားတဲ့ ဥပဒေကို ကန့်ကွက်ဆန့်ကျင်ခဲ့ကြပါတယ်။ တောင်အမေရိကတိုက်မှာရှိတဲ့ ဂုရာနနိုင်ငံဟာ လိင်တူချင်းချစ်တဲ့သူဖြစ်ပါစေ ဘယ်သူတဦးတယောက်ကိုမှ ဆန့်ကျင်ဖက်လိင်လိုမျိုး ဝတ်စားဆင်ယင်ခွင့်မပြုပဲ ဥပဒေနဲ့ ပြင်းပြင်းထန်ထန် တားမြစ်ထားတယ်လို့လည်း ဆိုပါတယ်။

လွန်ခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဆန့်ကျင်ဖက်လိင်လို ဝတ်စားဆင်ယဉ်ထားတဲ့ အမျိုးသားခြောက်ယောက်ကို ရဲတွေကဖမ်းဆီးချုပ်နှောင်ထားခဲ့တဲ့အတွက် နိုင်ငံတကာက လူ့အခွင့်အရေးလှုပ်ရှားသူများရဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချမှုကိုလည်း ခံခဲ့ရတာဖြစ်ပါတယ်။ အဖမ်းခံခဲ့ရစဉ်ကပါဝင်ခဲ့တဲ့ အမျိုးသားတယောက်ကတော့ ကျမဘဝမှာ ဒီတခါလောက်ရှက်စရာကောင်းတာ တခါမှ မကြုံခဲ့ရဖူးဘူး။ စဉ်းစားကြည့်ပါဦး လူတွေအများကြီးရှေ့မှာ ဖမ်းတာလေ။ ရှက်ဖို့ကောင်းလိုက်တာ။ ကိုယ့်ကိုယ်ကို လူတယောက်လိုတောင် မခံစားနိုင်တော့ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အခုလို လိင်တူချစ်သူများအခွင့်အရေးတွက် လှုပ်ရှားသူများက အတူတကွပူးပေါင်းပြီး အဲဒီလိုဆန့်ကျင်ဖက်လိင်လို ဝတ်စားဆင်ယဉ်နေထိုင်တဲ့သူတွေကို တားမြစ်ထားတဲ့ဥပဒေကို ပယ်ဖျက်ပေးဖို့ရန်အတွက် ဗဟိုတရားရုံးချုပ်ကို အဆိုတင်သွင်းထားကြပေမယ့်လည်း တရားရုံးချုပ်က ဒီနေ့ဒီအချိန်ထိ တုံ့ပြန်ချက် တစုံတရာပြုလုပ်မှုမရှိသေးဘူးလို့ သိရပါတယ်။ ဆန့်ကျင်ဖက်လိင်လိုဝတ်စားဆင်ယဉ်နေထိုင်သူများအပေါ် တားမြစ်ထားတဲ့ဥပဒေ မပျောက်ပျက်စေရန်အတွက် ကျောထောက်နောက်ခံ အားပေးအားမြှောက်ပြုလုပ်ထားတဲ့ အဖွဲ့အစည်းတွေကတော့ ဂုရာနနိုင်ငံမှာ အင်အားအကြီးမားဆုံးဖြစ်တဲ့ ခရာစ်ယာန်၊ ဟိန္ဒူ နဲ့ မူဆလင်ဘာသာရေးခေါင်းဆောင်များ ဖြစ်ကြတယ်လို့သိရပါတယ်။ အဲဒီဘာသာရေးခေါင်းဆောင်များက အစိုးရအုပ်ချုပ်သူလူတန်းစားများနဲ့လည်း ပနံသင့်ကြကြောင်းကိုလည်း သိရပါတယ်။

Source: http://www.nytimes.com

 

Comments
Add New Search
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More