You are here: Home သတင်းဆောင်းပါး Hot News အယ်လင်ကို အမျိုးသမီးစွမ်းဆောင်ရှင်အဖြစ် အသိအမှတ်ပြုတဲ့ ကာတွန်းဇာတ်လမ်းထွက်ရှိ

အယ်လင်ကို အမျိုးသမီးစွမ်းဆောင်ရှင်အဖြစ် အသိအမှတ်ပြုတဲ့ ကာတွန်းဇာတ်လမ်းထွက်ရှိ

E-mail Print PDF

သက်တံ့အယ်ဒီတာအဖွဲ့

မတ်လ ၅ရက်၊ ၂ဝ၁ဝခုနှစ်

BlueWater လို့အမည်ရတဲ့ ကာတွန်းဇာတ်လမ်းတွေကို ထုတ်ဝေဖြန့်ချီတဲ့ ကုမ္ပဏီတစ်ခုက သူတို့ရဲ့ နောက်ထပ်ဌာနခွဲတစ်ခုဖြစ်တဲ့ သက်ရှိထင်ရှားရှိနေတဲ့ အမျိုးသမီးစွမ်းဆောင်ရှင်တွေရဲ့ ကာတွန်းဇာတ်လမ်းတွဲတွေကို တီထွင်ဖန်တီး ဖြန့်ချီထုတ်ဝေတဲ့ အစီအစဉ်မှာ လိင်တူချစ်သူအမျိုးသမီး တယောက်ဖြစ်တဲ့ အယ်လင်(Ellen DeGeneres)ကိုလည်း အမျိုးသမီးစွမ်းဆောင်ရှင်တယောက်အဖြစ် ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

မကြာသေးမှီကပဲ အယ်လင်ရဲ့ ဘဝသရုပ်ဖော်ကာတွန်းရုပ်ရှင်ဇာတ်လမ်းလေးကို စတင်ထုတ်ဝေဖြန့်ချီလိုက်ပြီလို့ သိရပါတယ်။ အဲဒီအမျိုးသမီးစွမ်းဆောင်ရှင်ဌာနက အရင်ကရွေးခဲ့တဲ့ အမျိုးသမီးစွမ်းဆောင်ရှင်တွေထဲမှာဆိုရင် အမေရိကန်နိုင်ငံအတွင်းရေးမှူးချုပ် ဟီလာရီ ကလင်တန်(Hillary Clinton)၊ လက်ရှိအမေရိကန်သမ္မတ အိုဘားမားရဲ့ဇနီး မီရှဲ အိုဘားမား(Michelle Obama)၊ အမေရိကန်သ္မတဟောင်း ဂျွန်အက်ဖ် ကနေဒီရဲ့ဇနီး ခဲရိုလင်း ကနေဒီ(Caroline Kennedy)၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ခွန်ဒိုရီဇာ ရွိုက်(Condoleezza Rice)၊ ဆီနေဒါ ဆာရာဖောလင်း(Sarah Palin)(ဖောလင်းက လိင်တူချင်းလက်ထပ်ခွင့်ကို ပြင်းပြင်းထန်ထန် ကန့်ကွတ်ဆန့်ကျင်ခဲ့ဖူးတဲ့ ဆီနေဒါတယောက်ဖြစ်ပါတယ်)၊ ဗြိတိန်နိုင်ငံရဲ့အချစ်တော် ဝေလမင်းသမီးဒိုင်ရာနာ(Princess Diana)၊ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲကိုရေးသားခဲ့တဲ့ စာရေးဆရာမ ဂျေ-ကေ-ရောလင်းနှင့် အခု ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူ ရုပ်သံတင်ဆက်သူ အယ်လင် ဒီဂျယ်နယ်ရို တို့ပဲဖြစ်ပါတယ်။

အယ်လင်ကိုအခုလိုရွေးချယ်လိုက်တာနဲ့ ပတ်သက်လို့ BlueWaterကုမ္ပဏီရဲ့ ဥက္ကဌက "အယ်လင်တယောက် ဘယ်လောက်အောင်မြင် ကျော်ကြားခဲ့တယ်ဆိုတာကို အသိအမှတ် မပြုချင်လို့ ရရင်သာနေမယ်။ ဒါပေမယ့် ဒီလိုအောင်မြင်ကျော်ကြားလာတာဟာ တစ်ရက်ထဲ တစ်ညထဲနဲ့ ရလာနိုင်ခဲ့တာ မဟုတ်ဘူးဆိုတာကို လူတွေသိစေချင်တယ်။ အယ်လင်ဟာအရမ်းကို ဂုဏ်ယူစရာကောင်းတဲ့ လိင်တူချင်းချစ်သူ အမျိုးသမီးတယောက်ပါ။ သူမဘဝတလျှောက်လုံး အခက်အခဲတွေ ဒုက္ခတွေ နိမ့်တလှည့် မြင့်တလှည့် တွေ့ကြုံခဲ့ရပေမယ့်လို့ သူ့ရဲ့ပွင့်ပွင့်လင်းလင်းလိင်တူချစ်သူတယောက်ရဲ့ ဘဝပုံရိပ်ကို ဘယ်တော့မှ အစွန်းထင်းခံဖုံးကွယ်မထားခဲ့ပါဘူး။ အဲဒီအချက်နဲ့တင် သူဟာ အမျိုးသမီးတွေထဲက အရည်အချင်းတွေနဲ့ပြည့်စုံတဲ့ အမျိုးသမီးစွမ်းဆောင်ရှင်တယောက် ဖြစ်တယ်ဆိုတာ လုံးဝပေါ်လွင်နေပါတယ် လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အယ်လင်၏ ဘ၀ကာတွန်းဇာတ်လမ်းထဲက ပုံရိပ်တချို့


အခုလိုမျိုး အမျိုးသမီးစွမ်းဆောင်ရှင်တွေအဖြစ် အရွေးချယ်ခံခဲ့ရတဲ့ အမျိုးသမီးတွေထဲမှာ အယ်လင်တယောက်ထဲပဲ လိင်တူချစ်သူဖြစ်ပါတယ်။

Source: www.advocate.com

Comments
Add New Search
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More