You are here: Home သတင်းဆောင်းပါး Hot News ဝါရှင်တန်မြို့တော်က လိင်တူချစ်သူများရဲ့အောင်ပွဲ

ဝါရှင်တန်မြို့တော်က လိင်တူချစ်သူများရဲ့အောင်ပွဲ

E-mail Print PDF

သက်တံ့အယ်ဒီတာအဖွဲ့

မတ်လ ၈ရက်၊ ၂ဝ၁ဝခုနှစ်

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ဒီစီ(Washington, D.C)ရှိ ပြည်နယ်အစိုးရအာဏာပိုင်များက လိင်တူချင်းလက်ထပ်ထိမ်းမြားနိုင်တဲ့ ဥပဒေကို လွန်ခဲ့တဲ့ မတ်လ ၃ရက်က အတည်ပြုပြဌာန်းလိုက်တယ်လို့ သိရပါတယ်။ အဲဒီမတိုင်ခင်မှာ လိင်တူချစ်သူများကို မုန်းတီးတဲ့သူတွေကတော့ အဲဒီဥပဒေအသက်မဝင်လာဖို့အတွက် အမေရိကန်နိုင်ငံဗဟိုတရားရုံးချုပ်အထိ တက်ရောက်အရေးဆိုဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ မတ်လ ၂ရက်နေ့မှာ ဗဟိုတရားရုံးချုပ်က ဆန့်ကျင်ကန့်ကွက်တဲ့ လျှောက်လဲချက်ကို ပယ်ချခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး မြို့တော်ဝါရှင်တန်က လိင်တူချင်းလက်ထပ်ထိမ်းမြားတာကို အတည်ပြုလိုက်တဲ့အတွက် ဝါရှင်တန်ဒီစီဟာ အမေရိကန်နိုင်ငံမှာ လိင်တူချင်းလက်ထပ်ခွင့်ကို အသိအမှတ်ပြုတဲ့ ဆဌမမြောက်ပြည်နယ်တစ်ခု ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ကျန်တဲ့ပြည်နယ်တွေကတော့ အိုင်အိုဝါ(Iowa)၊ မာဆာချူးဆက်(Massachusetts)၊ နယူးဟင်ဆီရာ(New Hampshire)၊ ဗားမောက်(Vermont) နဲ့ ကွန်နယ်တီးကပ်(Connecticut)မြို့တို့ပဲဖြစ်ပါတယ်။

ဝါရှင်တန်ပို့စ် သတင်းစာရဲ့ထုတ်ဖော်ပြောပြချက်အရဆိုလို့ရှိရင် အခုလို လိင်တူချင်းလက်ထပ်ခွင့်ကို အတည်ပြုလိုက်တယ်ဆိုရင်ပဲ လက်ထပ်ထိမ်းမြားဖို့အတွက် တန်းစီးနေတဲ့စုံတွဲပေါင်း ၁၅၁တွဲအထိရှိခဲ့တယ်လို့ ဆိုပါတယ်။

အပေါ်မှာပြထားတဲ့ပုံမှာတွေ့ရတာကတော့ နာမည်ကျော်ဟာသမယ်လေး မော်ဂန်မာဖီ(Morgan Murphy)ရဲ့ ချစ်ခြင်းမေတ္တာ၏အောင်ပွဲလို့ ရေးသားထားတဲ့ ဆိုင်းဘုတ်နဲ့ ထောင်ပြနေတာကို တွေ့ရမှာဖြစ်ပါတယ်။

Source: www.csmonitor.com

Comments
Add New Search
woofer   |118.172.91.xxx |2010-03-07 19:37:56
Don't Do This!
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More