သက်တံ့အယ်ဒီတာအဖွဲ့
မတ်လ ၈ရက်၊ ၂ဝ၁ဝခုနှစ်

ကက်သလစ်ပုဒ်ရဟန်းမင်းကြီးရဲ့ အရင်းနှီးဆုံးလူတယောက်လည်းဖြစ် သန့်ရှင်းတဲ့ဘုရားရှိခိုးကျောင်းမှာ ဝတ်ပြုကိုးကွယ်နေစဉ်အချိန်တွင် သန့်ရှင်းမြင့်မြတ်တဲ့ဂုဏ်တော်ကို သီဆိုရတဲ့အဆိုတော်တယောက်လည်းဖြစ်တဲ့ မစ္စတာ အိန်ဂျလို ဗာဒူချီ(Angelo Balducci)ကို လိင်တူချင်းဆက်ဆံသည့် ပြည့်တန်ဆာအမျိုးသားများနှင့် ပျော်ပါးမှုကြောင့် ဗာတီကန်ကရဲတွေဝင်ရောက်ဖမ်းဆီး အရေးယူခံထားရတယ်လို့ သိရပါတယ်။
မစ္စတာ အိန်ဂျလိုဟာ ဘုရားကျောင်းထဲမှာ တေးသီချင်းသီဆိုချီးမွှမ်းတဲ့အလုပ်ကို ၁၉နှစ်တိုင်တိုင်ထမ်းဆောင်ခဲ့တဲ့သူဖြစ်ပြီး အရေးကြီးတဲ့ ဧည့်သည်တော်တွေကို ပုဒ်ရဟန်းမင်းကြီးကိုယ်စား တွေ့ဆုံဧည့်ခံရတဲ့ သူတယောက်လည်းဖြစ်တယ်လို့ သိရပါတယ်။ လူဘိန်းစကားနဲ့ ပြောရမယ်ဆိုလို့ရှိရင် ပုဒ်ရဟန်းမင်းကြီးယုံကြည်အားထားရတဲ့ လူတယောက်ဖြစ်သလို ပုဒ်ရဟန်းမင်းကြီးအတွက် အားထားရတဲ့ လူကြီးလူကောင်း(Gentlemen to his holiness)တယောက်လို့လည်း ပြောလို့ရပါတယ်။
ကြာသပတေးနေ့က အီတလီနိုင်ငံမှာထုတ်ဝေတဲ့ လာ လွီပါပလီကာ(La Repubblica)လို့ အမည်ရတဲ့ သတင်းစာမှာတော့ မစ္စတာအိန်ဂျလိုရဲ့ လိင်တူချင်းဆက်ဆံတဲ့ ပြည့်တန်ဆာတွေနဲ့ တိတ်တဆိတ်ချိန်းတွေ့ ပျော်ပါးတဲ့သတင်းကို ခေါင်းကြီးပိုင်းနဲ့ကို ကြီးကြီးကျယ်ကျယ်ဖော်ပြထားကြတယ်လို့ ဆိုပါတယ်။
မစ္စတာ အိန်ဂျယ်လိုအတွက် လိင်တူပြည့်တန်ဆာတွေကို တိတ်တဆိတ်ခေါ်ပေးလေ့ရှိတဲ့ မစ္စတာအေဟင်း(Ehiem)ရဲ့ ထုတ်ဖော်ပြောဆိုချက်အရ “သူခေါ်ပေးခဲ့တဲ့အမျိုးသားပေါင်း ၁ဝယောက်ကျော်တယ်”လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီထဲမှာ တချို့က နာမည်ကြီး မော်ဒယ်သရုပ်ဆောင်တွေပါသလို ရပ်ပီဘောလုံးအားကစားသမားတွေလည်း ပါဝင်တယ်လို့သိရပါတယ်။ အဲဒီလိုယောက်ျားလေးတွေကို ခေါ်ခိုင်းတာနဲ့ပတ်သက်လို့ မစ္စတာအိန်ဂျယ်လိုက သူ့အနေနဲ့ အိမ်ထောင်သည်တယောက် ဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စကို ပိုပြီးသတိရှိရှိနဲ့ ပြုလုပ်ပေးဖို့ရန်အတွက် မစ္စတာအေဟင်းကို ပန်ကြားခဲ့တယ်လို့လည်း ဆိုပါတယ်။ များသောအားဖြင့် ခေါ်ပေးလေ့ရှိတဲ့ အမျိုးသားတွေက ပလမ်းနက် အိတ်စ်ကွတ်(Planet Escort)လို့ခေါ်တဲ့ အွန်လိုင်းနက်ခ်ဝ တစ်ခုကဖြစ်တယ်လို့လည်း သိရပါတယ်။ တခါခေါ်ပေးလို့ရှိရင် မစ္စတာအိန်ဂျယ်လိုက သူ့ကို ယူရို၅ဝကနေ ၁ဝဝကြားပေးတယ်လို့လည်း အေဟင်းက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
လိင်တူချင်းစုံမက်တာကို ပြင်းပြင်းထန်ထန်ကန့်ကွက်လေ့ရှိတဲ့ ဗာတီကန်မြို့တော်က လိင်တူချင်းတိတ်တဆိတ်လိင်ဆက်ဆံတဲ့ အမှုခင်းနဲ့ပတ်သက်တဲ့သတင်းတွေထဲမှာ ဒီတခါထွက်ပေါ်လာတဲ့ မစ္စတာအိန်ဂျလိုရဲ့ တိတ်တိတ်ပုန်းအရှုပ်တော်ပုံဟာ ဗာတီကန်ရဲ့ဂုဏ်သိက္ခာကို ကြီးကြီးမားမားထိခိုက်စေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီအပြင် ဘုရားကျောင်းထဲက အဆောင်တွေမှာ အသက်မပြည့်တဲ့ ကလေးသူငယ်တွေကို လိင်ဆက်ဆံတဲ့အမှုနဲ့လည်း ဘာသာရေးဝန်ထမ်းတွေ မကြာခဏဆိုသလို စွတ်စွဲအရေးယူခံရတာလည်း ရှိခဲ့ဖူးပါတယ်။
ကက်သလစ်ဘာသာအရဆိုရင် လိင်တူချင်းဆက်ဆံတာဟာ သဘာဝတရားကိုဆန့်ကျင်တာဖြစ်ပြီးတော့ ကြီးလေးတဲ့ပြစ်မှုတရပ်ဖြစ်တယ်ဆိုတာကို ပုဒ်ရဟန်းမင်းကြီးက အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုခဲ့ဖူးတာ ဖြစ်ပါတယ်။
Source: http://news.bbc.co.uk
www.pinknews.co.uk
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.