You are here: Home သတင်းဆောင်းပါး Hot News လိင်တူချစ်သူတွေကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ လိင်တူချစ်သူအမတ်တယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်

လိင်တူချစ်သူတွေကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ လိင်တူချစ်သူအမတ်တယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်

E-mail Print PDF

သက်တံ့အယ်ဒီတာအဖွဲ့

မတ်လ ၉ရက်နေ့၊ ၂ဝ၁ဝခုနှစ်

Roy Ashburn

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆာကာမင်တို(Sacramento)ရပ်က စီနိတ်တာ ရွိုင်အက်ရှ်ဘန်း(Roy Ashburn)က သူ့ကိုယ်သူလိင်တူချစ်သူပါလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အက်ရှ်ဘန်းအခုလို ထုတ်ဖော်ပြောဆိုလိုက်ရတာဟာ သူ့ကိုတိတ်တဆိတ် တခြားယောက်ျားလေးအဖော်တယောက်နဲ့ ဂေးနိုက်ကလပ်တစ်ခုမှာ တွေ့လိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတဲ့နောက်ပိုင်း စိတ်ကမူးရှူးထိုးဖြစ်ပြီး အရက်အလွန်အကျွံသောက်ကားမောင်းမှုနဲ့ အဖမ်းခံရတဲ့နောက်ပိုင်းမှာမှ အခုလိုထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

အက်ရှ်ဘန်းဟာ အသက်၅၅နှစ်ရှိပြီး ကလေး လေးယောက်ရဲ့ဖခင်ဖြစ်တယ်လို့လည်း သိရပါတယ်။ အက်ရှ်ဘန်းဟာ သူ့ရဲ့စီနိတ်တာဘဝတလျှောက်လုံး လွန်ခဲ့တဲ့၁၄နှစ်တိုင်တိုင် ကာလီဖိုးနီးယားပြည်နယ်ရဲ့ လိင်တူချစ်သူများအခွင့်အရေး လှုပ်ရှားသူများကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချခဲ့တဲ့ သူတယောက်လည်းဖြစ်ပါတယ်။ အဲဒီအပြင် ကယ်လီဖိုးနီးယားပြည်နယ်မှာ Harvey Milkရဲ့အထိမ်းအမှတ်နေ့ကို သတ်မှတ်မယ်လို့ စီနိတ်မှာ အခြေအတင်ပြောဆိုကြတုန်းက အဲဒီနေ့ရက်ကို မသတ်မှတ်ဖို့အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တဲ့ သူတယောက်အနေနဲ့လည်း လူသိများတာဖြစ်ပါတယ်။

အက်ရှ်ဘန်းဟာ ရှေးရိုးစွဲအမြင်တွေကို လက်ခံကျင့်သုံးသူတွေအများစုပါဝင်တဲ့ လွီပါပလီကန်ပါတီ(Republican)မှာ အမတ်တယောက်အဖြစ်နဲ့ လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့လိင်စိတ်ခံယူမှုနဲ့ပတ်သက်လို့ ကျနော်က ဂေး ပါ။ ဒါပေမယ့် ကျနော်လွန်ခဲ့တဲ့ ဘဝတလျှောက်လုံးမှာ ဒီဂေးဆိုတဲ့စကားလုံးကြောင့် ကျနော့်ဘဝတော်တော်ကို အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒါကြောင့် အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းကို ကျနော်အခုလိုအမှန်တိုင်း ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ကျနော့်ကို မဲပေးရွေးချယ်ခဲ့တဲ့သူတွေအနေနဲ့လည်း ကျနော်ဂေးဖြစ်နေတာက ကျနော့်ဘဝရဲ့အလုပ်အကိုင်နဲ့ ဘယ်လိုမှ မပတ်သက်ဘူးဆိုတာကို နားလည်သဘောပေါက်ကြပါလိမ့်မယ်လို့ သူကအခုလို တွတ်ရှိုးတစ်ခုမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ရှိ လိင်တူချစ်သူများအခွင့်အရေးတွက် လုပ်ဆောင်နေတဲ့ အီကွဲလတီးကယ်လီဖိုးနီးယား(Equality California)အဖွဲ့ကတော့ အက်ရှ်ဘန်းရဲ့လုပ်ဆောင်နိုင်မှုက သုညဒီဂရီအောက်ကိုရောက်သွားပြီလို့ မှတ်ချက်ချခဲ့ကြပါတယ်။ ဒါပေမယ့်လို့ အဲဒီအဖွဲ့ရဲ့ ဒါရိုက်တာကတော့ အက်ရှ်ဘန်းအနေနဲ့ အခုလိုပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလိုက်တဲ့ အတွက်ကြောင့် သူ့အနေနဲ့ ဘက်ပြောင်းသွားတဲ့ မဲတွေကို တဖတ်သတ်ကနေပြန်လည်ရရှိနိုင်တဲ့ အလားအလာကောင်းပါပဲ။ ဆိုလိုတာက လိင်တူချစ်သူအခွင့်အရေးတွေကို ထောက်ခံတဲ့သူတွေက သူအခုလို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလိုက်တဲ့ အတွက်ကြောင့် သူ့ကို မဲပေးဖို့ ပိုများလာနိုင်သလို အရင်က သူ့ကိုမဲပေးခဲ့တဲ့ လွီပါပလီကန်လူတွေဆီက မဲတော့ ဆုံးရှုံးရတော့မှာပါလို့ ပြောဆိုခဲ့ပါတယ်။

လောလောဆယ်မှာတော့ အက်ရှ်ဘန်းတယောက် ဘယ်အစိုးရအလုပ်ရုံးဌာနမှာမှ မလုပ်တော့ဘူးလို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပြီးတော့ ၁၄နှစ်တာကာလပတ်လုံး လိင်တူချစ်သူတွေ အခွင့်အရေးတွေကို ဆန့်ကျင် ကန့်ကွက်ခဲ့တာနဲ့ပတ်သက်လို့ သူရဲ့အမြင်သဘောထားကို ကျနော်အမတ်တယောက် ဖြစ်လာတယ်ဆိုရင်ပဲ ကျနော်စိတ်ထဲမှာ ခံယူထားတာက ကျနော့်ကို မဲပေးလိုက်တဲ့သူတွေရဲ့ သဘောဆန္ဒက ကျနော့်ဆီမှာတထပ်တည်းပါလာတယ်လို့ ကျနော်ခံယူတယ်။ အဲဒီသူတွေရဲ့ဆန္ဒကို ကျနော်ရုံးမှာ ရှိနေသမျှကာလပတ်လုံး အကောင်အထည်ဖော် လုပ်ဆောင်ပေးဖို့ကလည်း ကျနော့်မှာတာဝန်ရှိတယ်လို့ လုံးဝလက်ခံယုံကြည်တယ်။ ဒါကြောင့် သူတို့ရဲ့အဘောဆန္ဒအရ ကျနော် ဆန့်ကျင်ကန့်ကွက် ခဲ့တဲ့အရာတွေ အများကြီးပါပဲ။ ဒါပေမယ့် အခုလိုဆန့်ကျင်ခဲ့ပေမယ့် အဲဒါတွေဟာ ကျနော့်ရဲ့ကိုယ်ပိုင်စိတ်ဆန္ဒသဘောထားနဲ့ ဘာမှမပတ်သက်ခဲ့ပါဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ခရာစ်ယာန်ဘာသာကို ကိုးကွယ်ယုံကြည်တဲ့သူတယောက်ဖြစ်တဲ့အတွက် အခုလောလောဆယ် ဒုက္ခအခက်အခဲ ကြုံနေရတဲ့အချိန်မှာ သူ့အတွက်ဝိုင်းဝန်းဆုတောင်းပေးကြပါလို့ ပြောဆိုခဲ့ပါတယ်။

Source: http://www.365gay.com

Comments
Add New Search
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More