You are here: Home သတင်းဆောင်းပါး Hot News လာမယ့်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဗြိတိန်နိုင်ငံရဲ့ ပွင့်ပွင့်လင်းလင်းလိင်တူချစ်သူ အမတ်လောင်းများ

လာမယ့်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဗြိတိန်နိုင်ငံရဲ့ ပွင့်ပွင့်လင်းလင်းလိင်တူချစ်သူ အမတ်လောင်းများ

E-mail Print PDF

သက်တံ့အယ်ဒီတာအဖွဲ့

မတ်လ ၉ရက်နေ့၊ ၂ဝ၁ဝခုနှစ်

Top row, from left: Greg Barker, Alan Duncan, Nick Herbert, and David Gold;

bottom, from left: Nick Boles, Iain Stewart, Mark Coote, and Nick King

ဗြိတိန်နိုင်ငံမှာ ရှေးရိုးစွဲယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာတွေကို လက်ခံကျင့်သုံးတဲ့ ကွန်ဆာဗေးတစ်ပါတီ(Conservative Party)က သူတို့ရဲ့ နိုင်ငံရေးပါတီကနေ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ယောက်ယှဉ်ပြိုင်မယ့် လိင်တူချစ်သူပါတီအဖွဲ့ဝင်များရဲ့ နာမည်စာရင်းတွေကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။ သူတို့ပါတီထဲမှာ လိင်တူချစ်သူစုစုပေါင်း အယောက်၂ဝရှိတဲ့အထဲက ၁၁ယောက်ရဲ့နာမည်ကိုတော့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ကြေညာပေးခဲ့တယ်လို့ လန်ဒန်အခြေစိုက် မေးအွန်ဆန်းဒေး(Mail on Sunday) သတင်းစာက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အခုလောလောဆယ်မှာတော့ ကွန်ဆာဗေးတစ်ပါတီမှာ ပွင့်ပွင့်လင်းလင်းလိင်တူချစ်သူတွေအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အမတ် သုံးယောက်ရှိပါတယ်။ သူတို့တွေကတော့ ဂရက်ဘက်ခါ(Greg Barker)၊ အယ်လင်ဒန်ကန်(Alan Duncan) နဲ့ နခ် ဟားဗက်(Nick Herbert)တို့ ဖြစ်ပါတယ်။ ဟားဗက်ရဲ့ထုတ်ဖော်ပြောဆိုချက်အရတော့ လာမယ့်ရွေးကောက်ပွဲမှာ တကယ်လို့ သူတို့ပါတီကသာ အနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင် အစိုးရရုံးမှာ လိင်တူချစ်သူအမတ်ပေါင်း ၁၅ယောက်တိတိကို ရွေးချယ်ခန့်အပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကွန်ဆာဗေးတစ်ပါတီက လာမယ့်ရွေးကောက်ပွဲမှာ လိင်တူချစ်သူများရဲ့ ပါဝင်ရွေးချယ်ခံမှုကို ကောင်းကောင်းမွန်မွန် သတိထား အသိအမှတ်ပြုခဲ့ယုံသာမကပဲ မတူကွဲပြားတဲ့လူမျိုးစုတွေကို ပါဝင်ရွေးချယ်ခံနိုင်ခွင့်နဲ့ အမျိုးသမီးတွေအနေနဲ့ ပါဝင်ရွေးချယ်ခံပိုင်ခွင့်အတွက်ကိုပါ အချိုးကျကျစနစ်တကျနဲ့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဟားဗက်က မှန်ကန်တယ် တိကျတယ် တရားမျှတတာကို လုံးဝလက်ခံကျင့်သုံးတဲ့ နိုင်ငံရေးပါတီဆိုလို့ရှိရင် မတူကွဲပြားတဲ့ လူတွေအားလုံးရဲ့ ကိုယ်စားပြုမှုနဲ့ ပါဝင်အရွေးချယ်ခံပိုင်ခွင့်တို့ကို လေးလေးစားစား လက်ခံအသိအမှတ်ပြုထားရမှာဖြစ်တယ်။ တကယ်လို့ ကျနော်တို့ပါတီကနိုင်မယ်ဆိုရင်တော့ လောလောဆယ်မှာ အမျိုးသမီးတွေအတွက် ပါဝင်ခွင့်ကို ၉၉နေရာ၊ လူမည်းနဲ့ အခြားလူနည်းစုတွေအတွက်ကတော့ ၁၆ယောက်စာ၊ လိင်တူချစ်သူအမတ်နေရာအတွက်ကတော့ ၁ဝယောက်စာ ကျနော်တို့ရွေးချယ်ထားပြီးသားဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

 

Source:http://advocate.com

Comments
Add New Search
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More