သက်တံ့အယ်ဒီတာအဖွဲ့
မတ်လ ၉ရက်နေ့၊ ၂ဝ၁ဝခုနှစ်

Sean Hayes
ဒီတပတ်အတွင်း ဂေးမဂ္ဂဇင်းတွေနဲ့ အင်တာနက်စာမျက်နှာတွေမှာ Hit ဖြစ်နေတဲ့သတင်းတစ်ခုကတော့ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ် ကတည်းက သို့လော... သို့လောနဲ့ တိတ်တဆိတ်နာမည်ထွက်နေတဲ့ နာမည်ကြီးရုပ်သံဇာတ်လမ်းတစ်ခုဖြစ်တဲ့ ဝေးအင်ဂရိတ်စ်(Will & Grace)ဇာတ်ကားထဲက မင်းသားရွှန် ဟေးရက်စ်(Sean Hayes)တယောက် မိမိကိုယ်ကိုယ် လိင်တူချစ်သူပါလို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလာခဲ့တဲ့ သတင်းပဲဖြစ်ပါတယ်။
အသက် ၃၉နှစ်ရှိပြီဖြစ်တဲ့ ဟေးရက်စ်ဟာ လွန်ခဲ့တဲ့ ၄နှစ်က အမေရိကန်နိုင်ငံအခြေစိုက် လိင်တူချစ်သူတွေရဲ့ ရှေ့ဆောင်မဂ္ဂဇင်းတိုက် အက်ဗိုကိတ်(Advocate)နဲ့ သူ့ရဲ့လိင်စိတ်ခံယူမှုကို ဖုံးကွယ်ထားမှုနဲ့ပတ်သက်ပြီး အပြန်အလှန်ညဉ်းခုံခဲ့ဖူးကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဟေးရက်စ်တယောက် အယ်ဗိုကိတ်မဂ္ဂဇင်းမှာပဲ သူ့ရဲ့လိင်စိတ်ခံယူမှုကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

Advocate Magazine မျက်နှာဖုံးပုံမှ Sean Hayes

ဟေးရက်စ်တယောက်ဟာ ဝေးအင်ဂရိတ်စ်(Will & Grace)ထဲမှာလည်း ဂျက်(Jack)ဆိုတဲ့ ဂေးဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဟေးရက်စ်က သူ့ရဲ့လိင်စိတ်ခံယူမှုကို အခုလိုပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုရတာနဲ့ပတ်သက်ပြီး “ကျနော်က ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကိုယ် မလိမ်ခဲ့ပါဘူး။ ဘယ်တော့မှ ဟန်ဆောင်ပြီးတော့လည်း မနေခဲ့ပါဘူး။ ဒီနေ့လည်းကျနော်ပဲ၊ မနက်ဖြန်လည်း ကျနော်ပဲ”လို့ ပြောဆိုခဲ့ပါတယ်။
ပြီးတော့ “ကျနော့်ရဲ့ကိုယ်ရေးကိုယ်တာဘဝကို ကျနော်ကအေးအေးဆေးဆေးပဲ နေချင်တဲ့သူတယောက်ပါ။ အဲဒါကြောင့်လည်း ကျနော်ချစ်တဲ့သူတယောက်တည်းနဲ့ပဲ ဒီနေ့အထိ အတူနေထိုင်ခဲ့တာပါ။ တချို့လူတွေနေသလို ရည်းစားတွေအများကြီးနဲ့ ကျနော်မနေတတ်ဘူး။ ကျနော့်ဘဝကို အေးအေးဆေးဆေး နေရတာပဲကြိုက်တယ်။ ဥပမာပြောရမယ်ဆိုရင် ကျနော်နေနေတဲ့ပုံစံက အသက် ၈၅နှစ်အရွယ် အဖိုးကြီးတယောက်ရဲ့ ဘဝလိုမျိုးပါပဲ။ ဒါပေမယ့် အဲဒီဘဝကိုကျနော်ကျေနပ်တယ်။ သိပ်ကြည်နူးဖို့ ကောင်းပါတယ်”လို့ သူ့ရဲ့လိင်စိတ်ခံယူမှုနဲ့ပတ်သက်လို့ အခုလိုထပ်လောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

Source: http://www.boston.com
advocate.com
www.usmagazine.com
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.