You are here: Home သတင်းဆောင်းပါး Hot News လိင်တံအရေပြားလှီးဖြတ်ထားရင် အိတ်ခ်ျအိုင်ဗွီရောဂါ ကူးစက်နိုင်မှု လျော့နည်းနိုင်တယ်ဆိုတဲ့ သုတေသနပြုလုပ်ချက် လုံးဝမှားယွင်းကြောင်း ထုတ်ပြန်ကြေညာ

လိင်တံအရေပြားလှီးဖြတ်ထားရင် အိတ်ခ်ျအိုင်ဗွီရောဂါ ကူးစက်နိုင်မှု လျော့နည်းနိုင်တယ်ဆိုတဲ့ သုတေသနပြုလုပ်ချက် လုံးဝမှားယွင်းကြောင်း ထုတ်ပြန်ကြေညာ

E-mail Print PDF

သက်တံ့အယ်ဒီတာအဖွဲ့

မတ်လ ၁ဝရက်၊ ၂ဝ၁ဝခုနှစ်

မကြာသေးမှီက အာဖရိကနိုင်ငံမှာ သုတေသနပြုလုပ်ခဲ့တဲ့ အမျိုးသားတွေရဲ့လိင်အင်္ဂါမှာ အရေပြားလှီးဖြတ်ထားမယ်ဆိုရင် အိတ်ခ်ျအိုင်ဗွီရောဂါကူးစက်နိုင်မှု လျှော့နည်းနိုင်တယ်ဆိုတဲ့ သုတေသနပြုလုပ်ချက်က လုံးဝမမှန်ကန်ကြောင်းကို အမေရိကန်နိုင်ငံ ကူးစက်ရောဂါများထိန်းချုပ်ရေး ဗဟိုဌာနချုပ်(U.S. Centers for Disease Control)က ထုတ်ပြန်ကြေညာခဲ့တယ်လို့ ရီတာ(Reuters)ကျန်းမာရေးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီထုတ်ပြန်ကြေညာချက်ထဲမှာ ပြောဆိုထားတာကတော့ အနောက်နိုင်ငံက အမျိုးသားတွေအတွက်ဆိုရင် အရင်ကလေ့လာတွေ့ရှိချက်ဟာ ပိုလို့တောင်မမှန်ကန်ဘူးလို့ ဆိုပါတယ်။ စီဒီစီဌာနက အမေရိကန်၊ ကနေဒါ၊ နယ်သာလန် စတဲ့နိုင်ငံတွေမှာရှိတဲ့ အမျိုးသားပေါင်း ၄၉ဝဝကျော်အပေါ် သုံးနှစ်ကြာသုတေသနပြုလုပ်ချက်အရ အရေပြားလှီးထားခြင်း မလှီးထားခြင်းဟာ အိတ်ခ်ျအိုင်ဗွီကူးစက်မှုကို ကာကွယ်နိုင်ဖို့ ဘယ်လိုကာကွယ်မှုမျိုးကိုမှ မပေးနိုင်ဘူးလို့ဆိုပါတယ်။

အရင်တခေါက်က သုတေသနပြုလုပ်ချက်မှာ ထုတ်ပြန်ကြေညာထားတာကတော့ တကယ်လို့ အမျိုးသား လိင်အင်္ဂါ ထိပ်မှာရှိတဲ့ အရေပြားဆဲလ်တွေထဲကနေပြီး အိတ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်တာလွယ်ကူတယ်လို့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လို့ စီဒီစီရဲ့ထုတ်ပြန်ကြေညာချက်မှာကတော့ အဲဒီဆဲလ်တွေကြောင့် ရောဂါကူးစက်နိုင်တယ်ဆိုတာ ခိုင်လုံမှုမရှိနိုင်ပဲ အရေပြားလှီးထားပေမယ့် လိင်တံမှာရှိတဲ့ တခြားဆဲလ်တွေကနေလည်း ကူးစက်လာနိုင်သလို အိတ်ခ်ျအိုင်ဗွီပိုးကူးစက်လာနိုင်စေတဲ့ အဓိကအကြောင်းအရင်းဟာ အဲဒီ ဆဲလ် တစ်ခုတည်းကြောင့်မဟုတ်ပဲ တခြားအကြောင်းအရာတွေအများကြီး ရှိနေသေးကြောင်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။

ပြီးတော့ အထူးသဖြင့်အနောက်နိုင်ငံတွေမှာ အိတ်ခ်ျအိုင်ဗွီကူးစက်မှုကို လျှော့နည်းအောင် တားဆီးထားနိုင်တယ်ဆိုတာ အရေပြားလှီးထားတဲ့ အတွက်ကြောင့်မဟုတ်ပဲ ခုခံမှုအားကောင်းတဲ့ ကာကွယ်ဆေးတွေ သုံးစွဲထားနိုင်လို့သာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အထူးသဖြင့် ဂေးတွေအတွက်ဆိုလို့ရှိရင် အရေပြားလှီးထားခြင်း မလှီးထားခြင်းက ဘာမှထူးခြားမှုမရှိဘူးလို့ ဆိုကြပါတယ်။ ဘာဖြစ်လို့လည်းဆိုလို့ရှိရင် လိင်တူဆက်ဆံတဲ့သူအများစုဟာ လိင်ဆက်ဆံတာကို နည်းလမ်းမျိုးစုံနဲ့ ဆက်ဆံတတ်ကြတာဖြစ်သလို တချို့သူတွေက စအိုနဲ့လက်ခံဆက်ဆံတာဖြစ်တဲ့အတွက်ကြောင့် အရေးပြားလှီးထားခြင်း မလှီးထားခြင်းက ဘာမှအကျိုးသက်ရောက်မှုမရှိဘူးလို့လည်း ဆိုကြတာဖြစ်ပါတယ်။

Source: http://advocate.com

http://fridae.com/newsfeatures/2010/02/10/9650.me-and-my-foreskin-about-hiv-prevention-circumcision-and-anal-sex?n=sec

 

Comments
Add New Search
Christ   |118.172.6.xxx |2010-03-10 00:54:14
ဒီထဲမှာရေးထားတဲ့ ပုံစံကိုကြည့်ရတာ အရမ်းကို တစ်ဖက်သ တ်ဆန်နေပါတယ်။ အထူးသဖြင့် လိင်
တူဆက်ဆံတဲ့ သူတွေအကြော င်းကိုရေးထားတာပေါ့။ စအိုနဲ့ လိင်ဆက်ဆံတဲ့ အခါကူးစက်မှုကို
ဒီ article ထဲ ဆွဲထည့်လို့ မရပါဘူး။ ဒီလေ့လာမှုက လိင်တံနဲ့ ပါတ်သက်တဲ့ လေ့လာမှုပါ။ ဒ
ါ့အပြင် လိင်တံ ထိပ်ဖျားကို ဖြတ်ထားတဲ့ လူတွေအတွက် အကျိုးရလဒ်ကတော့ လိင်တံမှာ ဖြစ
်တတ်တဲ့ အနာတွေကို သေသေချာချာ သိနိုင် လို့ ကြိုတင်ကာကွယ်မှုမှာ ပိုလွယ်ကူပါတယ်။ ဥပမ
ာ မိမိ လိင်တံမှာ အနာဖြစ်နေတာကို သိတဲ့ ယောင်္ကျားတစ်ယောက်က လိင်ဆက်ဆံရာ ကွန်ဒုံးသံ
ုးဖို့ဆိုတဲ့ အသိဝင်လာပါတယ်။ ဒါကြောင့် ဒီ article ရဲ့ credulousness ကို စဉ်းစားဖ
ို့လိုပါတယ်။ CDC ကို cite လုပ်ထားပေမဲ့ source site ကတော့ ယုံကြည်ရတဲ့ ဆိုဒ်တစ်ခ
ုမဟုတ်ပါဘူး။
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More