You are here: Home သတင်းဆောင်းပါး Hot News ကျူးဘားနိုင်ငံမှာလည်း လိင်ပြောင်းလဲခွဲစိတ်တာကို ခွင့်ပြုတော့မည်

ကျူးဘားနိုင်ငံမှာလည်း လိင်ပြောင်းလဲခွဲစိတ်တာကို ခွင့်ပြုတော့မည်

E-mail Print PDF

သက်တံ့အယ်ဒီတာအဖွဲ့

မတ်လ ၁၁ရက်၊ ၂ဝ၁ဝခုနှစ်

Mariela Castro

ကျူးဘား(Cuba)နိုင်ငံက လိင်ပြောင်းလဲခွဲစိတ်ချင်တဲ့ အမျိုးသမီးတွေ အမျိုးသားတွေကို လိင်ပြောင်းလဲခွဲစိတ်ခွင့်ပြုတော့မယ်လို့ ကျူးဘားသမ္မတ ရာဟူး ကပ်စ်ထရို(Raul Castro)ရဲ့သမီး အာဏာရှင်ခေါင်းဆောင်ဟောင်း ဖီဒယ် ကပ်စ်ထရို(Fidel Castro)ရဲ့မြေး မယ်ရီလ ကပ်စ်ထရို(Mariela Castro)က မနေ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီလို လိင်ပြောင်းလဲခွဲစိတ်နိုင်ဖို့အတွက် စတင်လမ်းဖွင့်ပေးခဲ့တာက လွန်ခဲ့တဲ့ ၂ဝဝ၈ခုနှစ်ကတည်းက ဖြစ်တယ်လို့သိရပါတယ်။ ကျူးဘားနိုင်ငံမှာ လိင်ပြောင်းလဲခွဲစိတ်တာကို ၁၉၈၈ခုနှစ်ကတည်းက တရားဝင်တားမြစ်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်က ကျူးဘားနိုင်ငံအစိုးရကနေပြီး အမျိုးသမီး အမျိုးသား ၈ယောက်ကို လိင်ပြောင်းလဲခွဲစိတ် ကုသဖို့အတွက် ကူညီထောင့်ပံ့ပေးခဲ့သလို အခုချိန်မှာ ၂၂ယောက်က လတ်တလောခွဲစိတ်ကုသဖို့အတွက် ကူညီစောင့်ရှောက်မှုများကို ရယူနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မစ္စစ် ကပ်စ်ထရိုက ကျူးဘားနိုင်ငံရဲ့ လိင်ပိုင်းဆိုင်ရာအသိပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့သူဖြစ်သလို လိင်တူချစ်သူများ အခွင့်အရေးကို လိုက်လံဆော်သြအသိပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့သူ အဖြစ်လည်း လူသိများတာဖြစ်ပါတယ်။ အခုလိုမျိုး လိင်ပြောင်းလဲခွဲစိတ်မှုကို တားမြစ်ထားတဲ့ အရင်ကဥပဒေပပျောက်သွားဖို့အတွက် သူမအနေနဲ့ အစိုးရကို ပြင်းပြင်းထန်ထန် စေ့စပ်ဆော်သြမှုတွေ ပြုလုပ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အခုလိုမျိုးပြောင်းလဲလာတာနဲ့ ပတ်သက်လို့ သူမက ဒီအဆင့်ကိုရောက်လာဖို့အတွက် တော်တော်လေးကို ညှိနှိုင်းမှုတွေ လုပ်ခဲ့ရပါတယ်။ တခါတလေကျလို့ရှိရင် လူမသိ သူမသိ တိတ်တိတ်ဆိတ်ဆိတ် ညှိနှိုင်းရတဲ့အချိန်တွေလည်း အများကြီးရှိခဲ့ပါတယ်လို့ အေပီသတင်းဌာနကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အာဏာရှင် ဖီဒယ် ကပ်စ်ထရိုကတော့ ဒီလိုလိင်ပိုင်းဆိုင်ရာ မတူကွဲပြားမှုအမျိုးမျိုးရှိနေတာဟာ ဖောက်ပြားတဲ့အရင်းရှင်စနစ်ရဲ့ အကျိုးဆက်တွေဖြစ်တယ်လို့ ရှုမြင်ပါတယ်။ ကျူးဘားနိုင်ငံမှာ လိင်တူချင်းဆက်ဆံတာကို တားမြစ်ထားတဲ့ဥပဒေကို ၁၉၇၉ခုနှစ်မှာ တရားဝင်ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

ကျူးဘားနိုင်ငံမှာ ယေဘုယျအားဖြင့်တော့ လိင်တူချင်းချစ်တဲ့သူတွေကို မကောင်းတဲ့သူတွေအနေနဲ့ ရှုမြင်ကြတာများပါတယ်။ ဒါပေမယ့် မြို့တော်ဟဗန(Havana)မှာတော့ လိင်တူချင်းချစ်တဲ့သူတွေကို ဖော်ရွေတဲ့အငွေ့အသက်တွေ ရရှိနိုင်တယ်လို့ တချို့ကဆိုပါတယ်။ အာဏာရှင် ဖီဒယ် ကာဆထိုအုပ်ချုပ်ခဲ့စဉ် ၁၉၅၉မှ ၂ဝဝ၇ခုနှစ်အတွင်း လိင်တူချင်းချစ်တဲ့အမျိုးသားတွေ အတော်များများ ကျူးဘားအကျဉ်းစခန်းတွေမှာ စစ်အာဏာရှင်ရဲ့ လိင်တူတွေကိုပြန်လည်ပညာပေးခြင်းဆိုတဲ့ ပေါ်လစီအောက်မှာ ဆင်းရဲဒုက္ခအမျိုးမျိုးခံခဲ့ကြရတယ်လို့ ဆိုပါတယ်။

၁၉၆၅ကနေ ၁၉၆၈ခုနှစ်အကြား လိင်တူချစ်သူအတော်များများကို စစ်တပ်ထဲသွတ်သွင်း အကျဉ်းချပြီး ထောက်ပို့ပစ္စည်းများ ထုတ်လုပ်တဲ့ဌာနမှာ အသုံးချခဲ့ကြတယ်လို့လည်း သိရပါတယ်။ အာဏာရှင် ကပ်စ်ထရိုက လူတွေကို အလုပ်ပြင်းပြင်းထန်ထန်ခိုင်းစေခြင်းဟာ သူတို့ရဲ့တော်လှန်ပုံကန်လိုတဲ့ စိတ်ဆန္ဒကို ပျက်ပြယ်သွားစေနိုင်တယ်လို့ ယုံကြည်လက်ခံထားတဲ့ သူတယောက်လည်းဖြစ်ပါတယ်။

Source: http://www.pinknews.co.uk

 

Comments
Add New Search
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More